Earn free bitcoin Bigg-Y ခေါ် ကိုရဲကြီး | ဗမာရက်ပ်

Bigg-Y ခေါ် ကိုရဲကြီး


Bigg-Y ကို မသိတဲ့ သူတွေများပါတယ်.. မသိတာဘာမှ မဖြစ်ပါဘူး.. သိစရာလဲ မလိုပါဘူး.. Bigg-Y ဆိုတာ နာမည်ကြီး နိုင်ငံ ကျော် အဆိုတော်မှ မဟုတ်တာ..
အခုဒီစာရေးဖြစ်တဲ့ အကြောင်းအရင်းစတာကတော့ ဒီလိုပါ.. Bigg-Y ဆိုပြီးလူတော်တော် များများက အဆိုတော်တစ်ယောက် အနေနဲ့ အသိနည်းပေမယ့် Ye Lynn Aung ဆိုရင်တော့ တော်တော်များများက facebook က တုတ်ကြီးဆိုပြီး မလွဲဧကန် သိကြမှာပေါ့.. သူကလဲ အဲ့လိုပြောစမှတ်တွင်အောင် ကို facebook မှာ status ၂ သန်းနဲ့ ဟိုလူနဲ့ ရန်ဖြစ် ဒီလူ့ ကို ဝေဖန်တာတွေ များတော့.. အဲ့နာမည်နဲ့တော့ အတော် နာမည်ကြီးတယ်ပြောရမယ်။ ဒါကလဲ သူ့ ပညာရပ်လို့ ပဲ သတ်မှတ်ရတော့မှာပါပဲ...ဒါက အကြောင်းအရင်းမဟုတ်ပါဘူး..
Bigg-Y aka Ye Lynn Aung အကြောင်း မိတ်ဆက်ပြီးပြီးဆိုတော့ ရှင်ထွေးအိမ်အကြောင်း ဆက်မိတ်ဆက်ချင်ပါတယ်.. တကယ်တော့ ရှင်ထွေးအိမ်ဟာ ......... ဘယ်သူမှ မဟုတ်ပြန်ပါဘူး. အထင်မလွဲပါနဲ့ မိတ်ဆွေ.. အခု ရေးမယ့်စာမှာ နာမည်ကြီးတွေ ပါလာနိုင်ပေမယ့်.. ရေးတဲ့ သူနဲ့ အဓိက အပြောခံရမယ့် နာမ် ပုဂ္ဂိုလ် နှစ်ဦးကတော့ သာမာန်ဟု အမည်တပ်ရတဲ့ သူသာ ဖြစ်ပါတယ်...
အဲ့တော့ကာ အကြောင်းအရင်းကိုပြောပါမယ်.. (အတော်လဲ စကားပုလ္လင် ခံပြီး မိတ်ဆက်ရပါတယ်) အကြောင်းအရင်းကတော့ Bigg-Y aka Ye Lynn Aung aka Facebook တုတ်ကြီး တစ်ယောက် လူတကာနဲ့ ရန်ဖြစ်တိုင်း ရှင်ထွေးအိမ်ဘာကြောင့် သူ့ ဘက်ပဲ လိုက်ရသလဲဆိုတဲ့ မေးခွန်းကြောင့်ပါ.. တချို့ ကကျ ဒီလိုပြောပြန်တယ်.. နင်က အမျိုးသိပ်သိတယ်နော် ဆိုပဲ..
တကယ်တော့ အမျိုးသိတာမဟုတ်ပါဘူး.. ဘယ်သူမှ မသိတဲ့ Bigg-Y ရဲ့ အကြောင်းကို ဘ၀ တစ်လျှောက်နီးပါးသိလာပြီးနောက်မှာတော့.. ဘယ်သူမှ မပေးတဲ့ respect ကို ပေးခြင်းမျှသာ ဖြစ်ပါတယ်.. တကယ့်တကယ်တော့ Bigg-Y နဲ့ ရှင်ထွေးအိမ် ဘာမှ မတော်ပါ.. ဒါကို တကယ်သိသူ နည်းပါတယ်.. ဘာလို့လဲ ဆိုတော့ တော်တော်များများ မေးရင် သူကလဲ ရှင်ထွေးအိမ်ကို ငါ့ညီမ ဆိုပြီး ပြောပြီး.. ရှင်ထွေးအိမ်ကလဲ ငါ့အကို လို့ ဖြေတဲ့ အတွက် အဲ့လိုပဲ လူသိများနေတာပါ.. သူနဲ့ မှ မဟုတ်ပါဘူး.. ကိုကြီး ချစ်စိုး .. ကိုကြီး ထက်မြက်.. ကိုကြီးချိုချို.. ကိုကြီး J Me.. ဘယ်သူနဲ့ မှ အမျိုးမတော်ပါ... ဒါပေမယ့် အပေါ်ယံ လာမေးတိုင်း.. ငါ့ညီမ.. ငါ့အကိုဆိုပြီး မိတ်ဆက်ပေးပါများတော့ အကုန်လုံးက အဲ့လိုပဲထင်ပြီး နောက်ဆုံး သူတို့အချင်းချင်းပါ အမျိုးပြန်တော်တယ်လို့ ယုန်ထင်ကြောင်ထင်.. ထင်တဲ့သူက ထင်ပါတယ်.. တကယ်တော့ သူတို့ က ယုန်လဲ မဟုတ်သလို ကြောင်လဲ မဟုတ်ပဲ.. အမျိုးလဲ မတော်ကြပါဘူး..
