Earn free bitcoin ဗမာရက်ပ်: Hip Hop Knowledge
Showing posts with label Hip Hop Knowledge. Show all posts
Showing posts with label Hip Hop Knowledge. Show all posts


ဒီဘက်ခေတ်မှာ Hip-Hop လို့ဆိုရင် Eminem, 2Pac, 50 Cent နဲ့ Nelly တို့လောက်ကိုပဲ ပြေးပြေး မြင်တတ်ကြပါတယ်။ Hip-Hop ကို ခေတ်ရေစီးကြောင်းထဲက ဂီတတစ်ခုဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ Run-D.M.C ကို သိတဲ့လူ နည်းကြပါတယ်။ (စိုင်းစိုင်းရဲ့ "မိန်းမ မိန်းမ" သီချင်းထဲမှာ " … Run DMC, Jam Master Jay, xxx ဒီမှာ နားထောင်ရင်း အိပ်ခန်းထဲမှာ စိတ်ကျဉ်းကျပ် … " ဆိုတာ သူတို့ပေါ့။) သူတို့ရဲ့ အနုပညာစွမ်းကြောင့် ကမ္ဘာကျော် Rolling Stone မဂ္ဂဇင်းက အကြီးကျယ်ဆုံး ဂီတ အနုပညာရှင် စာရင်းမှာ အမှတ် ၄၈ အဖြစ် ၂၀၀၄ မှာ စာရင်းသွင်းခံရပါတယ်။ အမေရိကန် တေးသံသွင်း လုပ်ငန်းရှင်များ အဖွဲ့ရဲ့ ရွှေနဲ့ ပလက်တီနမ် ဓာတ်ပြားဆုများ ချီးမြှင့်ခံရတဲ့ ပထမဆုံး Rap အဖွဲ့လဲ ဖြစ်ပါတယ်။




Run-D.M.C (Rev Run, Jam Master Jay and D.M.C)

နယူးယောက်ခ်မြို့ ကွင်းစ်မြို့နယ် ဟိုးလီစ် ရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ သူတို့ ၃ ယောက်ဟာ Sucker MCs ဆိုတဲ့ သီချင်းနဲ့ R&B Charts မှာ နံပါတ် ၁၅ ချိတ်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်မှာတော့ Raising Hell album ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ album မှာပါတဲ့ Walk This Way သီချင်းဟာ MTV မှာ ပထမဆုံး ထုတ်လွှင့်ခံရတဲ့ Rap သီချင်းဖြစ်ပေမဲ့ လူကြိုက်များတာကြောင့် မကြာခဏ ထုတ်လွှင့်ခံခဲ့ရပြီး အဲဒီအချိန်က နံမည်ကျဆင်းနေတဲ့ Rock ဂီတသမား Aerosmith ကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည် တွန်းတင်ပေးခဲ့ပါတယ်။
Run-D.M.C ရဲ့ ကျော်ကြားမှုကြောင့် Addidas က သူတို့ကို ဖိနပ်နဲ့ အခြား အသုံးအဆောင်တွေ ထောက်ပံ့ပေးပြီး ကြော်ငြာခိုင်းခဲ့တယ်။

၁၉၈၀ ပြည့်နှစ်လွန်များက Rap အဖွဲ့တွေရဲ့ ထုံးစံ စကားပြောဟန် ဖြစ်နေပေမဲ့ အားပါတဲ့ Rapping တွေ၊ Jam Master Jay ရဲ့ ခပ်ကြမ်းကြမ်း Scratch သံ၊ မခမ်းနားပဲ ရိုးရှင်းတဲ့ Beat တွေနဲ့အတူ တွေ့ရခဲတဲ့ တယောက် တလှည့်စီ ပြောင်းပြောင်းဆိုတဲ့ ပုံစံကို သူတို့သီချင်းတွေမှာ တွေ့ရပါတယ်။ (တယောက်တည်းပဲ ဆိုလေ့ရှိတဲ့ Rapper တွေနဲ့ ကွာတာက Run နဲ့ D.M.C ရဲ့တယောက်ကို တယောက် အပြန်အလှန် ပံ့ပိုးပေး၊ ထောက်ပေး၊ ကူအော်ပေးကြတဲ့ သီဆိုဟန်ပါပဲ။) သူတို့ရဲ့ ကာရန်ယူပုံတွေဟာ အနီးစပ်ဆုံးပြောရရင် စိုင်းစိုင်း (မိန်းမ၊ မိန်းမ၊ မချစ်သီချင်း) နဲ့ နည်းနည်း တူပါတယ်။ ကာရန်ကို ဘားတစ်ဘားရဲ့ နောက်ဆုံးနားမှာ (နဲ့ အလယ်မှာ) ဆောင့်ဆောင့်ချလေ့ရှိတဲ့ သူတို့သီချင်းတွေဟာ နားမယဉ်ခင်မှာတော့ နားထောင်ရတာ ပျင်းစရာကြီးပါပဲ။ ဒါပေမဲ့ နားထောင်ကျင့် ရသွားတဲ့အခါမှာတော့ အင်မတန်မှ မြူးကြွပြီး ကလို့ခုန်လို့ကောင်းပါတယ်။


