Earn free bitcoin လမ္းမ Slung သို႕မဟုတ္ ဗန္းစကား ( အပိုင္း ၂ ) | ဗမာရက္ပ္

လမ္းမ Slung သို႕မဟုတ္ ဗန္းစကား ( အပိုင္း ၂ )

[ Zawgyi Version ]

လက္ဖက္ရည္ဆိုင္တြင္ ေနာင္ဂ်ိန္ ဟု ေျပာလၽွင္ ေရေႏြးၾကမ္း၊ လက္ဖက္ ရည္ၾကမ္း ဟု နားလည္သည္။ ေဘာလုံးပြဲတြင္ ပင္မွည့္ ဟုေျပာလၽွင္ သူနျပဳသမားဟု နားလည္သည္။ ယင္းသို႔အားျဖင့္ ဗန္းစကားကို သူ႔အသိုက္ဝန္းႏွင့္ သူသာ နားလည္သည္။ အသိုက္အဝန္း ျပင္ပမွ ပုဂၢိဳလ္မ်ား မသိေစလိုေသာ စကားလုံးမ်ားကို ဗန္းစကားျဖင့္ ေျပာေလ့ရွိသည္။ ထိုအခါ ဗန္းစကားသည္ လၽွို႔ဝွက္ စကားသေဘာသို႔သက္ေရာက္သြားသည္။
ဗန္းစကားကို မ်ားေသာအားျဖင့္ စာသင္ေက်ာင္းမ်ား၊ ႐ုံးမ်ား စသည္တို႔က စတင္ထြင္တတ္ေၾကာင္း သိရသည္။ ေတာင္ပန္နီ ( ဓားျပဂိုဏ္းႀကီး )၊ ေႁမြေပြး ( သတၱိရွိေသာဓားၿပ )၊ ဇိတ္ ( ေသြးေၾကာင္သူ )၊ အာကာ (ေအာက္ေစာင့္)၊ ေဗ်ာက္၊ အတို ( ေျခာက္လုံးပူးေသနတ္ )၊ နာနတ္သီး ( လက္ပစ္ဗုံး ) စသည္တို႔သည္ ရဲအဖြဲ႕ႀကီးက ထြင္ေသာ ဗန္းစကားအခ်ိဳ႕ျဖစ္သည္။ ထိုနည္းတူစြာ ျပည္တြင္းေရေၾကာင္းသယ္ယူ ပို႔ေဆာင္ေရးဌာန၊ မီးရထားဌာန စေသာလုပ္ငန္းဌာနႀကီးမ်ားကလည္း ဗဘန္းစကားမ်ားကို ထြင္ၾကမည္သာ ျဖစ္၏။ ယင္းကဲ့သို႔ထြင္ၾကရာ၌ အေၾကာင္းယုတၱိတန္သည္ မတန္သည္၊ ဆီေလ်ာ္သည္ မဆီေလ်ာ္သည္မွာ ပဓာနမဟုတ္။ သက္ဆိုင္ရာ အသိုက္အဝန္းတြင္းရွိ လူအမ်ားက နားလည္ လက္ခံသုံးစြဲျခင္းသည္သာလၽွင္ ပဓာနျဖစ္သည္။
ဗန္းစကားတြင္ ေျပာင္ေလွာင္ သေရာ္လိုဟန္ အရိပ္အေယာင္မ်ား ေတြ႕ရတတ္သည္။ ထြင္ထားေသာ စကားလုံး၏ အသံထြက္သည္ပင္လၽွင္ တစ္ခါတစ္ရံ ရယ္ဖြယ္ျဖစ္ေနသည္။ ပုံစံမ်ားမွာ ရႉးေတ့-ဆီးသြားသည္။ ဟားငနဲ-လူျပက္။ ဆိတ္လစိ-ေျဖာင့္ခ်က္ေပးသူ ဟူေသာ စကားမ်ိဳးမ်ား ျဖစ္သည္။ စိတ္ဆိုး စိတ္ေကာက္သည္ ကိုပင္ အဘိဓမၼာဆံဆံ ေစတသိက္ယိုင္သည္ ဟု သုံးစြဲေနၾကသည္။ ေဆာ့သည္ ကို ဈာန္ပ်ံသည္ ဟု မအပ္မရာ ခ်ဲ႕ကားထားသည္ကို ေတြ႕ရသည္။
ဗန္းစကားတြင္ ပါဝင္ေသာ စကားလုံးတို႔သည္ နာမ္သာမ်ား၍ ႀကိယာ အလြန္နည္းသည္။ ထိုျပင္ ဗန္းစကားျဖင့္ ဝါက် တစ္ပုဒ္ျဖစ္ေအာင္ မဖြဲ႕နိုင္။ သာမန္မစကားတြင္ ည|ပ္၍ ေျပာမွ ဝါက်တစ္ပုဒ္ျဖစ္သည္။ ဗန္းစကားတြင္ မြန္စကားလုံး နည္းငယ္ ေတြ႕ရသည္။ ( မြန္၊ က-ငါး။ မြန္၊ ဇဗလု-ကြမ္းသီး။ ပုင္- ထမင္း။ ) သို႔ေသာ္ ဗန္းစကား အားလုံးသည္ မြန္ဘာသာ စကားမွ ဆင္းသက္လာသည္ဟု မဆိုနိုင္ေပ။