Bigg-Y အကြောင်း မဆက်ခင် ရှင်ထွေးအိမ်နဲ့ ပတ်သတ်မှုကို ရှင်းရှင်းလင်းလင်း တင်ပြချင်တဲ့အတွက် စာဖတ်သူအနေနဲ့ လင်းလင်းထင်းထင်း ရှိမှ ဖတ်စေချင်ပါတယ်.. ရှုပ်ကုန်မှာ စိုးလို့ပါ. ဒါဆို ဘာမှ မတော်ပဲ ဘာလို့ ဒီလောက်ရင်းနှီးလဲ .. မောင် နှမ လို့ပြောလဲ.. ဘင်္ဂလား မောင်နှမလားလို့ မေးလာနိုင်ပါတယ်.. မေးလဲ မေးခဲ့ တဲံ သူတွေရှိပါတယ်.. ဘာလို့ မောင်နှမလို့ပြောလဲဆိုရင်တော့ စောစောက ဘင်္ဂလား မောင်နှမ လားလို့မေးတဲ့ လူတွေကြောင့်ပါပဲ.. သူတို့ တော့ လူတွေကို ဘယ်လို စိတ်နဲ့ဘယ်လို ပေါင်းသင်းနေမှန်းမသိပေမယ့်.. သူတို့ ရဲ့ညစ်ညစ်ပတ်ပတ် စိတ်ကြီးတွေနဲ့ နှိုင်းယှဉ်တော့ ကိုယ်တွေ မောင်နှမ မေတ္တာက ညစ်ထေးထေးတွေ ဖြစ်ကုန်လို့ ပါ.. ရှင်ထွေးအိမ်ကတော့ အဲ့လို သမုတ်တဲ့ သူတွေကို မှတ်ထားပါတယ်.. ရှင်ထွေးအိမ် အကြောင်းကြောင်းကြောင့် အိမ်ထောင်ပြုပြီး ကလေးရခဲ့သော် အဲ့ ကလေးကို သူတို့ နဲ့ပေး မတွေ့ပါဘူး.. သူတို့စိတ်ဓာတ်အရ သူတို့ သားသမီး သာသာ ရှိတဲ့ ရှင်ထွေးအိမ် သားလေး/ သမီးလေးကို တဖတ်သတ် ပစ်မှားနေမယ်လို့ ယုံကြည်လို့ပါ.. ယောင်လို့တောင် အချီ မခံ နိုင်ပါ..
ဒီတော့ ဘာလို့ ဒီလောက် ရင်းနှီးလဲ ဆိုတာကို ဆက်လင်းပါမယ်.. ဒီကိစ္စ ပြောဖို့ ဆို ရှင်ထွေးအိမ် ငယ်ဘ၀ကို ပြန်သွားရပါမယ်.. အခုချိန်ထိတော့ Bigg-Y ဘာလဲ မသိခင် ရှင်ထွေးအိမ် အကြောင်းတော့ အတော်ကြီး သိနေလောက်ပြီလို့ ထင်ပါတယ်.. မတတ်နိုင်ပါဘူး.. သည်းခံသာ ဆက်ဖက်ကြပါ..
ရှင်ထွေးအိမ် ၃ တန်း.. ရှင်ထွေးအိမ် အကို အရင်း ကို သိန်းမြင့်ဦး ၉ တန်းလောက်မှာ . .. အကိုအလတ် ဆုံးပါးခဲ့ပါတယ်.. ကြားတဲ့သူက drama ချိုးတယ် ထင်မယ်.. ပြောရတဲ့ လူအတွက်က ခါးတယ်.. ဆိုတော့ကာ.. အိမ်အတွက် အဆိုးဆုံး နေ့ရက်တွေပါပဲ.. ကွက်လပ်ကြီးကြီးမားမား ဖြစ်ခဲ့ပြီး စိတ်ဖြေရာဘယ်သူမှ မရခဲ့ပါဘူး..အဖေက လဲစီးပွားရေးရပ်.. လက်ရှိနေတဲ့ အိမ်ကို ချိတ်ပိတ်ပြီး ရန်ကင်းမှာ သွားနေခဲ့ပါတယ်.. ဇာတ်လိုက်ဖြစ်တဲ့ Bigg-Y အပါအ၀င်..အခု ရှင်ထွေးအိမ်အကိုပါဆိုပြီး မိတ်ဆက်ပေးတဲ့ သူအားလုံးက ရှင်ထွေးအိမ် အကိုအရင်း ကို သိန်းမြင့်ဦးရဲ့ ငယ်သူငယ်ချင်းတွေပါ.. အကိုလတ်ဆုံးတဲ့ အချိန် အကိုအကြီးက လူပျိုပေါက်ဆိုတော့ သူငယ်ချင်းမင် တဲ့ သူက သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းချင်ပါတယ်.. ဒါက လဲ မထူးဆန်းပါဘူး..လူငယ်ဘာသာ ဘာဝ သူငယ်ချင်းတွေနဲ့ နေချင်တာကလဲ သူ့ အတွက် စိတ်ဖြေရာ တစ်ခုပါ.. အဲ့လို ဖြစ်တဲ့ အတွက်.. သားဆုံးထားတဲ့ အဖေနဲ့ အမေကလဲသူ့ ကို ဘယ်မှာ မလွှတ်နိုင်မယ့်အတူတူ.. မင်းသူငယ်ချင်းတွေ အိမ်ခေါ်သာ အိပ်ပေတော့ဆိုတဲ့ စကားကနေ အကို သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးဖို့ဖြစ်လာတာပါ..