Run D.M.C (D.M.C, Jam Master Jay, Rev Run)


သူတို့အကြောင်းအသေးစိတ်နဲ့ သူတို့ သီချင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် http://www.rundmc.com/ မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။





Rap အဆိုတော်တစ်ယောက်ဖြစ်သလို သန်းကြွယ်သူဋ္ဌေးတစ်ယောက်လည်း ဖြစ်တဲ့ Master P ရဲ့  အောင်မြင်မှု ရရှိစေဖို့အတွက် စည်းကမ်းချက် ၁၀ ချက် ကို ဖော်ပြပေးချင်ပါတယ်။

No Limit Records ကို နောက်ကွယ်ကနေ မောင်းနှင်နေသူဖြစ်ပြီး ၈၀/၂၀ ဖြန့်ချိရေးအကျိုးအမြတ် ခွဲဝေမှု သဘောတူညီချက်ကို ပထမဆုံး လတ်မှတ်ရေးထိုးခဲ့သူတွေထဲက တစ်ယောက်လည်းဖြစ်တဲ့ Master P ဟာ လက်ရှိမှာ ဒေါ်လာ ၃၅၀ သန်း အထိ ချမ်းသာကြွယ်ဝတယ်လို့ Forbes မဂ္ဂဇင်းရဲ့  ဖော်ပြချက်တွေအရ သိရပါတယ်။

သူ ဟာ Rapper ၊ သရုပ်ဆောင် ၊ လုပ်ငန်းရှင် ၊ စာရေးဆရာ ၊ ရုပ်ရှင်ထုတ်လုပ်ရေး ၊ ဂီတ ထုတ်လုပ်ရေး အားလုံးကို တစ်ယောက်တည်း လုပ်ဆောင်ခဲ့သလိုပဲ အရင်တုန်းကလည်း NBA ဘတ်စကတ် ဘော အားကစားသမား တစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့ဖူးပါတယ်။

Master P ပြောပြတဲ့ “အောင်မြင်မှု ရရှိစေဖို့အတွက် စည်းကမ်းချက် ၁၀ ချက်” ကတော့

၁။ Hustle - ရုန်းကန်လှုပ်ရှားပါ

၂။ Stand by your word - အပြောနဲ့အလုပ်နဲ့ညီပါစေ

၃။ Be Prepared - ကြိုတင်ပြင်ဆင်ပြီးဖြစ်ပါစေ

၎။ Be Independent - အမှီအခို ကင်းပါစေ

၅။ Network - ကွန်ယက်ဖြန့်ကျက် နေထိုင်ပါ

၆။ Create opportunities for yourself - ကိုယ့်ဘာသာကိုယ် အခွင့်အလမ်းတွေ ဖန်တီးယူပါ

၇။ Educate yourself - ကိုယ့်ဘာသာကိုယ် ပညာသင်ယူပါ

၈။ Take chances on yourself - ကိုယ်တိုင် အခွင့်အလမ်းတွေကို အသုံးချပါ

၉။ Make up for your losses - အရှုံးတွေကိုခံနိုင်ရည်ရှိပါစေ

၁၀။ Make History - သမိုင်းကြောင်းကောင်းအောင်ကြိုးစားပါ

Ref : HipHopDx


စကားနောက်တရားပါ ဆိုသလိုပဲ Rap စာသားတွေနဲ့ အင်တာဗျူးကဲ့သို့သော ထုတ်ဖော်ပြောဆိုမှုတွေထဲမှာ ကိုယ့်သေနေ့ကို ခန့်မှန်းပြောဆိုပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ရတဲ့ ဂန္တ၀င် Rapper ကြီးတွေရဲ့  သေဆုံးမှုတွေအကြောင်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်။



Tupac Shakur


 “I been shot and murdered, can tell you how it happened word for word /
But best believe niggas gon’ get what they deserve” ဆိုတဲ့ စာသားတွေကို Richie Rich နဲ့အတူ သီဆိုထားတဲ့ “Niggas Done Changed” သီချင်းထဲမှာ Tupac က ရေးသား သီဆိုခဲ့ပါတယ်။
အဲဒီသီချင်းဟာ ၁၉၉၆ ခုနှစ် လတ်စ်ဗီးဂတ်စ်မြို့မှာ ဖြစ်ပွားခဲ့ပြီး Tupac Shakur ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကားမောင်းရင်းပစ်ခတ်မှု(Drive-By Shooting) မဖြစ်ပွားခင် ၂ လ ခန့်တုန်းက ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ထို လုပ်ကြံသတ်ဖြတ်မှုရဲ့  တရားခံကိုတော့ အခုချိန်အထိ သိရှိခြင်း မရှိသေးပါဘူး။
“The Don Killuminati: The 7 Day Theory” ဆိုတဲ့ နောက်ဆုံး အယ်လ်ဘမ်ကို ထုတ်လုပ် ခဲ့စဉ် ကလည်း Tupac Shakur ဟာ “Makaveli” ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲ သီဆိုခဲ့တာ တွေ့ရပါတယ်။ “Makaveli” ဆိုတာဟာ လူတွေရဲ့  သေနေ့ကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ နာမည်ကျော် အီတလီ အတွေးအခေါ်ပညာ ရှင် ကို အားကျပြီး မှည့်ခေါ်ခဲ့တဲ့ နာမည်ဖြစ်တယ်လို့လည်း ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။

