Earn free bitcoin The Notorious B.I.G | ဗမာရက္ပ္

The Notorious B.I.G

[ Zawgyi Version ]

၁၉၇၂ ခုႏွစ္ ေမလ ၂၁ ရက္ေန႔မွာ ေမြးဖြားလာတဲ့ လူမည္းရက္ပ္ပါ ကေတာ့ The Notorious B.I.G ပဲျဖစ္ပါတယ္။ အမည္ရင္းကေတာ့ Christopher George Latore Wallace လို႔ ေခၚတြင္ၿပီး တျခားေသာ Nick name ေတြကေတာ့ Biggie ဒါမွဟုတ္ Biggie Small အစရွိသ၍ ျဖစ္ပါတယ္။ သူဟာ ယေန႔အခ်ိန္အထိ ေက်ာ္ၾကားၿပီး ၾသဇာလြမ္းမိုးမႈ ရွိေနဆဲပဲ ျဖစ္ပါတယ္။ 

၁၉၉၄ ခုႏွစ္မွာ Ready To Die ဆိုတဲ့ Debut Album တစ္ခ်ပ္နဲ႔ Brooklyn မွာ နာမည္စတင္ ရရွိလာခဲ့ပါတယ္ တခ်ိန္ထဲမွာပဲ East Coast Hip Hop ရဲ့ အလယ္ပင္မ တစ္ေယာက္အျဖစ္ရပ္တည္ၿပီး တိုးထြက္လာခ်ိန္မွာ တစ္ဘက္မွာလည္း West Coast Hip Hop ဟာ Mainstream မွာ ၾသဇာႀကီးမားေနတဲ့ ကာလျဖစ္ပါတယ္။ ထိုႏွစ္ေတြ အတြင္းမွာပဲ Biggie ဟာ ငယ္ေပါင္းေဘာဒါတစ္သိုက္နဲ႔ Junior M.A.F.I.A ေလးကို အခ်က္က်က် အသက္သြင္းၿပီး သူရဲ့ ဒုတိယ Album အတြက္ အသံသြင္းခဲ့ပါတယ္။ East Coast - West Coast Hip Hop တိုက္ပြဲေတြၾကားမွာ Biggie ဟာ ထဲထဲဝင္ဝင္ ပါ၀င္ခဲ့ပါေသးတယ္။


၁၉၉၇ ခုႏွစ္ မတ္လ ၉ ရက္ေန႔မွာေတာ့  Los Angeles မွာသြားလာေနရင္း မည္သူမည္ဝါမွန္း မသိရတဲ့ တစုံတစ္ေယာက္က ကားေမာင္းရင္း ေသနတ္ပစ္ခဲ့လို႔ ေနရာမွာပဲ ေသဆုံးခဲ့ပါတယ္။ သူရဲ့ Life After Death ဆိုတဲ့ Album ထြက္ရွိၿပီး ၁၆ရက္ အၾကာမွာ US မွာ No.1 ခ်ိတ္နိုင္တဲ့ အထိ ေရာင္းအားေကာင္းခဲ့ၿပီ ၂၀၀၀ ခုႏွစ္မွာေတာ့ Recording Industry Association of America မွ ခ်ီးျမႇင့္တဲ့ Diamond ရရွိခဲ့ပါတယ္။ သူဟာ ေသဆုံးသြားသည့္တိုင္ေအာင္ သူရဲ့ က်န္ရွိေနတဲ့ Album ေတြ ေရာင္းခ်မႈဟာ ၁၇ မီလီယံ အထိ ျမႇင့္တက္ခဲ့ပါတယ္။


သူအေၾကာင္း အေသးစိတ္ေျပာရမယ္ဆိုရင္ ဘ႐ုကလင္းက စိန္ေမရိီဆိုတဲ့ ေဆး႐ုံမွာ ၁၉၇၂ခုႏွစ္ ေမလ ၂၁ရက္ေန႔မွာ စတင္ေမြးဖြားခဲ့ပါတယ္။ တစ္ဦးထဲေသာ သားျဖစ္ၿပီး မိခင္ျဖစ္သူမွာ ဂ်ာေမကာ မူႀကိဳေက်ာင္းမွာ ဆရာမ တစ္ေယာက္ျဖစ္ၿပီး ဂ်ာေမကာ နိုင္ငံေရး လႈပ္ရွားမႈနဲ႔ ပတ္သက္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူအသက္ ႏွစ္ႏွစ္ အရြယ္မွာ ဖခင္ျဖစ္သူဟာ မိသားစုနဲ႔ လမ္းခြဲသြားပါတယ္။ မိခင္တစ္ဦးထဲသာ အလုပ္ႏွစ္ခု လုပ္ရင္း သားအမိ ႏွစ္ေယာက္ ဘဝကို ရွင္သန္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ Clinton Hill အပိုင္း အမွတ္ ၂၂၆ လမ္း ေပၚမွာ Biggie ဟာ ႀကီးျပင္းခဲ့ပါတယ္။ 