သူတို့ တွေ အဲ့လိုနဲ့ အိမ်လာ အိပ်တော့အိမ်မှာက ကိုယ်တွေကလဲ မျောက်လွှဲကျော်.. မိန်းမ သာ ပြောတာ မိန်းမနဲ့ တစ်စက်မှ မတူ.. ကိုယ့်ပေါင်ကိုယ် လှန်းထောင်းရသော်.. ဂျစ်ကန်ကန် ပေကပ်ကပ် ကိုယ်ကလဲ ကစားဖော်လိုချင်တဲ့ အချိန်ဆိုတော့ ယောကျာ်းတစ်ပိုင်း.. မိန်မ.. ရိုင်းတော့ မရိုင်းပေမယ့်.. ယောကျာ်းတစ်ပိုင်း ကိုယ်က သူတို့နဲ့ လုံးထွေးပုတ်သတ် ဆော့ခဲ့ပါတယ်.. သူတို့ ကလဲ သူတို့အိမ်တောင် မပြန်တော့ပါဘူး.. တပ်ဆွဲထားသလားမှတ်တယ်.. ကိုယ်တွေ အိမ်မှာ နေလွန်းလို့... တကယ်ကို အမျိုးအရင်းလို့ထင်ရပါတယ်.. ထင်ရင်လဲ ထင်ချင်စရာ.. ရန်ဖြစ်လို့တစ်ခုခု ရိုင်းရိုင်းစိုင်းစိုင်း ပြောမိရင်တောင် အမေက.. "ဟဲ့ .. နင် အကိုတွေကို အဲ့လို ပြောစရာလား" ဆိုပြီး ကိုယ့်ကို ဆူပါတယ်.. အဲ့လို ဆူတဲ့ အမေနဲ့ သူတို့ နဲ့ တဲ့လားဆိုတော့လဲမတဲ့ပါဘူး.. ကိုယ့်သာ ဆူတာ.. သူတို့ နေတာထိုင်တာနဲ့ ပတ်သတ်ပြီး သူတို့ နဲ့ အမေကလဲအမြဲ သတ်ပါတယ်.. အသတ်ရဆုံးကတော့ ထုံးစံ အတိုင်း ကိုယ်တွေရဲ့ ဇာတ်လိုက်ကြီး Bigg-Y ပါပဲ..
အသေသတ်ပါတယ်... အမေ ဈေးခြင်းကြီးနဲ့ ပြန်လာတယ်.. တခါးထ မဖွင့်ပါဘူး.. အဲ့လို လူပါ.. အဲ့ ကတည်းက ဇ ပြင်းတယ် ပြောရမလားပဲ.. သူတို့ အမေတွေကလဲသူ့သားတွေ လာနေမှန်းသိတော့.. မျက်နှာလေးလာပြ.. ဆုံးမပါနော် ဘာညာနဲ့.. ကိုယ့်အမေကလဲ သား ဆုံးထားတာဆိုတော့.. အကို့ သူငယ်ချင်းတွေကို ပဲ သားအဖြစ် သတ်လိုက်ပုတ်လိုက်.. အဲလေ.. ကျွေးမွေးဆုံးမ ပြုစု စောင့်လျှောက်.. အဲ့လို နေလေရဲ့.. ကိုယ်တွေက လဲ အဲ့ ထဲမှာ အုပ်ရောရော ကျောက်ရောရာ.. ဟီးဟီးဟားဟားနဲ့.. လေခဲ့ ပေခဲ့ပါတယ်... အဲ့ အချိန်အထိကတော့ ရန်ကုန်မှာ ခေတ်စားနေတာ.. ပြန်ဆိုတေးတွေပါ.. ဟိုလူ့ သီချင်း..ဒီလူ ဆိုလိုက်.. ဒီလူ့ သီချင်း.. ဟိုလူဆိုလိုက်.. တွံတေးသိန်းတန် သီချင်းပါ ပြန်ဆိုလို့ မ၀ခဲ့တဲ့ အနေအထားပေါ့လေ.. ထွန်းအိနြာဗိုလ် ပေါ်လာပြန်တော့လဲ .. ပြန်ဆိုတေး တချို့ နဲ့ အသစ်တချို့ ပါလာတော့.. အားပေးလိုက်တာ ၀က်ဝက်ကွဲ.. ကိုယ်တွေတောင် ပါသေး.. သီချင်းလာရင် အပြီအပြင်ကို ဒွန့် ပြီး လိုက်ဆိုပစ်တာ.. ဘာရမလဲ..
ဒီလိုနဲ့.. မှတ်မှတ်ရရ.. လေးတန်းလား ငါးတန်းလားပါပဲ... ရောက်တော့.. အိမ်က အကိုတွေရဲ့ တစ်စခန်းထမှု က ထုံးစံ အတိုင်း ပါလေရာ ငါးပိချက် ကိုယ်တွေကို စထိပါတယ်.. Hip Hop ဆိုတဲ့ music genre ကို သူတို့ ဆီက ပထမဆုံး စကြားရပါတယ်.. စကားပြောတဲ့ သီချင်းပေါ့လေ.. ရန်ကုန်မှာ မရှိသေးပါဘူး.. စ စ နားထောင်ခါစ က ကိုယ်ကလဲ ကလေးဆိုတော့ ဘာဆိုဘာမှ မသိပါဘူး.. တခြားဘာသာ စကားတွေဆိုတော့ ကိုယ်ကလဲ တလုံးမှ နားမလည်.. သူတို့ ကသာ တစ်ယောက်ပြီး တစ်ယောက် တိပ်ခွေလဲပြီး အဆိုတော် ပြောင်းပေမယ်.. ကိုယ့်အတွက် အားလုံးက တူတူလိုပါပဲ.. သူတို့ က လဲ တဒုံးဒုံးဖွင့်.. ကိုယ်တွေကလဲဒီဘက်မှာဆော့.. သူတို့ အသံနဲ့ ရောနေတော့.. ကိုယ်စာမကျက်ပဲ ဆော့နေမှန်း အိမ်ကလဲ မရိပ်မိ.. အတော်တော့ အဆင်ပြေသား..