PBS သတင်းဌာန နဲ့ အင်တာဗျူးတစ်ခုမှာလည်း West Coast MC ကြီး Tupac က နောက်နှစ်အနည်းငယ်အတွင်း ဘယ်ကိုရောက်နေမယ်ထင်လဲ ဆိုတဲ့ မေးခွန်းကို “အကောင်းဆုံးကတော့ သုသာန်တစ်ခုမှာ ရှိနေတာပါ။ အဲ့လိုမဟုတ်ပဲ ဘော်ဒါတွေ သောက်လိုက်လို့ ဖြစ်လာတဲ့ ပြာမှုန်တွေထဲရောက်နေတာကတော့ အဆိုးဆုံးအခြေအနေပါ” လို့ ပြန်ဖြေခဲ့ဖူးပါတယ်။

Big L


“I watched all of them, run for they share / And all I can do was stare / I got weak and fell on my rear / Now I can hear the sirens, that means here comes the Jakes / But it’s too late, I’m knockin’ on the pearly gates,” ဆိုတဲ့ စာသားတွေကို “Casualties of a Dice Game” ဆိုတဲ့ သီချင်းထဲမှာ Big L က ရေးသားသီဆိုခဲ့ပါတယ်။ ‘The Big Picture’ ဆိုတဲ့ အခွေထဲမှာ ပါဝင်ခဲ့တဲ့ Big L ရဲ့  “Casualties of a Dice Game” ဆိုတဲ့ သီချင်း ဟာ သူ့ရဲ့  သေဆုံးမှုကို အတိအကျ ထင်ဟပ်စေခဲ့ပါတယ်။
Big L ရဲ့  လုပ်ကြံသတ်ဖြတ် ခံရမှုဟာ ပဋိပက္ခ နဲ့ သက်ဆိုင်နေတယ်လို့လည်း ဆိုကြပါတယ်။ နယူးယော့ခ် ရဲတပ်ဖွဲ့ ရဲ့  တင်ပြချက်တွေအရတော့ ထောင်ကျနေတဲ့ သူ့ရဲ့  ညီအစ်ကို ၂ ယောက် လုပ်ခဲ့တဲ့ ပြဿနာတစ်ခုရဲ့  အကျိုးဆက် တုံ့ပြန်မှုအဖြစ် သေနတ်နဲ့ ပစ်သတ် လုပ်ကြံခံခဲ့ရတယ်လို့ သိရပါတယ်။
၁၉၉၉ ခုနှစ်မှာ ကားမောင်းရင်းပစ်ခတ်မှု(Drive-By Shooting) တစ်ခုနဲ့ အတူ Big L သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Credit >>> BomBox Of Burma



စားသောက်ကုန်လုပ်ငန်း နယ်ပယ်ဟာ ရက်ပ်ပါတွေကြားမှာ ရေပန်းစားတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်လာခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာဆိုရင် Hip Hop ကြယ်ပွင့်တွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို စတိုးဆိုင်များအဖြစ် ရင်းနှီးမြှုပ်နှံကြပေမယ့် ယနေ့ခေတ်မှာတော့ ရက်ပ်ပါတိုင်း စိတ်ဝင်စားတာက စားသောက်ဆိုင် ဖွင့်ဖို့ပါပဲ။အထူးသဖြင့် Rap အဆိုတော် တစ်ယောက် ဖြစ်တဲ့ Rick Ross ဟာ Wingstop အမှတ်တံဆိပ် ကြက်ကြော်လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းမှာ ကိုယ်စားလှယ် ဆိုင်ခွဲ တွေဖွင့်လှစ်ခဲ့တာ ၉ ဆိုင်တိတိ ရှိသွားပါပြီ။

ဒါပေမယ့်လည်း ရက်ပ်ပါတိုင်းတော့ စားသောက်ဆိုင်လုပ်ငန်းမှာ မအောင်မြင်ကြပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Ludacris ဟာ Straits ဆိုတဲ့ စားသောက်ဆိုင်တစ် ဆိုင်ကို ဖွင့်ခဲ့ပေမယ့် မအောင်မြင်တဲ့အတွက် ဆိုင် ပြန်ပိတ်လိုက်ရပါတယ်။ Doug E. Fresh ဟာလည်း ဟာလန်းမြို့နယ်မှာ ကာရီဘီယန်နဲ့ ဆိုးလ် အစားအစာ ဆိုင်ကို ဖွင့်ခဲ့ပေမယ့် ပြန်ပိတ်ခဲ့ရဖူးပါတယ်။ Diddy လည်း နယူးယော့ခ် နဲ့ အတ္တလန်တာ မြို့တွေမှာ ဆိုင်တွေဖွင့်ပြီး အရှုံးပေါ်ခဲ့ရပါတယ်။