ေက်ာင္းေနတဲ့ အခ်ိန္မွာလည္း စာသင္ခန္းထဲကေန ႏွင္ထုတ္ရတဲ့ အထိ အဂၤလိပ္စာ ဆရာရဲ့ ဆုခ်ီးျမႇင္နဲ႔ အျမဲတေစ ၾကဳံေန႔ရသူလည္း ျဖစ္ပါတယ္။ အသက္ ၁၀ႏွစ္မွာ ခႏၵာကိုယ္ ၀ၿဖိဳးမႈကို အေၾကာင္းျပဳၿပီး နာမည္ေျပာင္ Big ကို ရရွိခဲ့ပါတယ္။ အသက္ ၁၂ အရြယ္ေလာက္မွာ Biggie ဟာ  ဘ႐ုကလင္း လမ္းေပၚမွာ ေဆးပစ္ရင္းနဲ႔ ဘဝကို စတင္ေနပါၿပီ။ Biggie အေမဟာ အလုပ္ကိစၥနဲ႔ အေဝးေရာက္ေလ့ရွိတာမို႔ Biggie အသက္ျပည့္တဲ့အထိ သူသား ေဆးပစ္တဲ့ အလုပ္နဲ႔ သက္ေမြးေၾကာင္း ျပဳေနတာ လုံးဝ မသိပါဘူး။ 


Bishop Loughlin Memorial High School ကေန George Westinghouse Career and Technical Education High School ကို သူသေဘာ ဆႏၵနဲ႔ ေျပာင္းေရႊ႕ခဲ့ပါတယ္ အဲ့မွာစေတြ႕တဲ့ လူေတြက တစ္ခ်ိန္မွာ နာမည္ႀကီး ရပ္ပ္ပါေတြ ျဖစ္လာမယ့္ DMX, Jay-Z ၿပီးေတာ့ Busta Rhyme တို႔ပဲ ျဖစ္ပါတယ္။

အပိုင္း ၂ ဆက္ရန္ က်န္ရွိ





[ Unicode Version ]


၁၉၇၂ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မွေးဖွားလာတဲ့ လူမည်းရက်ပ်ပါ ကတော့ The Notorious B.I.G ပဲဖြစ်ပါတယ်။ အမည်ရင်းကတော့ Christopher George Latore Wallace လို့ ခေါ်တွင်ပြီး တခြားသော Nick name တွေကတော့ Biggie ဒါမှဟုတ် Biggie Small အစရှိသ၍ ဖြစ်ပါတယ်။ သူဟာ ယနေ့အချိန်အထိ ကျော်ကြားပြီး သြဇာလွမ်းမိုးမှု ရှိနေဆဲပဲ ဖြစ်ပါတယ်။


၁၉၉၄ ခုနှစ်မှာ Ready To Die ဆိုတဲ့ Debut Album တစ်ချပ်နဲ့ Brooklyn မှာ နာမည်စတင် ရရှိလာခဲ့ပါတယ် တချိန်ထဲမှာပဲ East Coast Hip Hop ရဲ့ အလယ်ပင်မ တစ်ယောက်အဖြစ်ရပ်တည်ပြီး တိုးထွက်လာချိန်မှာ တစ်ဘက်မှာလည်း West Coast Hip Hop ဟာ Mainstream မှာ သြဇာကြီးမားနေတဲ့ ကာလဖြစ်ပါတယ်။ ထိုနှစ်တွေ အတွင်းမှာပဲ Biggie ဟာ ငယ်ပေါင်းဘောဒါတစ်သိုက်နဲ့ Junior M.A.F.I.A လေးကို အချက်ကျကျ အသက်သွင်းပြီး သူရဲ့ ဒုတိယ Album အတွက် အသံသွင်းခဲ့ပါတယ်။ East Coast - West Coast Hip Hop တိုက်ပွဲတွေကြားမှာ Biggie ဟာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါသေးတယ်။