ဗန္းစကားျဖစ္ေပၚလာပုံကို ဘာသာေဗဒပညာရွင္ ဦးတင္လွက ေအာက္ပါအတိုင္း တင္ျပသည္။ `ဗန္းစကားသည္ မူလက လူတစ္စု ေနာက္ေျပာင္ေျပာဆိုရင္း ထြင္လိုက္ေသာ စကားျဖစ္သည္။ ထို႔ေနာက္ ယင္းလူစု၊ အသိုင္းအဝိုင္းအတြင္း ေခတ္စားသြားကာ အခ်ိဳ႕က အတုခိုးေျပာဆို လာၾကသည္။ ကာလအတန္ၾကာသြားေသာအခါ ယင္းစကားလုံးကို အမ်ားက လက္ခံသုံးစြဲလာၾကသည္။ အမ်ားက လက္ခံသုံးစြဲျခင္း မျပဳဘဲ ေပ်ာက္ပ်က္သြားရသည္ လည္း ရွိသည္။

ဤဗန္းစကားကို အမ်ားက လက္ခံသုံးစြဲလာၿပီး အသုံးတြင္က်ယ္လာကာ စာေပသုံး ေဝါဟာရ ျဖစ္သြားလၽွင္ ဗန္းစကားဟု မေခၚဆိုနိုင္ေတာ့ေၾကာင္း ျမန္မာစြယ္စုံက်မ္းတြင္ ေတြ႕ရသည္။
သိပၸံေမာင္ဝသည္ ၁၉၂၇-ခုႏွစ္က `ေပၚေပါက္ခါစ ျမန္မာစကားကေလး´ဟူေသာ ေဆာင္းပါးျဖင့္ ၾကမ္းပိုး ဟူေသာစကားကို အဓိပၸါယ္ခန႔္မွန္း ၾကည့္ထားသည္ကို ေတြ႕ရရာ ထိုေခတ္ေလာက္က ထိုစကားေပၚေပါက္မည္ဟု ခန႔္မွန္းရသည္။ ထိုစကားသည္ တကၠသိုလ္ ျမန္မာအဘိဓာန္တြင္ `အက်င့္ရႈပ္ေပြေသာသူ၊ ညာ လွိုင္း ခိုမွီေနတတ္သူ´ဟု အဓိပၸါယ္ဖြင့္ဆိုထားသည္။ ထိုစကားသည္ အဘိဓာန္ထဲ ထည့္သြင္းနိုင္သည့္ အဆင့္ ေရာက္လာ၍ ဗန္းစကား မဟုတ္ေတာ့ေၾကာင္း ေမာင္ခင္မင္(ဓႏူျဖဴ)က မွတ္ခ်က္ျပဳပါသည္။ သို႔ေသာ္ ထိုစကားကို ျမန္မာစာအဖြဲ႕မွ ထုတ္ေဝသည့္ ျမန္မာအဘိဓာန္ အက်ဥ္းခ်ဳပ္တြင္ မူလၾကမ္းပိုးသတၱဝါ အေၾကာင္းသာ အဓိပၸါယ္ဖြင့္ဆိုျပထားၿပီး တင္စားဆင့္ပြား ၾကမ္းပိုးေဝါဟာရအတြက္ အဓိပၸါယ္ဖြင့္ဆို မျပေသာေၾကာင့္ စာေပသုံး ေဝါဟာရအျဖစ္သို႔ ေရာက္မေရာက္ အတိအက် မေျပာနိုင္ေခ်။
ဗန္းစကားကို စာေပတြင္ ထည့္သြင္းသုံးစ အခ်ိန္၌ ျပႆနာမ်ား တက္တတ္သည္။ မေက်နပ္သံ၊ ေဝဖန္သံမ်ား ၾကားရတတ္သည္။ ဆရာႀကီးသခင္ကိုယ္ေတာ္မွိုင္း၏ ၾကာဋီကာ ေရးစဥ္ကဆိုလၽွင္
•    ေျပျပစ္သိမ္ေမြ႕စြာေသာ အဓိပၸါယ္ႏွင့္ ပညာရွိသုခမိန္တို႔ ေရးထားေသာ `ေရႊၾကာေနဝယ္´၊ `ေရျမင့္ၾကာတင့္´၊ `စိန္ၾကာႏြယ္´ အစရွိေသာ စကားမ်ားတြင္ ပါရွိသည့္ `ၾကာ´ ဟူေသာစကားကို ေလာကီအာ႐ုံ၊ ကာမဂုဏ္ အမိုက္တရားတို႔ကို လိုက္စားကာ မထိန္းနိုင္ၾကေသာ မိန္းမလိုက္စားသည့္ ၾကာစကား အဓိပၸါယ္ျဖစ္ေအာင္ ေရးသားျခင္းသည္ မစၥတာေမာင္မွိုင္းဆိုသူ တစ္ေယာက္ကိုသာ ၾကားဖူးပါသည္။ အၾကားအျမင္နည္းသည္ဟု ဆိုလၽွင္ ခံရပါေတာ့မည္။ ဤ မစၥတာေမာင္မွိုင္း ေကာက္ယူပုံကို ေထာက္လၽွင္ ျမန္မာဘာသာစကား ေကာင္းမ်ားကို ပ်က္ျပားတိမ္ျမႇုပ္၊ မဟုတ္မဟတ္ေအာင္ ေရးသားသည္ဟု ေတြးထင္ရန္ရွိသည္။