အံမယ်... ဘာမှသာ နားမလည်တာ.. စကြိုက်မယ့် ကြိုက်တော့ eminem နော်.. သူတို့ ဖွင့်တဲ့ အထဲ ကိုယ်က အဲ့အသံကို ခိုက်တာ.. အလဲ့.. နားလည်တာ တလုံးတည်းရယ်.. please stand up.. please stand up.. ရတယ်... အဲ့လောက်နဲ့ ဖြစ်တယ်.. please stand up.. please stand up.. နဲ့ ညိမ့်နေချိန်က.. ကျောင်းက ကိုယ့်အတန်းဖော်တွေက britney တွေ N sync တွေ West Life တွေနဲ့.... ကိုယ်က အဲ့ဒါတွေ တခုမှ မသိ.. MTV/Channel V က လာလို့ မြင်ဖူးတာပဲ ရှိတယ်.. သိတဲ့ အတိုင်း အဲ့ Channel တွေက လာတာကလဲ ကိုယ်နဲ့ ကြုံမှ နားထောင်ရတော့ ..နားက သိပ်မဆွဲ.. မြင်ဖူးတယ်.. ကြားဖူးတယ် ဆိုယုံ.. နားမှာ စွဲတာက အိမ်မှ တိပ်ခွေ နဲ့ အကိုတွေ နေ့ တိုင်းဖွင့်တဲ့ Please stand up ~ please stand up..
ကျောင်းမှာက သူများတွေ pop တွေ( အဲ့တုန်းကတော့ အဲ့တာက pop လို့ အမည် တပ်ရမှန်းတောင် မသိပါဘူး) ရူးတုန်း.. ကိုယ်တွေက ဘာမှ မသိ.. please stand up ပါပဲ.. အိမ်မှာက ဒါပဲရှိတာကိုး.. အဲ့ဒါနားမထောင်ချင်လို့လဲ မရဘူးလေ.. ဘယ်သူ ဘာသွားဝယ်ပေးမှာတုန်း.. အခုခေတ်လို ကိုယ်ကြိုက်တာ ကိုယ်ရွေး နားထောင်လို့ ရ ရအောင် internet မရှိ.. youtube မရှိ.. ကျောင်းရှေ့ မှာလဲ အများရူးသွပ်တဲ့ west life တွေ ဘာတွေ ကို စက္ကူ အစုတ် နဲ့ တစ်ပုံ ကို ၁၀၀ နှုန်း နဲ့ ကလေးတွေကို ညာချပြီး လာရောင်းတော့.. အတန်းဖော်တွေ မုန့် ဖိုးကုန်နေတဲ့ အချိန်.. ကိုယ်တွေကကျောင်းက မုန့် တီနဲ့ please stand up ~ please stand up ဆိုပြီး အငြိမ်ပဲ.. ပိုက်ဆံလဲမကုန်ပေါင်.. နောက်နည်းနည်းကြာတော့ အကိုတွေ အုပ်စုထဲက ဘယ်သူက မ လာလဲသိပါဘူး.. MV ပါ အခွေနဲ့ ကူးချလာတော့ ပျော်တာပေါ့.. MV ကလဲ ရောင်စုံလေး.. ကိုယ်က ကလေးဆိုတော့ သိပ်ကြိုက်တာ... emimen ကလဲ ချောတော့.. သဘောတွေကျပြီး ကိုယ်ပါလိုက်လိုက်ကြည့်.. ဘာမှ တော့ နားမလည်ဘူးပေါ့လေ.. အကိုတွေကို အဲ့ဒါ ဘာအကြောင်းဆိုတာလဲဆိုတော့လဲ သူတို့ က ဖြေတာ ကြည့်ဦး.. နင်နားမလည်တဲ့ အကြောင်းတဲ့.. အေးတာပဲ.. ရတယ်.. please stand up ပဲ.. ရပါတယ်.. အေးဆေး.. အဲ့ အချိန်ထဲ စိုင်းစိုင်းတွေ acid တွေ လာသေးဘူးနော်...


အဲ.. ဒီလိုနဲ့ လာပြီ လာပြီ.. ဇာတ်လိုက်လာပြီ.. Bigg- Y .. ရေးရတာပင်ပန်းတယ်.. ခေါ်နေကြအတိုင်းပဲ ရေးမယ်.. ကိုကြီး ရဲလင်းအောင် ပေါ့လေ.. သူက စလို့ဘယ်က ဘယ်လို ထွင်လဲ မသိ.. ဘယ်သူနဲ့ ဘာတွေ ပြောလဲ မသိ.. သီချင်းတွေ ရေးကြတာပဲ.. အဲ့တုန်းကတော့ စာတွေရေးတော့ ဘာရေးနေတာလဲ ဆိုတော့.. သီချင်းတဲ့.. ကိုယ်က ဘာမှ မသိတော့.. အင်းအင်းပေါ့.. ကလေးအရွယ်လေကွယ်.. သီချင်းရေးတာဆိုတာ ဘယ်လို သိမတုန်း.. သူတို့ကလဲ ရေးတယ်.. အဖေကလဲ ဆဲတယ်... အဲ့လိုပဲ သူတို့ KMD လေးတက်လိုက်.. သီချင်းလေးရေးလိုက်နဲ့.. အဲ့တုန်းက သူတို့ မှာ သီချင်းကို ပေါ်ပေါ်ထင်ထင် မရေးရဲရှာဘူး.. ခိုးဝှက်ရေးရတယ်.. စာကျက်သလို.. ရှင်ထွေးအိမ်ကိုပဲ စာသင်ပေးနေတာလိုလို.. အဲ့လို လုပ်လို့ က လဲ ရတယ်လေ.. သိတဲ့ အတိုင်း hip hop ဆိုတာ အဲ့တုန်းက နားနဲ့ ဆို စာကျက်နေသလိုကိုး..