အဲဒီလို စားသောက်ဆိုင်ဖွင့်ဖူးတဲ့ ရက်ပ်ပါတွေထဲမှာမှ Rick Ross လိုကိုယ်စားလှယ်မျိုးမဟုတ်ပဲ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်လှစ်ပြီး အောင်မြင်မှုရရှိနေဆဲ ရက်ပ်ပါ ၅ ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေကတော့ -

၁။ 2 Chainz


အတ္တလန်တာမြို့မှာ Escobar ဆိုတဲ့ စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ထားပါတယ်။

၂။ T.I


အတ္တလန်တာမြို့မှာ Scales 925 ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

၃။ Drake


တိုရွန်တိုမြို့မှာ Fring's ဆိုတဲ့ စားသောက်ဆိုင် ကို ဖွင့်လှစ်ထားပါတယ်။

၎။ Jay-Z


နယူးယော့ခ်မြို့မှာ 40/40 Club ဆိုတဲ့ ဘားတစ်ခုကို ဖွင့်လှစ်ထားပြီး အတ္တလန်တာမြို့မှာ The Spotted Pig ဆိုတဲ့ စားသောက်ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

၅။ DJ Khaled


မိုင်ယာမီ မြို့မှာ Miami Finga Licking ဆိုတဲ့ စားသောက်ဆိုင် ကို ဖွင့်လှစ်ထားပါတယ်။

Credit >>> Zwe Thet Paing 





ကိုယ့်လက်တွဲဖော်ကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာကို အများစုက #RelationshipGoals ဆိုတဲ့ Hashtag ၊ ဒါမှမဟုတ်လည်း အသည်းပုံ emoji လေးတွေနဲ့ အသည်းပုံ Reaction တွေပေးတာလို့ပဲ သိထားကြပါတယ်။


ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာ ကိုယ့်လက်တွဲဖော်ကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ကိုတော့ တွေ့ရှိရတာနည်းပါတယ်။ ဒါပေမယ့် နာမည်ကြီး Rapper တွေအတွက် ရွေးချယ်စရာ မရှိတဲ့ အခြေအနေတစ်ရပ်ကို ရောက်သွားတဲ့အခါမှာတော့ သူတို့ဟာ ရှေ့ထွက်ကာ မားမားမတ်မတ် ရပ်တည်ပြီး သူတို့ရဲ့  ဇနီးသည် တွေကို ကာကွယ်စောင့်ရှောက်ခဲ့မှုတွေ ရှိခဲ့ပါတယ်။ အဲဒီ Rapper ဇနီးမောင်နှံတွေကတော့ -

၁။ Kanye West နဲ့ Kim Kardashian



Kanye နဲ့ Kim တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးခဲ့တဲ့ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ဥပမာပြောရရင်တော့ ပြီးခဲ့တဲ့ နှစ် 2015 BET ဆုပေးပွဲမှာ Kanye West က သူ့ဇနီးသည် Kim Kardashian ဟာ ပိုက်ဆံမက်တဲ့ မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို စင်မြင့်ပေါ်ကနေ ပြောပြခဲ့ဖူးပါတယ်။ Ray J နဲ့ ပတ်သက်ပြီး ပုတ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တုန်းကလည်း Kanye West ဟာ Kim Kardashian ဘက်ကနေ ကာကွယ်ပြီး အမျိုးသားအသံလွှင့်ဌာနတစ်ခုရဲ့  တင်ဆက်မှု အစီအစဉ်မှာ ပြောကြားသွားခဲ့ဖူးပါတယ်။

၂။ Will Smith နဲ့ Jada Pinkett Smith



ဒီနှစ်အစောပိုင်းမှာတုန်းက Will Smith ရဲ့  ဇနီးဖြစ်တဲ့ Jada Pinkett Smith ဟာ အော်စကာဆုပေးပွဲသမိုင်းတစ်လျှောက်မှာ အသားအရောင် ကွဲပြားမှုကြောင့် မင်းသား မင်းသမီး အချို့ လစ်လျူရှုခံနေရခြင်းကို ထောက်ပြ ဝေဖန်ခဲ့ပြီး ၂၀၁၆ ခုနှစ်အော်စကာဆုပေးပွဲကို မတက်ရောက်နိုင်ဘူးလို့ ထုတ်ဖော်ကြေညာခဲ့ဖူးပါတယ်။ Will Smith ဟာ အစပိုင်းမှာတော့ သူ့ဇနီးသည်ရဲ့  ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ပေမယ့်လည်း Good Morning America အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းတဲ့အခါမှာတော့ Will ဟာ သူ့ဇနီးသည်ရဲ့  ဆုံးဖြတ်ချက်ကို ထောက်ခံ ကာကွယ်ပေးခဲ့ပြီး သူ့ဇနီးသည် ဆုံးဖြတ်ချက်အတိုင်းပဲ သူလည်း အော်စကာဆုပေးပွဲကို မတက်ရောက်ဘူးလို့ ဖြေကြားခဲ့ဖူးပါတယ်။