ဟု `တင္တင္´ ဆိုသူက ေဝဖန္ေၾကာင္း ေတြ႕ရသည္။ ယေန႔ေခတ္တြင္ `ၾကာ´၊` ၾကာခို´ေသာ စကားတို႔ကို ျမန္မာအဘိဓာန္တြင္ အဓိပၸါယ္ ဖြင့္ထားပါသည္။ ထို႔ေၾကာင့္ ခိုင္ျမဲေနေသာ စကားတစ္လုံးအျဖစ္ ေတြ႕ရသည္။
ေခတ္ေပၚစကားမ်ားသည္လည္း ဗန္းစကားတြင္ အက်ဳံးဝင္သည္။ ဗန္းစကား၊ ေခတ္စကားမ်ားကို ေခတ္လူငယ္တို႔က ပိုမိုအသုံးျပဳၾကသည္။ ျမန္မာနိုင္ငံတြင္ ဟိုမိုဗန္းစကား (အေျခာက္စကား) ဆိုသည္လည္းရွိေသး၏။

အဂၤလိပ္ဗန္းစကားတစ္ခုျဖစ္သည့္ rat hole (ႂကြက္တြင္း) ကို အရက္ အလြန္အကၽြံေသာက္ေလ့ရွိသူ အရက္သမားဟု ဖြင့္ဆိုနိုင္သည္။ ျမန္မာျပည္တြင္လည္း ထိုသို႔ေသာ ေသာက္သုံးသူမ်ားကို ႂကြက္တြင္းဘြဲ႕ ေပးၾကသည္။ ႂကြက္တြင္းထဲသို႔ ေရမည္မၽွထည့္ထည့္ ျပည့္လၽွံသြားသည္ဟူ၍မရွိ၊ သို႔မဟုတ္ ႂကြက္တြင္းျပည့္ဖို႔ ေရမ်ားစြာ ေလာင္းထည့္ရမည္။ သင့္ေလ်ာ္သည့္ တင္စားခ်က္ျဖစ္သည္။
ႂကြက္မ်ားကို ကမၻာအႏွံ့ေတြ႕နိုင္သျဖင့္ ထိုစကားလုံး၊ ထိုဗန္းစကားကို နိုင္ငံအေတာ္မ်ားမ်ားတြင္ သုံးၾကမည္ဟု ယူဆရသည္။ သို႔ေသာ္လည္း က်ေနာ့္မိတ္ေဆြအေမရိကန္အခ်ိဳ႕က သူတို ထိုစကားလုံးကို မသုံးေတာ့ဟု ဆိုသည္။ ငါးလိုပဲေသာက္တယ္ drink like a fish ဟု သုံးသည္။ သို႔ေသာ္ သူတို႔အေမရိကန္အသုံးက ႂကြက္တြင္းေလာက္ မပီျပင္။ မပီျပင္ေသာ္လည္း ႂကြက္တြင္းကို သုံးရမွာ ဝန္ေလးပုံရသည္။ ႂကြက္တြင္း rat hole ဆိုသည္ကလည္း သူတို႔ ျပစ္ျပစ္ႏွစ္ႏွစ္ ဆဲေရးသည့္အခါ သုံးသည့္ ‘888 hole’ ႏွင့္ ဆင္တူေရာင္ကြဲျဖစ္ေနသည္။
စက္႐ုံေတြထဲမွာ အလုပ္သမား ေတြသာ သိတဲ့ ဗန္းစကားေတြ ရွိသလို သဘင္သမား၊ ႐ုပ္ရွင္သမား ေတြသာ သိတဲ့ ဗန္းစကား ေတြလည္း ရွိပါတယ္။ အလားတူပဲ ဆရာဝန္နဲ႔ သူနာျပဳ ဆရာမေတြသာ သိတဲ့ ေဆး႐ုံးသုံး ဗန္းစကား ေတြလည္း ရွိပါတယ္။ စာနယ္ဇင္း ေလာကမွာလည္း သူတို႔သာသိတဲ့ ဗန္းစကား ေတြလည္း ရွိပါတယ္။ ဒီလို သီးသန႔္ နယ္ပယ္သုံး ဗန္းစကားမ်ိဳး ေတြကို Jargon ‘ဂ်ားဂန္း’လို႔ ေခၚပါတယ္။ နိုင္ငံေရး ေလာကမွာလည္း