သူတို့ စရေးတော့ မှတ်မိသေးတယ်.. တစ်ပုဒ်က.. ကိုရီးယား.. YG Family ဆိုတာ.. ကော်ပီနဲ့ စတာပဲ သူတို့ လဲ... ဟုတ်တယ်လေ.. မစလို့လဲ မရဘူး.. ဒါ ကိုယ့် music မှ မဟုတ်တာ.. အဲံ ပေါ်မှာ လိုက်ရေးဘာရေး နဲ့ .. မှတ်မိသလောက် ပြောရရင် အဲ့တုန်းက အကြိုးစားဆုံးက ကိုကြီးရဲလင်းအောင်.. အပြင်ကို မထွက်ဘူး.. မနက်မိုလင်းပြီး နေက ဖင်ထိုးလို့ မကတော့ဘူး.. နေ ကျော်တဲ့ အထိ သေတယ်.. အဲလေ.. အိပ်တယ်.. ကန်တော့ကန်တော့.. ပြီးရင် နိုးလာရင် ထမင်းစားတယ်.. အမေနဲ့ သတ်တယ်.. ပြီးရင် ရေးတယ်ဟေး.. တကုပ်ကုပ်နဲ့.. သူများသာ နားတယ်.. သူမနားဘူး.. သူနားလည်သလောက် ဘာလောက် ကြိုးစားတယ်.. မှီငြိမ်းစရာလဲ ဒီ please stand up တို့. ဘာတို့.. YG family တို့ စသဖြင့်.. နိုင်ငံခြားက အဆိုတော်တွေပဲ ရှိတော့. အခုဥာဏ်ရှိလာတော့ ပြန်တွေးကြည့်တော့ အတော် ခက်ခဲမှာလို့ ထင်ပါတယ်... စဉ်စားကြည့်လေ..အခုလက်ရှိမှာတောင် နိုင်ငံခြား pop သီချင်းကို မြန်မာလို တိုက်ရိုက် ကော်ပီရေးတာ စာသား ထည့်တာ မလှရင် အတော် နားထောင်ရဆိုးတာ.. အဲ့တုန်းက သူတို့ ခမျာ မြန်မာလို ရေးပြီးသားလဲမရှိ ဘာမရှိနဲ့.. အဆင်ပြေအောင် မ fuu အောင်.. ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ကိုယ့်ရှေ့ တင်ပါ.. အခုချိန်အဲ့ဒါတွေ သိရတော့... သူတို့မှ respect မပေးရင် ဘယ်သူ့ပေးရမလဲ.. မြန်မာပြည် hip hop သမိုင်းကို ပုံဖော်ရင် ဘယ်သူတွေ ဘယ်လို ရေးမလဲ မသိပေမယ့်.. အခု ရှင်ထွေးအိမ် ရေးနေတာတော့ အလိမ် အညာ တစ်ခုမှ မပါပဲ.. မျက်စိရှေ့ တင် ဖြစ်တာကို ပြန်ရေးသားတာပါ..
အဲ့ဒီတော့ အဲ့တုန်းက သူတို့ ရူးကြတဲ့ hip hop .. ဖွဲ့ လိုက် တဲ့ အဖွဲ့ တွေဆိုတာ.. ဘာမှန်းကို မသိ.. ကိုယ့် အကိုရင်း ကိုယ်တိုင် အဖွဲ့ ကိုက.. ဘာပါလိမ့်.. Halo ဆိုလားပဲ.. Beyonce တောင် အဲ့ သီချင်းမဆိုသေး.. Acid မရှိ.... စိုင်းစိုင်း နတ္တိ.. အိမ်မှာလဲ.. တစ်နေ့ တစ်နေ့ ဒါပဲ.. please stand up please stand up.. ပြီးရင် ကိုရီးယား... တခြားဟာတွေလဲ ပါတော့ပါတယ်.. ဒါပေမယ့် အဲ့လောက်တော့ မမှတ်မိ.. ကိုယ်က ဆော့ဖို့ ပိုသန်တယ်.. ခွေးလဲ ရှိတော့ သူတို့ဟာတွေ အဲ့လောက် ဂရုမစိုက်နိုင်.. သူတို့ ဆိုပြပြီး ဘယ်လို နေလဲ ဆို.. ကောင်းတယ်ပေါ့.. ဟုတ်တယ်လေ.. အရင်းကြီးတွေကို.. နားလည်လည် မလည်လည် ကောင်းချက်ပဲ.. သဘောတော့ အတော်ကျသား.. နောက်ကျတော့ show ပွဲဆိုလား အဲ့လိုဟာတွေ လုပ်ဖို့ သူတို့ ကြိုးစားကြပြန်ရော.. show ပွဲက အဲ့တုန်းက အခုလိုမျိုး စီစဉ်သူတွေက အဆိုတော်ကို လာခေါ်တာဟုတ်ဘူးနော်.. ဟို ထွန်းအိနြာဗိုလ်တို့ ဘာတို့လို အောင်မြင် ပြီးသား လူတွေတော့ မသိပေမယ့်.. ရှင်ထွေးအိမ် အကိုတွေ အတွက်တော့ မဟုတ်ဘူး.. အေးလေ.. သူတို့လဲ အဆိုတော် တွေမှ မဟုတ်သေးတာ.. ဒါပေမယ့်.. အဲ့တုန်းကလဲshow ပွဲရယ်ဆိုပြီး အခုလို မပေါသေးဘူးထင်.. အခုတော့ သိတဲံ အတိုင်း.. ဘယ်လင်တိုင်းမယ်ဆိုလဲ show.. သီတင်းကျွတ် show.. တန်ဆောင်မုန်း show.. သွားတိုက်ဆေး show.. ဆပ်ပြာမုန့် show.. ဘာ show ညာ show.. အဲ့တုန်း ကိုယ်တွေ အကိုခမျာ.. show ဖို့ အရေး.. အတော်ဒုက္ခရောက်ကြတာကို မှတ်မိတယ်.. ဒါလဲ သူတို့ က ပျော်နေတာပဲ..