၃။ Jay Z နဲ့ Beyoncé



ကမ္ဘာပေါ်မှာ ၀င်ငွေအကောင်းဆုံး အနုပညာရှင် စုံတွဲဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကာကွယ် ရပ်တည်ပေးခဲ့ကြတာ အားလုံးသိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း Jay Z နဲ့ Beyonce တို့ နှစ်ယောက် ကားပေါ်တက်ခါနီးမှာ Beyonce နဲ့တွဲပြီး ဆယ်လ်ဖီ ဓါတ်ပုံလာရိုက်ဖို့ကြိုးစားတဲ့ အမျိုးသား ပရိသတ် တစ်ယောက်ကို Jay Z က ဘေးကိုတွန်းဖယ်ခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ကြောင့်ပဲ သူတို့ နှစ်ယောက်နောက်ကို သတင်းလိုက်ယူနေတဲ့ ပါပါရာဇီ တွေကို Beyonce နဲ့ ပတ်သက်ပြီး လေးစားမှု ရှိဖို့ သတိပေးလိုက်သလို ဖြစ်စေခဲ့ဖူးပါတယ်။

၎။ Swizz Beatz နဲ့ Alicia Keys




၂၀၀၈ ခုနှစ်ကတည်းက စတင် လက်တွဲခဲ့ကြတဲ့ သူတို့ စုံတွဲဟာ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမ ကာကွယ်ခဲ့ကြတာ Rapper တိုင်းသိပါတယ်။ နောက်ဆုံး ကာကွယ်ပေးခဲ့တဲ့ လုပ်ရပ်တစ်ခုကို ပြောရရင်တော့ Swizz ဟာ သူ့ဇနီးသည်ရဲ့  ၂၀၁၆ခုနှစ် MTV ဆုပေးပွဲအခမ်းအနားကို မိတ်ကပ်မလိမ်းထားတဲ့ သဘာဝ အပြင်အဆင်နဲ့ တက်ရောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို Instagram မှာ ထောက်ခံ ပြီး ကာကွယ်ပေးခဲ့ဖူးပါတယ်။

၅။ Ice-T နဲ့ CoCo




Ice-T ဟာ သူ့ဇနီးသည် CoCo ဘက်က ကာကွယ်ပေးမှုနဲ့ မစိမ်းပါဘူး။ သူတို့ ၂ ယောက်ဟာ ဆယ်စုနှစ်တစ်ခုကျော် လက်တွဲခဲ့ကြပြီး သူတို့ နှစ်ယောက်ရဲ့  အိမ်ထောင်သက်တစ်လျှောက်လုံးမှာ CoCo ဟာ ထုံးစံ အတိုင်းပဲ Eye Candy ဆန်တဲ့ ဓါတ်ပုံများစွာကို ရိုက်ကူးခဲ့ပါတယ်။ တစ်ဖြည်းဖြည်း သူမရဲ့  ဓါတ်ပုံတွေဟာ အဖော်အချွတ်ပြသမှု များပြားလာတာကြောင့် ဝေဖန်မှုတွေများစွာ ထွက်ပေါ်လာခဲ့ချိန်မှာတော့ Ice-T ဟာ သူ့ဇနီးသည် ဘက်က ရပ်တည် ကာကွယ်ခဲ့တဲ့အပြင် သူ့ဇနီးသည်ဟာ စံပြမော်ဒယ်လ်ကောင်းတစ်ယောက် ဖြစ်တယ်လို့ ခိုင်းနှိုင်းချီးကျူးပြခဲ့ဖူးပါတယ်။

၆။ T.I နဲ့ Tiny



Instagram ဆိုတဲ့ လူမှုမီဒီယာ အက်ပလီကေးရှင်း ရဲ့  လူသုံးများလာမှု မတိုင်ခင်တုန်းက T.I ဟာ Instagram မှာ သူတို့ မိသားစု ရဲ့  ဓါတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဲဒီအခါမှာ ဝေဖန်သူတွေက T.I ရဲ့  ဇနီးသည် Tiny ကို အရင်လောက် လှပမှုမရှိတော့ဘူးဆိုတဲ့ ဝေဖန်မှု ကွန်မန့်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေအတွက် T.I က ပရိသတ်အချို့ကို "သောက်သုံးမကျတဲ့ လူမည်းစာမျက်နှာတစ်ခုကို သွားကြည့်လိုက် ပါ။ မင်းတို့ဟာ ငါတို့ရဲ့  ခမ်းနားထည်ဝါမှုတွေနဲ့ မထိုက်တန်ဘူး။ ငါ့ကို (သို့) ငါ့မိသားစုဝင်တစ်ယောက်ကို မလေးမစား ထပ်လုပ်မယ်ဆိုရင်တော့ မင်းတို့နဲ့ ငါနဲ့ တွေ့ရလိမ့်မယ်။ ငါ့ကို ဒေါသထွက်အောင် မလုပ်ကြစမ်းပါနဲ့" ဆိုတဲ့ စာသားတွေကို ပြန်လည်ရေးသားပြီး T.I က ဇနီးသည်ဘက်ကနေ ကာကွယ် ရပ်တည်ပေးခဲ့ဖူးပါတယ်။