အဲဒီလို ဗန္းစကားမ်ိဳးေတြ အမ်ားႀကီး ရွိေနပါတယ္။ ဒီလိုစကားလုံး ေဝါဟာရေတြက အဘိဓာန္ ဖြင့္ၾကည့္႐ုံနဲ႔ သိနိုင္တာ မဟုတ္ဘူး။ စာဖတ္ရည္ ေတာ္ေတာ္ကို ၀ေနမွ သိနိုင္တာမ်ိဳးေတြ ျဖစ္ပါတယ္။ လာေမးၾကတဲ့ လူငယ္ေလးေတြက အသက္ႏွစ္ဆယ္ သာသာေလာက္သာ ရွိၾကေသးတာ ဆိုေတာ့ စာနယ္ဇင္း လုပ္သက္ ႏုေသးသလို စာဖတ္သက္လည္း ေတာ္ေတာ္ ႏုၾကေသးပုံ ရပါတယ္။ ‘နိုင္ငံေတာ္ အတြင္းေရးမႉး’ ဆိုတဲ့ အသုံး ေတြ႕လိုက္ရေတာ့ ကိုယ္တိုင္ေတာင္ အူေၾကာင္ေၾကာင္ ျဖစ္သြားခဲ့ဖူးပါတယ္။ သတင္းဆုံးေအာင္ ေသေသခ်ာခ်ာ ဆက္ဖတ္ လိုက္မွ အေမရိကန္မ်ား သုံးသည့္ ‘Secretary of state’ ဆိုတာကို ဘာသာျပန္ ထားတာမွန္း သိလိုက္ရသည္။ ထိုစာလုံးကို ‘နိုင္ငံျခားေရးဝန္ႀကီး’ လို႔ ဘာသာျပန္ရမယ္ ဆိုတာကို ဘာသာျပန္သူက သိပုံမရပါဘူး။

အဂၤလိပ္စာ ေလ့လာသည့္အခါ idiom ဆိုသည္ကို အမ်ားအျပားေတြ႕ရသည္။ ဗန္းစကား(slang) သည္ ထို idiomေခါင္းစဥ္ႀကီးေအာက္မွ ေခါင္းစဥ္အေသးေလးတစ္ခု ျဖစ္ေနသည္။ အဂၤလိပ္စာ ေလ့လာသူအခ်ိဳ႕က ထို idiom မ်ားကို ေလ့လာသင္ယူရခက္ခဲသျဖင့္ ေၾကာက္ၾက၊ မုန္းၾကသည္။"အဂၤလိပ္စာက ခက္လိုက္တာ၊ ျမန္မာစကားမွာေတာ့ idiom မရွိဘူး ေကာင္းတယ္" ဟု ဆိုသည္။ ျမန္မာစာကို ေက်ာင္းစာအုပ္ထဲ ထားခဲ့ၾကေသာေၾကာင့္ သတိလစ္သြားၾကျခင္းျဖစ္မည္။ ကမာရြတ္ၿမိဳ႕နယ္မွ အဂၤလိပ္စကားေျပာသင္တန္းဆရာ ဦးဝင္းနိုင္က idiom ကို အလကၤာဟု ဘာသာျပန္လိုသည္ဟု ေျပာဖူးသည္။
"သူ မသိတာထက္ လူမိတာခက္တယ္၊ ... ပတ္ဝန္းက်င္က အလြမ္းသမား ေသာကသည္ လို႔၊ ဗန္းစကားနဲ႔ ေျပာရတယ္ကြယ္ …" ဟူေသာ လႊမ္းမိုးသီဆိုခဲ့သည့္ သီခ်င္းတစ္ပုဒ္မွ စကားလုံးမ်ားကို ၾကည့္ပါ၊ "အလြမ္းသမား ေသာကသည္" ဟူေသာ ဖြဲ႕ဆိုခ်က္ကို ေတြ႕နိုင္သည္။ ထိုဖြဲ႕ဆိုခ်က္မွာ အလကၤာေျမာက္ေသာ္လည္း သီခ်င္းေရးသူက ဗန္းစကားဟုသာ ဆိုထားသည္။ "အလြမ္းသမား"ႏွင့္ ကာရန္ကိုက္ညီေစလို၍ "ဗန္းစကား" ဟူသည့္ စကားလုံးကို ေရြးထားျခင္းျဖစ္မည္။ သို႔ေသာ္လည္း အဓိပၸာယ္ေျပာင္းလဲျခင္းလည္းမရွိ၊ သေဘာသဘာ၀လည္း တူညီသျဖင့္ ထိုသို႔ေရြးထားျခင္းလည္း ျဖစ္မည္။ ဤသို႔ျဖင့္ က်ေနာ္တို႔သုံးေနေသာ "ဗန္းစကား" မ်ားႏွင့္ "အလကၤာ" မ်ား အျပန္အလွန္ ဆက္စပ္ေနသည္။\

[ Unicode Version ]