၁၉၉၇ ခုနှစ် မတ်လ ၉ ရက်နေ့မှာတော့  Los Angeles မှာသွားလာနေရင်း မည်သူမည်ဝါမှန်း မသိရတဲ့ တစုံတစ်ယောက်က ကားမောင်းရင်း သေနတ်ပစ်ခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ သူရဲ့ Life After Death ဆိုတဲ့ Album ထွက်ရှိပြီး ၁၆ရက် အကြာမှာ US မှာ No.1 ချိတ်နိုင်တဲ့ အထိ ရောင်းအားကောင်းခဲ့ပြီ ၂၀၀၀ ခုနှစ်မှာတော့ Recording Industry Association of America မှ ချီးမြှင့်တဲ့ Diamond ရရှိခဲ့ပါတယ်။ သူဟာ သေဆုံးသွားသည့်တိုင်အောင် သူရဲ့ ကျန်ရှိနေတဲ့ Album တွေ ရောင်းချမှုဟာ ၁၇ မီလီယံ အထိ မြှင့်တက်ခဲ့ပါတယ်။


သူအကြောင်း အသေးစိတ်ပြောရမယ်ဆိုရင် ဘရုကလင်းက စိန်မေရိီဆိုတဲ့ ဆေးရုံမှာ ၁၉၇၂ခုနှစ် မေလ ၂၁ရက်နေ့မှာ စတင်မွေးဖွားခဲ့ပါတယ်။ တစ်ဦးထဲသော သားဖြစ်ပြီး မိခင်ဖြစ်သူမှာ ဂျာမေကာ မူကြိုကျောင်းမှာ ဆရာမ တစ်ယောက်ဖြစ်ပြီး ဂျာမေကာ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူအသက် နှစ်နှစ် အရွယ်မှာ ဖခင်ဖြစ်သူဟာ မိသားစုနဲ့ လမ်းခွဲသွားပါတယ်။ မိခင်တစ်ဦးထဲသာ အလုပ်နှစ်ခု လုပ်ရင်း သားအမိ နှစ်ယောက် ဘဝကို ရှင်သန်ဖို့ ကြိုးစားခဲ့ပါတယ်။ Clinton Hill အပိုင်း အမှတ် ၂၂၆ လမ်း ပေါ်မှာ Biggie ဟာ ကြီးပြင်းခဲ့ပါတယ်။


ကျောင်းနေတဲ့ အချိန်မှာလည်း စာသင်ခန်းထဲကနေ နှင်ထုတ်ရတဲ့ အထိ အင်္ဂလိပ်စာ ဆရာရဲ့ ဆုချီးမြှင်နဲ့ အမြဲတစေ ကြုံနေ့ရသူလည်း ဖြစ်ပါတယ်။ အသက် ၁ဝနှစ်မှာ ခန္ဒာကိုယ် ဝဖြိုးမှုကို အကြောင်းပြုပြီး နာမည်ပြောင် Big ကို ရရှိခဲ့ပါတယ်။ အသက် ၁၂ အရွယ်လောက်မှာ Biggie ဟာ  ဘရုကလင်း လမ်းပေါ်မှာ ဆေးပစ်ရင်းနဲ့ ဘဝကို စတင်နေပါပြီ။ Biggie အမေဟာ အလုပ်ကိစ္စနဲ့ အဝေးရောက်လေ့ရှိတာမို့ Biggie အသက်ပြည့်တဲ့အထိ သူသား ဆေးပစ်တဲ့ အလုပ်နဲ့ သက်မွေးကြောင်း ပြုနေတာ လုံးဝ မသိပါဘူး။


Bishop Loughlin Memorial High School ကနေ George Westinghouse Career and Technical Education High School ကို သူသဘော ဆန္ဒနဲ့ ပြောင်းရွှေ့ခဲ့ပါတယ် အဲ့မှာစတွေ့တဲ့ လူတွေက တစ်ချိန်မှာ နာမည်ကြီး ရပ်ပ်ပါတွေ ဖြစ်လာမယ့် DMX, Jay-Z ပြီးတော့ Busta Rhyme တို့ပဲ ဖြစ်ပါတယ်။

အပိုင်း ၂ ဆက်ရန် ကျန်ရှိ

0 comments:

Post a Comment