Credit >>> boombox of burma


Eminem’s Tattoos
Eminem အရေပြားပေါ်က တတ်တူးတွေရဲ့ အဓိပ္ပါယ်


(1) Rot in Pieces

ဒီ တက်တူးကတော သူ့ ရဲ့ ဇနီးဟောင်း Kim ရည်ညွှန်းဟန်ရှိပါတယ်။ Rot in Pieces ဆိုတဲ့ စာသားရဲ့ အပေါ်မှာ အုတ်ဂူတစ်လုံးရဲ့ ပုံကိုပါ ရေးဆွဲထားပါတယ်။ Kimနဲ ပတ်သက်ပြီး Eminem ခံစားခဲ့ ရတဲ့ စိတ်ဝေဒနာ တွေကို ဖော်ညွှန်းဟန်ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။






(2) D and 12

Eminem ရဲ ညာဖက်လက်မောင်းရှေ့မှာတော့D ဆိုတဲ့ စာလုံးကို တက်တူးထိုးထားပြီး
ဘယ်ဖက်မှာတော 12 ဆိုတဲ့ စာလုံးကို တွေ့ ရပါတယ်။ D ဆိုတဲ့ စာလုံးက သူ့ ဇာတိမြို့
“ Detroit” ကိုပြောတာဖြစ်ပြီး D&12 ဆိုတာကတော့ သူသီချင်းတွဲဆိုဖူးတဲ့ ဘီးကျဲ တအုပ်ကို ပြောတာပါ။


** You Like This ** >>> Eminem ဟုခေါ်သည်




(3) Hailie Jade

Eminem ရဲ ညာဖက်လက်နောက်ပိုင်းမှာတော Hailie Jade ဆိုတဲ့ တက်တူးစာတန်းထိုးထားပါတယ်။
၁၉၉၅ ဒီဇင်ဘာ ၂၅ ရက်နေ့ မှာ မွေးဖွားခဲ့ တယ် သူ့ ရဲ့ ချစ်သမီးလေးကို
ချစ်မြတ်နိုးမှုအထိန်းအမှတ်အနေနဲ့ ရေးထိုးထားခြင်း ဖြစ်ပါတယ်။





(4) Hailie Jade and Bonnie & Clycle

Eminem ရဲ့ ညာဖက်လက်မောင်းအပေါ်ပိုင်းမှာတော့ နှင်းဆီပန်းတွေ ဝန်းရံထားတဲ့ သူ့ ရဲ့ ချစ်သမီးလေးရဲ့ ရုပ်ပုံလွှာကို
တက်တူးထိုးထားပါတယ်။ ပုံရဲ့ အောက်မှာ The Slim Shady LP album ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ
သူ့ သမီးလေးကို ရည်ညွှန်းထားတဲ့ Bonnie & Clycle ဆိုတဲ့ သီချင်းနာမည်ကို တက်တူးထိုးထားပါတယ်။
Eminem က သူ့ ရဲ့ ကိုယ်ပေါ်မှာ တက်တူးပေါင်း ၁၀ ခုကျော်လောက် ရေးထိုးထားတယ်လို့ သိရပါတယ်။ 