လက်ဖက်ရည်ဆိုင်တွင် နောင်ဂျိန် ဟု ပြောလျှင် ရေနွေးကြမ်း၊ လက်ဖက် ရည်ကြမ်း ဟု နားလည်သည်။ ဘောလုံးပွဲတွင် ပင်မှည့် ဟုပြောလျှင် သူနပြုသမားဟု နားလည်သည်။ ယင်းသို့အားဖြင့် ဗန်းစကားကို သူ့အသိုက်ဝန်းနှင့် သူသာ နားလည်သည်။ အသိုက်အဝန်း ပြင်ပမှ ပုဂ္ဂိုလ်များ မသိစေလိုသော စကားလုံးများကို ဗန်းစကားဖြင့် ပြောလေ့ရှိသည်။ ထိုအခါ ဗန်းစကားသည် လျှို့ဝှက် စကားသဘောသို့သက်ရောက်သွားသည်။
ဗန်းစကားကို များသောအားဖြင့် စာသင်ကျောင်းများ၊ ရုံးများ စသည်တို့က စတင်ထွင်တတ်ကြောင်း သိရသည်။ တောင်ပန်နီ ( ဓားပြဂိုဏ်းကြီး )၊ မြွေပွေး ( သတ္တိရှိသောဓားပြ )၊ ဇိတ် ( သွေးကြောင်သူ )၊ အာကာ (အောက်စောင့်)၊ ဗျောက်၊ အတို ( ခြောက်လုံးပူးသေနတ် )၊ နာနတ်သီး ( လက်ပစ်ဗုံး ) စသည်တို့သည် ရဲအဖွဲ့ကြီးက ထွင်သော ဗန်းစကားအချို့ဖြစ်သည်။ ထိုနည်းတူစွာ ပြည်တွင်းရေကြောင်းသယ်ယူ ပို့ဆောင်ရေးဌာန၊ မီးရထားဌာန စသောလုပ်ငန်းဌာနကြီးများကလည်း ဗဘန်းစကားများကို ထွင်ကြမည်သာ ဖြစ်၏။ ယင်းကဲ့သို့ထွင်ကြရာ၌ အကြောင်းယုတ္တိတန်သည် မတန်သည်၊ ဆီလျော်သည် မဆီလျော်သည်မှာ ပဓာနမဟုတ်။ သက်ဆိုင်ရာ အသိုက်အဝန်းတွင်းရှိ လူအများက နားလည် လက်ခံသုံးစွဲခြင်းသည်သာလျှင် ပဓာနဖြစ်သည်။
ဗန်းစကားတွင် ပြောင်လှောင် သရော်လိုဟန် အရိပ်အယောင်များ တွေ့ရတတ်သည်။ ထွင်ထားသော စကားလုံး၏ အသံထွက်သည်ပင်လျှင် တစ်ခါတစ်ရံ ရယ်ဖွယ်ဖြစ်နေသည်။ ပုံစံများမှာ ရှူးတေ့-ဆီးသွားသည်။ ဟားငနဲ-လူပြက်။ ဆိတ်လစိ-ဖြောင့်ချက်ပေးသူ ဟူသော စကားမျိုးများ ဖြစ်သည်။ စိတ်ဆိုး စိတ်ကောက်သည် ကိုပင် အဘိဓမ္မာဆံဆံ စေတသိက်ယိုင်သည် ဟု သုံးစွဲနေကြသည်။ ဆော့သည် ကို ဈာန်ပျံသည် ဟု မအပ်မရာ ချဲ့ကားထားသည်ကို တွေ့ရသည်။
ဗန်းစကားတွင် ပါဝင်သော စကားလုံးတို့သည် နာမ်သာများ၍ ကြိယာ အလွန်နည်းသည်။ ထိုပြင် ဗန်းစကားဖြင့် ဝါကျ တစ်ပုဒ်ဖြစ်အောင် မဖွဲ့နိုင်။ သာမန်မစကားတွင် ည|ပ်၍ ပြောမှ ဝါကျတစ်ပုဒ်ဖြစ်သည်။ ဗန်းစကားတွင် မွန်စကားလုံး နည်းငယ် တွေ့ရသည်။ ( မွန်၊ က-ငါး။ မွန်၊ ဇဗလု-ကွမ်းသီး။ ပုင်- ထမင်း။ ) သို့သော် ဗန်းစကား အားလုံးသည် မွန်ဘာသာ စကားမှ ဆင်းသက်လာသည်ဟု မဆိုနိုင်ပေ။
