Lawrence Parker ဆိုတဲ့ လူငယ် သြဂုတ်လ ၂၀ ရက် ၁၉၆၅ ခုနှစ်မှာ New York ပြည်နယ်က The Bronx ဆိုတဲ့နေရာလေးမှာ စတင်မွေးဖွားခဲ့ပါတယ်။ တချို့က သူကို ခေါ်ဆိုကြတာ KRS-One ပါ တစ်ခါတစ်လေကျ Teacha လို့ မှတ်ယူကြပါတယ်။ ၁၉၈၀ အလယ်လောက်မှာ DJ Scott La Rock နဲ့ ပူပေါင်းပြီး Boogie Down Prodcution ကို လုပ်ဆောင်ခဲ့ပါတယ်။ Criminal Minded ဆိုတဲ့ အဖွဲ့အခွေလေး ထွက်ရှိပြီး ခြေငြိမ်သွားကြပြန်ပါတယ်။ DJ Scott La Rock သနတ်နဲ့ အပစ်ခံရပြီးနောက်ပိုင်း Krs-One တစ်ယောက်ထဲ ဆက်လှုပ်ရှားခဲ့ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ အဖွဲ့နာမည်နဲ့ အလုပ်တွေလုပ်ခဲ့ပြီး ကိုယ်ပိုင်နာမည်နဲ့ ၁၉၉၃ခုနှစ် စတင်ပြီး Record တွေလုပ်လာပါတယ်။ သူဟာ တစ်ဖက်မှာလည်း နိုင်ငံရေး လှုပ်ရှားတွေ အပြင်းအထန်လုပ်သူတစ်ဦးမို့ Stop The violence Movement ဆိုတဲ့ အခွေလေး တွဲလုပ်ခဲ့ပါတယ် အဲ့အခွေမှာ ပါဝင်သူ ၁၂ ရှိပြီး Public Enemy က ဆရာကြီးနှစ်ယောက်လည်း အပါအ၀င်ပါ။ ဒါတွေဟာ သူသူငယ်ချင်း Scott သေဆုံးပြီးနောက်ပိုင်း တစ်ဦးထဲ လှုပ်ရှားခဲ့တာတွေ ဖြစ်ပါတယ်။
(အပိုင်း - ၂ ဆက်ရန် ရှိ)
(Unicode)
KRS-One ဟာ ၁၆ နှစ်သားကတည်းက အိမ်က ထွက်လာခဲ့ပြီး South Bronx က အိမ်ခြေမဲ့တွေ နေရာမှာ နေထိုင်ပြီ အသက်မွေးမှုကတော့ MC လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်သက်ဝင် ကိုးကွယ်တာက ဟန္ဒူဘာသာထဲက ခရှစ်နာပဲ ဖြစ်ပါတယ်။
BDP နဲ့ ပတ်သက်တာ ခဏထားပြီး ဒီဘဲရဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေကို ဆက်ရအောင် ဗျာ။ သူရဲ့ Solo အခွေတွေကို Boogie Down Production အောက်မှာ ဖြန့်ချီခဲ့ပြီး သူဆုံးဖြတ်ချက် ချခဲ့ပါတယ် ကိုယ်ပိုင်စဖို့ သင့်ပြီလို့။ ၁၉၉၃ ခုနှစ်မှ သူကိုယ်ပိုင် Solo အခွေလေး ထွက်ခဲ့ပါတယ် Return Of The Boom Rap ပါ။ အခွေထဲမှာ အတီးသမားအနေတွေကတော့ DJ Premier, Kid Capri နဲ့ Showbiz တို့ပဲ ဖြစ်ကြပါတယ်။ သူရဲ့ ထုံးစံအတိုင်းပဲ အခွေထဲမှာ လူကြိုက်များခဲ့တဲ့ သူရဲ့ အကြိုက်ဆုံးအကြောင်းအရာတွေ ပါ၀င်တဲ့ Sound Of da Police ကလည်း အတော်အသင့် ပေါက်မြောက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှတော့ ဒုတိယ အခွေလေး ဖြန့်ချီခဲ့ပြီ သူအတွက် အားဖြည့်ဖော်တွေကတော့ Mad Lion, Busta Rhymes, Das EFX, Fat Joe နဲ့ နိုင်ငံလှုပ်ရှားသူ C. Delores Tucker လည်း ပါ၀င်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ Reggae Rock တွေ Ska Punk တွေ အားသန်တဲ့ Sublime အဖွဲ့က Bradley Nowell က KRS-One လို့ အမည်ပေးထားတဲ့ သူရဲ့ သီချင်းတစ်ပုဒ်မှာ Krs-One ရဲ့ အသံကို DJ Samplers နဲ့ တွဲပြီး အသုံးပြုခဲ့ပါသေးတယ်။
0 comments:
Post a Comment