Eminem ဆိုတာ Hip Hop King တွေထဲက တစ်ယောက်၊ ဆရာတစ်ဆူ။ သူ့ သီချင်းတစ်ပုဒ်ကို ကြားလိုက်တာနဲ့ သူမှန်း တန်းသိလောက်အောင် ကိုယ်ပိုင် Flow၊ ကိုယ်ပိုင် အသံရှိတဲ့သူ။ ဘဝအတွက် အားမာန်ပါတဲ့ သီချင်းတွေ အပြင် အချစ်သီချင်းတွေ ရေးရင်လည်း ရင်ထဲထိ ရောက်အောင် ရေးနိုင်တဲ့သူ။ တခြား Rapper တွေလို Bling Bling တွေ အလွန်အကျွံဆွဲ၊ Fashion အသားပေး ရှိုးများနေတာမျိုး မတွေ့ရဘဲ သူ့ကို Hoodie နဲ့ Jacket နဲ့ Tee လောက်နဲ့သာ တွေ့ရတာ များပြီး သီချင်းဆိုရင်တော့ အားနဲ့ မာန်နဲ့ အပီဖြုတ်တဲ့သူ ။ Recording မှာတင် မကဘဲ Freestyle Rapping တွေမှာလည်း ဂျွတ်တဲ့သူ။
ဒီလို ဘဲလေး (အခုတော့ အသက် ၄၄ နှစ်ရှိပြီဖြစ်လို့ ဘဲကြီးပေါ့ဗျာ) ဟာ ရွှေဇွန်းကိုက်ပြီး မွေးလာခဲ့တာတော့ မဟုတ်ဘဲ ဘဝမှာ အတိုက်အခိုက်တွေ အများကြီးထဲကမှ ထိုးထွက်လာရတာ။ အမည်ရင်း Marshall Bruce Mathers III  လို့လည်း ခေါ်တဲ့ ဒီဘဲဟာ အမေရိကန်နိုင်ငံ Detroit နယ်သားလည်း ဖြစ်ပြီး အမေရိကန်မှာတော့ ၂၀၀၀ ပြည့်နှစ်ရဲ့ အခွေရောင်းအားအကောင်းဆုံး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူဒီလိုအောင်မြင်လာတာဟာ သူ့ရဲ့ ပါရမီလို့ပြောရမယ့် Rap Skill ကြောင့်လည်း ဖြစ်သလို Dr.Dre လို သူငယ်ချင်းကောင်း၊ ဆရာသမားကောင်းတွေနဲ့လည်း တွေ့ရတာကြောင့်လည်း ပါပါတယ်။


သူ့ရဲဘော်ရဲဘက်ကြီး Dr.Dre ကတော့ အမေရိကန် Rapper တစ်ယောက်လည်း ဖြစ်၊ Record Producer တစ်ယောက်လည်းဖြစ်၊ စွန့်ဦးတီထွင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Dr.Dre လို့ ပြောတာနဲ့ Hip Hop လောကမှာ Respect ပေးကို ပေးရမယ့်သူဖြစ်ပြီး Aftermath Entertainment တည်ထောင်သူနဲ့ လက်ရှိ CEO လည်းဖြစ်ပါသေးတယ်။  နာမည်ရင်း Andre Romelle Young လို့လည်း ခေါ်တဲ့ ဒီဆရာသမားဟာ 2 Pac ၊ The D.O.C ၊ Snoop Dogg ၊ Eminem ၊ 50 Cent ၊ The Game နဲ့ Kendrick Lamar တို့လို နာမည်ကြီး Rapper တွေရဲ့ Album အများအပြားကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။  ဒါတင်မကဘဲ ခေတ်စားနေတဲ့ Beats by Dr.Dre နားကြပ်တွေရဲ့ အမှတ်တံဆိပ်ပိုင်ရှင်လည်း ဖြစ်ပါသေးတယ်။
ဆရာကြီး Dr.Dre နဲ့ Rap God Eminem တို့ ဘယ်လိုတွေ့ဆုံကြတယ်၊ Dr.Dre က Eminem ကို ဘယ်လိုတွေ့ရှိမြေတောင်မြှောက်ပေးခဲ့တယ်ဆိုတာ ပါးစပ်ပြောရာဇဝင်တွေ အများကြီးရှိပေမယ့် အခုအခါမှာတော့ HBO Documentary series : The Defiant Ones မှာ သူတို့ ဘယ်လို ပေါင်းစပ်စုစည်းခဲ့တယ်ဆိုတဲ့ Original Footage Video လေး ထွက်ပေါ်လာခဲ့ပါတယ်။
ဒီ Video မှာ  Interscope Record ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Jimmy Iovine က Eminem ရဲ့ Slim Shady EP ကို Dr.Dreကို ဖွင့်ပြလိုက်တဲ့ အခါမှာတင် “အဲ့ဒါ ဘယ်သူလဲ၊ ပြန်ရစ်ပြီး ပြန်ဖွင့်စမ်းကွာ” လို့ Dr.Dre က ပြောခဲ့ရပါတယ်တဲ့။ ဒါနဲ့ပဲ အလုပ်စလုပ်ဖို့ တွေ့ကြတယ်ပေါ့။