ဗန်းစကားဖြစ်ပေါ်လာပုံကို ဘာသာဗေဒပညာရှင် ဦးတင်လှက အောက်ပါအတိုင်း တင်ပြသည်။ `ဗန်းစကားသည် မူလက လူတစ်စု နောက်ပြောင်ပြောဆိုရင်း ထွင်လိုက်သော စကားဖြစ်သည်။ ထို့နောက် ယင်းလူစု၊ အသိုင်းအဝိုင်းအတွင်း ခေတ်စားသွားကာ အချို့က အတုခိုးပြောဆို လာကြသည်။ ကာလအတန်ကြာသွားသောအခါ ယင်းစကားလုံးကို အများက လက်ခံသုံးစွဲလာကြသည်။ အများက လက်ခံသုံးစွဲခြင်း မပြုဘဲ ပျောက်ပျက်သွားရသည် လည်း ရှိသည်။

ဤဗန်းစကားကို အများက လက်ခံသုံးစွဲလာပြီး အသုံးတွင်ကျယ်လာကာ စာပေသုံး ဝေါဟာရ ဖြစ်သွားလျှင် ဗန်းစကားဟု မခေါ်ဆိုနိုင်တော့ကြောင်း မြန်မာစွယ်စုံကျမ်းတွင် တွေ့ရသည်။
သိပ္ပံမောင်ဝသည် ၁၉၂၇-ခုနှစ်က `ပေါ်ပေါက်ခါစ မြန်မာစကားကလေး´ဟူသော ဆောင်းပါးဖြင့် ကြမ်းပိုး ဟူသောစကားကို အဓိပ္ပါယ်ခန့်မှန်း ကြည့်ထားသည်ကို တွေ့ရရာ ထိုခေတ်လောက်က ထိုစကားပေါ်ပေါက်မည်ဟု ခန့်မှန်းရသည်။ ထိုစကားသည် တက္ကသိုလ် မြန်မာအဘိဓာန်တွင် `အကျင့်ရှုပ်ပွေသောသူ၊ ညာ လှိုင်း ခိုမှီနေတတ်သူ´ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ထိုစကားသည် အဘိဓာန်ထဲ ထည့်သွင်းနိုင်သည့် အဆင့် ရောက်လာ၍ ဗန်းစကား မဟုတ်တော့ကြောင်း မောင်ခင်မင်(ဓနူဖြူ)က မှတ်ချက်ပြုပါသည်။ သို့သော် ထိုစကားကို မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် မူလကြမ်းပိုးသတ္တဝါ အကြောင်းသာ အဓိပ္ပါယ်ဖွင့်ဆိုပြထားပြီး တင်စားဆင့်ပွား ကြမ်းပိုးဝေါဟာရအတွက် အဓိပ္ပါယ်ဖွင့်ဆို မပြသောကြောင့် စာပေသုံး ဝေါဟာရအဖြစ်သို့ ရောက်မရောက် အတိအကျ မပြောနိုင်ချေ။
ဗန်းစကားကို စာပေတွင် ထည့်သွင်းသုံးစ အချိန်၌ ပြဿနာများ တက်တတ်သည်။ မကျေနပ်သံ၊ ဝေဖန်သံများ ကြားရတတ်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကြာဋီကာ ရေးစဉ်ကဆိုလျှင်
•    ပြေပြစ်သိမ်မွေ့စွာသော အဓိပ္ပါယ်နှင့် ပညာရှိသုခမိန်တို့ ရေးထားသော `ရွှေကြာနေဝယ်´၊ `ရေမြင့်ကြာတင့်´၊ `စိန်ကြာနွယ်´ အစရှိသော စကားများတွင် ပါရှိသည့် `ကြာ´ ဟူသောစကားကို လောကီအာရုံ၊ ကာမဂုဏ် အမိုက်တရားတို့ကို လိုက်စားကာ မထိန်းနိုင်ကြသော မိန်းမလိုက်စားသည့် ကြာစကား အဓိပ္ပါယ်ဖြစ်အောင် ရေးသားခြင်းသည် မစ္စတာမောင်မှိုင်းဆိုသူ တစ်ယောက်ကိုသာ ကြားဖူးပါသည်။ အကြားအမြင်နည်းသည်ဟု ဆိုလျှင် ခံရပါတော့မည်။ ဤ မစ္စတာမောင်မှိုင်း ကောက်ယူပုံကို ထောက်လျှင် မြန်မာဘာသာစကား ကောင်းများကို ပျက်ပြားတိမ်မြှုပ်၊ မဟုတ်မဟတ်အောင် ရေးသားသည်ဟု တွေးထင်ရန်ရှိသည်။