သူတို့ အဲ့လိုနေရင်းကနေ ဘွားကနဲ Acid ဆိုတာကြီးထွက်လာတယ်.. သူ့ နောက်က လိုက်တာ စိုင်းစိုင်း.. Acid တို့ စိုင်းစိုင်းတို့လဲ အားလုံးသိတဲ့ အတိုင်း... copy ပေါ့ အဲ့တုန်းက.. အဲ့အခွေလဲသူတို့ ပဲဝယ်လာလို့ ကိုယ်တွေသိတာ.. အဲ့တုန်က နာမည်ကြီးတာ မှတ်မိသေး.. "ချစ်ခဲ့ပြီးမှာ ပြောင်းလဲ ဖို့လေ လုံးဝမဖြစ်နိုင်လို့.. မင်းအတွက် အရာရာ ဘာမဆို ကိုယ်လေ ဖြည့်စီးပြီးချစ်သွားမယ်.. " သိပ်နာမည်ကြီးတာ.. အဲ့သီချင်းဘယ်လောက် နာမည်ကြီးလဲဆို.. ကိုယ့်အကိုထဲ က တစ်ယောက်ဆို သင်္ကြန်မှာ အဲ့သီချင်းကြီးဆိုပြီး မိန်းမ ပါခိုးပြေးသွားတယ်.. အေးတာပဲ..
အဲ့လို acid တို့ ဘာတို့ ထွက်ပြီးတဲံ အချိန်.. ကိုယ်တွေ အကိုတွေက လိုင်းပြောင်းသွားပြီနော်.. copy ဟုတ်တော့ဘူး.. အဲ့ မတိုင်ခင်ကတည်းက သူတို့ က owntune ရေးဖို့ လုပ်နေကြပြီ... အဲ့တုန်းက ကိုယ်တွေက ဘယ်စိုင်းစိုင်းကြိုက်တော့မလဲ.. ဒီမှာ အမိုက်စားတွေ ကိုယ့်အကိုတွေက ဆိုပြနေကြပြီလေ.. အိမ်မှာ ထိုင်ပြီး နားထောင်ရုံ.. ဒီ owntune စရေးတဲ့ ကိစ္စ စတဲ့ သူက Bigg-Y ကိုကြီးရဲလင်းအောင်.. "ငါတို့တွေ ဒါမျိုး ကိုယ်ပိုင်ရေးလို ရရမှာပေါ့.. ဘာလို့ မရရမှာလဲ.. " ဆိုပြီး သူ လိုက်တိုက်တွန်းခဲ့.. ရေးပြခဲ့တာ.. ကိုယ့်ရှေ့ တင်.. သူက စလုပ်တော့ ကျန်တဲ့ သူတွေကလဲ ဟေ့ ဟေ့ နဲ့ .. ကြိုးစားခဲ့ကြတာပေါ့.. ကိုယ်ကလဲ ယောင်တောင်တောင်ပဲ.. သူက motivation တွေ ကောင်းတော့ owntune ရေးတဲ့ အထဲကိုယ်တောင် ပါသေး.. သိတယ်မလား.. ပါလေရာ ငပိချက်လေ.. အဲ့တုန်းက ဂျွန်စော အွန်စော ခတ်စားနေတော့. ကိုယ် ပထမဆုံး စပ်တဲ့ Rap လေး သတိရသေး.. ဘာတဲ့ "အစမရှိ အဆုံးမရှိ ခလယ်ပျောက် ~ သူပြောတာ ဂျွန်စော အွန်စော ထယ်စောက် ~ ငါမေးမယ် ဘယ်ရောက် ~ နင် တနေ့နေ့ ပြောတာ ဒါတွေပဲ ~ ငါ့ခေါင်းထဲ ရှိတာ စာတွေပဲ ~ " အလဲ့.. ကိုယ့်ဟာကိုယ်တော့ ဟုတ်သား.. စာအုပ်ထဲမှာပါ သေချာ လက်ရေးလှလှ လေးနဲ့ ရေးထားတာနော်.. မနက်ကလေးတင် ပြန်ရှာတွေ့ တာ.. တယ်ဟုတ်တဲ့ ငါပေါ့.. သူတို့ က အားသွန်ခွန်စိုက်ရေးနေကြတော့.. ကိုယ်က လဲလိုက်ရေးပြီး သူတို့ ကို ပြန်ပြတာပေါ့.. အားတက်စရာပါပဲ.. ပြန်ပြောချက်က.. အေးကောင်းတယ် တဲ့.. ရပါတယ်.. မယ်ရှင်ထွေးတို့ ကဒီလောက် အသိမှတ်ပြုလိုက်ရင် တော်တော် ကျေနပ်တယ်.. အောက်ဆင်းပြီး ခွေးနဲ့ သွားဆော့နေလိုက်တာ..
ဒီလိုနဲ့ ကိုကြီးရဲလင်းအောင် ကနေ စလာတဲ့ owntune သီချင်းတွေနဲ့ မင်းတို့က သီချင်းသွင်းမယ် ဟုတ်စ.. hip hop သွင်းမယ် ဟုတ်လား.. ဆိုပြီး rocker အများစု ထောင်ထားတဲ့ studio ကြားထဲ ကိုယ့်ပိုက်ဆံ ကိုယ်ပေးပြီး မျက်နှာငယ်နဲ့ သီချင်းသွင်းရတဲ့ ဘ၀ကနေ နောက်ကျတော့ ပထမဆုံး မဟားတရား ပေါက်သွားသူကတော့ ကိုကြီး J Me ပေါ့.. အသံ ရော အမူအယာရော.. flow ရောက သူမတူ တဲ့ ထူးကဲ မှုကြောင့် သူက စလို့ နာမည်ကြီးလေရဲ့.. ပြီးတော့ မရှေးမနှောင်းလိုက်တာတော့ ontrack - Bigg-Y ပေါ့လေ.. အဲ့တုန်းက ရသ က ကော်ပီဆိုလို့ ဆိုပြီး နာမည်မကြီးသေး.. show ပွဲမှာ ကိုယ်တွေ က အကို မျက်နှာနဲ့ ဆရာလို နေချိန်... ကိုယ်က ဘာမှသာ မဟုတ်တာ.. သူတို့မျက်နှာနဲ့ စားချင်တာ စားပဲ.. အလဲ့လဲ့.. နောက်တော့ ရသနဲ့ သူတို့ နဲ့ တွေ့.. .ဘာတွေ ဘယ်လိုဖြစ်လဲ မသိ.. မြန်မာပြည်တွင်လုပ်သည်ကတော့ legend ဖြစ်တဲ့ hip hop တေးစီးရီးက က ပေါက်ပြန်တယ်.. အဲ့အချိန်တုန်းကတော့ သူတို့ က ဘုရင်ပေါ့..