Eminem ဘက်ကလည်း Dre လို လူမျိုးကို တွေ့တွေ့ချင်း ရှိန်နေသလို ဖြစ်တဲ့အတွက် Dr Dre က Eminem ဟာ သူ့ရဲ့ သီချင်းတွေကို မကြိုက်ဘူးလားလို့တောင် ထင်မိပါတယ်တဲ့။  တကယ်တော့ Eminem က စိတ်လှုပ်ရှားနေတာဖြစ်ပြီး နောက်ပိုင်းကျမှ Dre ကို “ငါငယ်ငယ်တည်းက မင်း NWA နဲ့ရှိကတည်းက မင်းရဲ့ ပရိသတ်ဖြစ်ခဲ့တာပါ”လို့ ပြောပြခဲ့ပါတယ်။
Dre ဟာ သူ့ရဲ့ အိမ်မှာ ရှိတဲ့ Home Studio ဆီ Eminem ကို ခေါ်သွားပြီး သူ့ရဲ့ Beat အပိုင်းအစတွေဖွင့်ပြလိုက်ပြီး ၂စက္ကန့်၊ ၃စက္ကန့် မှာတင် Eminem ရဲ့ “Hi! My name is .. my name is” ဆိုတဲ့ Rap ရွတ်သံထွက်ပေါ်လာပြီး သူတို့ရဲ့ သမိုင်းကို စတင်ဖွင့်လှစ်ခဲ့တော့တာပါပဲ။
Dr.Dre ရဲ့ အပြောအရ သူ့ရဲ့ ဂီတသက်တမ်းတလျှောက် Demo Tape ဒါမှမဟုတ် CD တစ်ခွေဆီကနေ ဘာမှ ရှာဖွေတွေ့ရှိခဲ့တာ မရှိဘဲ Jimmy ဖွင့်ပြခဲ့တဲ့ Eminem ရဲ့ Slim Shady EP ကိုနားထောင်ပြီးပြီးချင်းမှာတော့ သူ့ကို ရှာဖွေပြီး ဆက်သွယ်ဖို့ ပြောခဲ့တော့တာပါပဲ။ ဒီလို လူဖြူ Rapper တစ်ယောက်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့အပေါ် သူ့အပေါ်ဝေဖန်မှုတွေ ရှိပေမယ့်လည်း Dre ကတော့ သူ့ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုအပြည့်ရှိခဲ့သူပါ။
Dr.Dre က သူတို့ရဲ့ ပထမဆုံး Recording အတွေ့အကြုံကို “အရမ်းမျက်လှည့်ဆန်တဲ့အရာ” လို့ ပြောပြပြီး “သူမမှားခဲ့ပါဘူး” လို့ ဆက်ပြောခဲ့ပါတယ်။ Eminem ရဲ့ လွှမ်းမိုးမှုဟာလည်း ဘယ်လောက်တောင် ကြီးမားသလဲဆိုရင် Eminem မတိုင်ခင်ကလည်း လူဖြူ Rapper တွေဟာ ဒီ ဂီတလောကထဲကို ဝင်ဖို့ ကြိုးစားဖူးပြီး သူတို့ကို လူဖြူ Rapper တွေလို့သာ သတ်မှတ်ခဲ့ကြပြီး Eminem ဝင်လာပြီးနောက်ပိုင်းမှသာ လူဖြူ Rapper တွေကို “နောက်ထပ် Eminem တစ်ယောက်ဖြစ်လာမလား”လေရယ်လို့ အာရုံစူးစိုက်ခြင်းခံလာရပါတယ်။


ဒါတင်မကသေးဘဲ Dr.Dre နဲ့ Jimmy Lovine တို့အကြောင်းရိုက်ကူးခဲ့တဲ့ HBO documentary တို့ရဲ့ ဒါရိုက်တာ Allen Hughes ရဲ့ စကားအရဆိုရင် Eminem ရဲ့ နဝမမြောက် Album ဟာ သိပ်မကြာခင်မှာ ထွက်ရှိလာဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာ Dre ဟာ Eminem ရဲ့ Album အသစ်ထဲက သီချင်းသစ်တစ်ပုဒ်ကို ဖန်တီးပေးနေလို့ပါပဲ။
Dre ရဲ့ ဖန်တီးမှုပုံစံနဲ့ ပက်သက်ပြီး Hughes က “ ပြောရရင်တော့ Dre က သီချင်းတွေကို နေ့တိုင်း အသံဖမ်းနေခဲ့တာဗျ၊ ပီကာဆိုလို အလုပ်လုပ်နေခဲ့တာ၊ ပီကာဆိုဟာ နေ့တိုင်း ပန်းချီထိုင်ဆွဲနေခဲ့သလိုပဲ၊ သူကလည်း နေ့တိုင်း သီချင်းတွေ ဖန်တီးနေခဲ့တာ၊ Eminem ရဲ့ နောက်ဆုံးထွက်မယ့် အခွေထဲက သီချင်းအပါအဝင်ပေါ့၊ ခုထိ ဂီတလောကထဲမှာ သူက သက်ဝင်လှုပ်ရှားလို့ ကောင်းတုန်းပဲ” လို့ ပြောခဲ့ပါတယ်။
သူ့ရဲ့ ဒီလို ပြောကြားချက်အရဆိုရင် Eminem ရဲ့ နဝမမြောက် Album ဟာ ထွက်ခါနီးအနေအထားရောက်နေပြီဖြစ်ပြီး Rapper တစ်ယောက်ဖြစ်တဲ့ 2Chainz ဟာလည်း သူဟာ Eminem နဲ့ သီချင်းအသစ်တစ်ပုဒ်လုပ်နေခဲ့ပြီး မကြာခင်ထွက်လာမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Eminem ရဲ့ နောက်ဆုံး Album ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Marshall Mathers LP 2” ဖြစ်ပြီး ချပ်ရေ ၄ သန်းကျော် ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။


Credit - ရိုးလူ (အခရာ)