ဟု `တင်တင်´ ဆိုသူက ဝေဖန်ကြောင်း တွေ့ရသည်။ ယနေ့ခေတ်တွင် `ကြာ´၊` ကြာခို´သော စကားတို့ကို မြန်မာအဘိဓာန်တွင် အဓိပ္ပါယ် ဖွင့်ထားပါသည်။ ထို့ကြောင့် ခိုင်မြဲနေသော စကားတစ်လုံးအဖြစ် တွေ့ရသည်။
ခေတ်ပေါ်စကားများသည်လည်း ဗန်းစကားတွင် အကျုံးဝင်သည်။ ဗန်းစကား၊ ခေတ်စကားများကို ခေတ်လူငယ်တို့က ပိုမိုအသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ဟိုမိုဗန်းစကား (အခြောက်စကား) ဆိုသည်လည်းရှိသေး၏။

အင်္ဂလိပ်ဗန်းစကားတစ်ခုဖြစ်သည့် rat hole (ကြွက်တွင်း) ကို အရက် အလွန်အကျွံသောက်လေ့ရှိသူ အရက်သမားဟု ဖွင့်ဆိုနိုင်သည်။ မြန်မာပြည်တွင်လည်း ထိုသို့သော သောက်သုံးသူများကို ကြွက်တွင်းဘွဲ့ ပေးကြသည်။ ကြွက်တွင်းထဲသို့ ရေမည်မျှထည့်ထည့် ပြည့်လျှံသွားသည်ဟူ၍မရှိ၊ သို့မဟုတ် ကြွက်တွင်းပြည့်ဖို့ ရေများစွာ လောင်းထည့်ရမည်။ သင့်လျော်သည့် တင်စားချက်ဖြစ်သည်။
ကြွက်များကို ကမ္ဘာအနှံ့တွေ့နိုင်သဖြင့် ထိုစကားလုံး၊ ထိုဗန်းစကားကို နိုင်ငံအတော်များများတွင် သုံးကြမည်ဟု ယူဆရသည်။ သို့သော်လည်း ကျနော့်မိတ်ဆွေအမေရိကန်အချို့က သူတို ထိုစကားလုံးကို မသုံးတော့ဟု ဆိုသည်။ ငါးလိုပဲသောက်တယ် drink like a fish ဟု သုံးသည်။ သို့သော် သူတို့အမေရိကန်အသုံးက ကြွက်တွင်းလောက် မပီပြင်။ မပီပြင်သော်လည်း ကြွက်တွင်းကို သုံးရမှာ ဝန်လေးပုံရသည်။ ကြွက်တွင်း rat hole ဆိုသည်ကလည်း သူတို့ ပြစ်ပြစ်နှစ်နှစ် ဆဲရေးသည့်အခါ သုံးသည့် ‘888 hole’ နှင့် ဆင်တူရောင်ကွဲဖြစ်နေသည်။
စက်ရုံတွေထဲမှာ အလုပ်သမား တွေသာ သိတဲ့ ဗန်းစကားတွေ ရှိသလို သဘင်သမား၊ ရုပ်ရှင်သမား တွေသာ သိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ အလားတူပဲ ဆရာဝန်နဲ့ သူနာပြု ဆရာမတွေသာ သိတဲ့ ဆေးရုံးသုံး ဗန်းစကား တွေလည်း ရှိပါတယ်။ စာနယ်ဇင်း လောကမှာလည်း သူတို့သာသိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ ဒီလို သီးသန့် နယ်ပယ်သုံး ဗန်းစကားမျိုး တွေကို Jargon ‘ဂျားဂန်း’လို့ ခေါ်ပါတယ်။ နိုင်ငံရေး လောကမှာလည်း အဲဒီလို ဗန်းစကားမျိုးတွေ အများကြီး ရှိနေပါတယ်။ ဒီလိုစကားလုံး ဝေါဟာရတွေက အဘိဓာန် ဖွင့်ကြည့်ရုံနဲ့ သိနိုင်တာ မဟုတ်ဘူး။ စာဖတ်ရည် တော်တော်ကို ဝနေမှ သိနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ လာမေးကြတဲ့ လူငယ်လေးတွေက အသက်နှစ်ဆယ် သာသာလောက်သာ ရှိကြသေးတာ ဆိုတော့ စာနယ်ဇင်း လုပ်သက် နုသေးသလို စာဖတ်သက်လည်း တော်တော် နုကြသေးပုံ ရပါတယ်။ ‘နိုင်ငံတော် အတွင်းရေးမှူး’ ဆိုတဲ့ အသုံး တွေ့လိုက်ရတော့ ကိုယ်တိုင်တောင် အူကြောင်ကြောင် ဖြစ်သွားခဲ့ဖူးပါတယ်။ သတင်းဆုံးအောင် သေသေချာချာ ဆက်ဖတ် လိုက်မှ အမေရိကန်များ သုံးသည့် ‘Secretary of state’ ဆိုတာကို ဘာသာပြန် ထားတာမှန်း သိလိုက်ရသည်။ ထိုစာလုံးကို ‘နိုင်ငံခြားရေးဝန်ကြီး’ လို့ ဘာသာပြန်ရမယ် ဆိုတာကို ဘာသာပြန်သူက သိပုံမရပါဘူး။

အင်္ဂလိပ်စာ လေ့လာသည့်အခါ idiom ဆိုသည်ကို အများအပြားတွေ့ရသည်။ ဗန်းစကား(slang) သည် ထို idiomခေါင်းစဉ်ကြီးအောက်မှ ခေါင်းစဉ်အသေးလေးတစ်ခု ဖြစ်နေသည်။ အင်္ဂလိပ်စာ လေ့လာသူအချို့က ထို idiom များကို လေ့လာသင်ယူရခက်ခဲသဖြင့် ကြောက်ကြ၊ မုန်းကြသည်။"အင်္ဂလိပ်စာက ခက်လိုက်တာ၊ မြန်မာစကားမှာတော့ idiom မရှိဘူး ကောင်းတယ်" ဟု ဆိုသည်။ မြန်မာစာကို ကျောင်းစာအုပ်ထဲ ထားခဲ့ကြသောကြောင့် သတိလစ်သွားကြခြင်းဖြစ်မည်။ ကမာရွတ်မြို့နယ်မှ အင်္ဂလိပ်စကားပြောသင်တန်းဆရာ ဦးဝင်းနိုင်က idiom ကို အလင်္ကာဟု ဘာသာပြန်လိုသည်ဟု ပြောဖူးသည်။
"သူ မသိတာထက် လူမိတာခက်တယ်၊ ... ပတ်ဝန်းကျင်က အလွမ်းသမား သောကသည် လို့၊ ဗန်းစကားနဲ့ ပြောရတယ်ကွယ် …" ဟူသော လွှမ်းမိုးသီဆိုခဲ့သည့် သီချင်းတစ်ပုဒ်မှ စကားလုံးများကို ကြည့်ပါ၊ "အလွမ်းသမား သောကသည်" ဟူသော ဖွဲ့ဆိုချက်ကို တွေ့နိုင်သည်။ ထိုဖွဲ့ဆိုချက်မှာ အလင်္ကာမြောက်သော်လည်း သီချင်းရေးသူက ဗန်းစကားဟုသာ ဆိုထားသည်။ "အလွမ်းသမား"နှင့် ကာရန်ကိုက်ညီစေလို၍ "ဗန်းစကား" ဟူသည့် စကားလုံးကို ရွေးထားခြင်းဖြစ်မည်။ သို့သော်လည်း အဓိပ္ပာယ်ပြောင်းလဲခြင်းလည်းမရှိ၊ သဘောသဘာဝလည်း တူညီသဖြင့် ထိုသို့ရွေးထားခြင်းလည်း ဖြစ်မည်။ ဤသို့ဖြင့် ကျနော်တို့သုံးနေသော "ဗန်းစကား" များနှင့် "အလင်္ကာ" များ အပြန်အလှန် ဆက်စပ်နေသည်။

Credit - ဆရာစိုးသိဏၤး

0 comments:

Post a Comment