အဲ့ မတိုင်ခင်ထွက်တာကတော့ လမ်းဘေးကာရံများဆိုတဲ့ အခွေ.. အိင်္ကျီဝယ်ဖို့ ပိုက်ဆံတောင် မနည်း စုရတဲ့ဘ၀... ဒါတောင် ဒီထဲ ထည့်မရေးတဲ့ အကြောင်းအရာတွေ အများကြီးနော်.. ဒုက္ခတွေ. သူတို့ အိမ်မက်တွေလဲ သိပ်များပဲ.. စိတ်ကူးယဉ်ပြီး ရေးထားတဲ့ MV storyline တွေကလဲ အများကြီး.. ထုံးစံအတိုင်း ပါလေရာ ငပိချက် ကိုယ်ကလဲ သူတို့ အိမ်မက်ထဲ ပါတယ်နော်.. အကိုတွေများ ရှင်ထွေးအိမ် ဘယ်လောက် ချစ်လဲဆို.. MV ထဲမှာတဲ့.. ရှင်ထွေးအိမ်ကို ရွံ့ ပုံထဲ တွန်းချပြီး ငိုခိုင်းမယ်တဲ့.. ကြည့်စမ်း.. ညီမလေးတစ်ယောက်ထဲဆိုတော့ အဲ့လို့ ချစ်တာ.. ကိုယ်က ဒါလဲ ပျော်တာပဲ.. ဟီးဟီး ဟီးဟီးနဲ့.. ဒီလို အိမ်မက်တွေ အများဆုံးနဲ့ အကြွယ်ဆုံးက သိတယ်မလား.. ဇာတ်လိုက်ကြီး Bigg-Y ပေါ့... internet မရှိ.. ဘာမရှိ.. reference မရှိ.... ရှေ့ ဆောင် လမ်းပြမရှိပဲနဲ့.. ဘယ်ကနေ ဘယ်လို ဒါတွေကို ယူလာပြီး ဘယ်လို အတွေးနဲ့ သီချင်းတွေကို ဘယ်လို လုပ် ကောင်းအောင် ဆိုလဲ ဆိုတာ တကယ်မတွေးတတ်ပါဘူး.. အကုန်လုံးလဲ အဲ့တုန်းက သူပြောရင်အကုန် ပါးစပ် အဟောင်းသားလေးနဲ့ လေ.. အဲ့ တုန်းက သူက ကြွယ်လဲ ကြွယ်... လုပ်လဲ လုပ်ပြနိုင်တဲ့ အနေအထားဆိုတော့.. အိုအို့.. Bigg-Y တို့ က ဆရာပေါ့.. ကျန်တဲ့ လူတွေကလဲ ကိုယ်သိသလောက်တော့ ပြန်ကြွယ်ကြပါတယ်.. ပညာချင်း ဖလှယ်ရင်း ကြိုးစား...သီချင်းတွေလဲ အများကြီး ထွက်ရဲ့.. အဲ့တုန်းက UG songs တွေ အကုန်ကိုယ့်စီမှာ.. hip hop ခေတ်စားလာတော့ ထုံးစံအတိုင်းကိုယ်ကလဲ ဆင်ပေါ် auto ရောက်ပဲ.. သူငယ်ချင်းတွေ ကြိုက်လှချည်ရဲ့ ဆိုတဲ့ အဆိုတော် အားလုံးသီချင်းက ကိုယ့်ဆီမှာ.. ငွင်းငွင်းငွင်းပဲ..
ဒီလိုနဲ့ ရှေ့ ဆောင်လမ်းပြလုပ်ရင်း ကိုယ့် လမ်းကိုယ်ဖောက်လာတဲ့ Bigg-Y တစ်ယောက်.. အမိုက်စား အိမ်မက် တွေ အကောင်းအထည်ဖော်ဖို့ ကြိုးစားရင်း ဘယ်နား ဘာမှားသွားပြီး ရပ်တန့် သွားလဲဆိုတာတော့ သူ့ အကြောင်းအရင်းနဲ့ သူသာ သိမှာပါ... လောကမှာ သိတဲ့အတိုင်း... အရမ်းတော်တဲ့ သူတွေက ဂေါက်တတ်သလို..အကောင်အထည် ဖော်ချင်တဲ့ အိမ်မက်တိုင်းက လက်တွေ့ မှာ ဖော်ဖို့ မလွယ်ဘူးဆိုတာ ဘ၀ကို တကယ်ဖြတ်သန်းဖူးသူတွေ သိမှာပါ.. ရှင်ထွေးအိမ်ကတော့ ကိုယ့်ရှေ့ မှာတင် Hip Hop ကို အမိုက်စား ဂီတဖြစ်အောင် အကောင်အထည် စဖော်လာတဲ့ Bigg-Y ကို Respect အများကြီးပေးပါတယ်.. အဲ့တုန်းက သူ့Rap တွေဟာ.. အဲ့အချိန်အခါက အင်မတန်မှ ပြောင်မြောက်တဲ့ Rap စာသားတွေပါ.. သူ့ ကို သဘောအကျဆုံးက စာသားပါ.. အင်မတန် မှ သိပ်သည်းပြီး အနှစ်သာရ ရှိတယ်လို့ ထင်ပါတယ်.. ကိုယ့် ရှေ့ မှာတင် ဘယ်သူမှ မသင်ပြ.. ဘာမှ မဖွံ့ ဖြိုးတဲ့ အနေအထားမှာ အဲ့လိုစာသား အဲ့လို့ flow အချိုးတွေနဲ့ ထွက်လာတဲ့ စာသားအရေးအသားတွေကြောင့် ရှင်ထွေးအိမ်အတွက်တော့ Respect ပေးရလောက်ပါတယ်.. ဒါက လူတိုင်း လေးစားဖို့တော့ ပြောတာ မဟုတ်ပါဘူး.. ကိုယ် ဘာကြောင့်လေးစားလဲ ပြောတာပါ...
နှစ်တွေကြာသီချင်းတွေ အများကြီး ထွက်ခဲ့တယ်.. UG မှာ လေးစားတဲ့ သူတွေက လေးစားပြီး... အသုံးချပြီး ပြန်လှည့် မကြည့်တဲ့ အဆိုတော်တွေနဲ့လဲသူ့ ကို တွေ့ရပါတယ်.. စကားမဆက်ခင် တခုတော့ အတိအလင်းပြောချင်တယ်.. ဘယ်သူမှာတော့ perfect မဖြစ်ပါဘူး.. သူ့ သီချင်း တော်တော်များများကြိုက်ပေမယ့် အကုန်ကြိုက်တယ်လို့လဲ မဆိုလိုပါဘူး.. ရှင်ထွေးအိမ် အကြိုက်ဆုံး အဆိုတော်ရဲ့ သီချင်းအကုန်လုံးတောင် ရှင်ထွေးအိမ် မကြိုက်ပါဘူး.. ဒါပေမယ့် သူဖောက်ခဲ့တဲ့ လမ်းအတွက် သူ့ ကို respect ပေးပါတယ်.. သီချင်းတွေ အများကြီးထွက်ပြီး နောက်ပိုင်း သူ့ ကို သီချင်းထပ်ဆိုဖို့ မရှိပဲ ကုန်သွားပြီလို့ ထင်တဲ့ အချိန် Jesus Swag ဆိုတဲ့အခွေနဲ့ ပြန်ထပ်ထွက်လာတဲ့ အချိန်တုန်းကလဲ အတော် အံသြရပါတယ်.. တခွေလုံးနီးပါ စာသားမှာ ဘာအားနည်းချက်မှ မရှိပဲ.. ဆန်းသစ်ဆဲကို တွေ့ ရတော့ အတော် အံ့သြရပါတယ်.. မယုံရင် ပြန်နားထောင်ကြည့်ပါ... hip hop မှာ တော်တော် များများက flow ဆန်းပြီး စာသား အားနည်းတာကို တွေ့ရပါတယ်.. flow မိုက်တယ်ဆိုပြီး မျက်စိစုံမှတ် ပြီး ကြိုက်ဖို့ မကြိုးစားခင် စာသား ကို အရင် ဖတ်ကြည့်ပြီး နားလည်လား ကိုယ့်ဘာသာ ပြန်စဉ်းစားပါဦး.. ရှင်ထွေးအိမ်ကတော့ တော်တော်များများ စာသားတွေ ဖတ်ကြည့် ရင် နားမလည်ပါဘူး... Bigg-Y ကတော့ original innovator မို့ ထင်ပါတယ်.. ဘယ်တော့မှ ကုန်သွားမယ် မထင်ပါဘူး...
Bigg-Y သီချင်းနားမထောင်ဘူးတဲ့ သူတွေအတွက်.. အများကြီး အဝေးကြီးတုန်းက သီချင်းတွေ သွားမရှာပဲ.. Jesus Swag အခွေသာ နားထောင်ကြည့်ပါ.. အဲ့လိုမျိုး ရေးနိုင်တယ်ထင် ရေးကြည့်ကြပါ.. အားပေးပါတယ်.. တကယ်ပါ.. ဒီလို ကောင်းတဲ့ သီချင်းမျိုးရေးမယ် ဆို ဘာလို့ အားမပေးရမှာတုန်း.. ပေးလွန်းလို့ မှ မတတ်နိုင်.. ပေးပါတယ်ဗျ ပေးတယ်ဗျလို့ တောင် ထဆိုဦးမယ်.. ကြော်ငြာလေးတော့ ၀င်လိုက်ဦးမယ်.. Bigg-Y သီချင်းထဲ အကြိုက်ဆုံး အပုဒ်က "အလုပ်" ဆိုတဲ့ သီချင်းပါ.. ၀ါသနာပါလို့ ရှာပြီး နားထောင်ချင်ရင် နားထောင်ကြည့်ပါ.. ဘ၀မှာ ရုန်ကန်နေတဲ့ အချိန်ဆို စာသားတွေ နားထောင်ရင်း မျက်ရည် ဘူးသီလုံးလောက် ကျကုန်ရင် အပြစ်မတင်ရဘူးနော်.. စာဖတ်သူအတွက် သူကို့ Facebook တုတ်ကြီး လောက် ပဲ သိချင်သိမယ်.. ကိုယ်တွေအတွက်ကတော့ Original Innovator ပါ.. Facebook က ဘ၀ မဟုတ်ပါဘူး.. ပြီးတော့ သူက လက်ရှိမှာ Public Figure အနေနဲက ရပ်တည်နေတာလဲ မဟုတ်ပါဘူး.. အဲ့တော့ facebook လိုနေရာ သူ့ ကိုယ်ပိုင် account မှာ သူ့ဘာသာ ရေးချင်တာရေး ဘယ်လိုမှ မနေပါဘူး.. သူ့ထက်မက ဆိုးဝါးတာတွေ ရေးနေတာ တပုံကြီးပါ.. အခုဒီစာကို ရေးတာကလဲ သူ့အကြောင်းလဲ ကို မှတ်မိသလောက်.. ဒီ့ထက် မှတ်ဥာဏ် အခြေအနေမဆိုးခင် မှတ်တမ်းတင်တဲ့ သဘောပါ... :D Peace!!!

credit : ရှင်ထွေးအိမ်

1 comment: