လမ္းမ Slng သို႕မဟုတ္ ဗန္းစကား
July 31, 2017
No Comments
[ Zawgyi Version ]
ဘန္းစကားဟူသည္ ေျပာဆိုေရးသားသို အဓိပၸာယ္တိုက္ရိုက္မထြက္ဘဲ သီးျခား အဓိပၸာယ္ထြက္လာသည့္စာ၊ စကားတစ္မ်ိဳးျဖစ္သည္။ သို႔ေသာ္ ထိုစကားကို ၾကားသူတို႔အဖို႔ အဓိပၸာယ္သည္ ငုပ္ေနတတ္သည္။ ဘာကိုဆိုလိုသည္ကို ႐ုတ္တရက္မသိနိုင္ျဖစ္ရသည္။ အရပ္သုံးစကားဟုလည္း ဆိုနိုင္သည္။ ဘန္းစကားမ်ားသည္ အေၾကာင္းရပ္ တစ္ခုကို လွလွပပ၊ ေပၚေပၚလြင္လြင္ ျဖစ္လာေအာင္ဖန္တီးေပးနိုင္သည့္ စြမ္းပကား ရွိသျဖင့္ ယင္းတို႔ကို ေနရာတက် သုံးနိုင္ေလေလ ထိုစာ၊ ထိုစကားသည္ ဖတ္၍မဝ၊ နာ၍မၿငီးဘဲ ဆြဲေဆာင္မႈ ရွိေလေလျဖစ္သည္။ အဂၤလိပ္လို ဘန္းစကားကို အီဒီယမ္ ဟုေခၚနိုင္သည္။ ဘာသာစကားတိုင္းတြင္ ဘန္းစကားမ်ားရွိၾကသည္။ ယင္းတို႔သည္ အဘိဓာန္၊ က်မ္းႀကီးက်မ္းခိုင္မ်ားမွ ထြက္လာၾကသည္ မဟုတ္သလို၊ ပညာရွိႀကီးတို႔ တမင္တကာဖန္တီးေပးထားေသာ အရာမ်ားလည္း မဟုတ္ေခ်။ သက္ဆိုင္ရာ လူ႔အဖြဲ႕အစည္း တစ္ရပ္အတြင္းမွ ေနထိုင္သြားလာ ဆက္ဆံထိေတြ႕ရင္း ေပၚလာသည့္ အျမဳေတရတနာမ်ားသာ ျဖစ္ၾကသည္။
ျမန္မာဘန္းစကားမ်ားသည္ ပုံစံအမ်ိဳးမ်ိဳးရွိသည္။ နာမ္၊ ႀကိယာ၊ နာမဝိေသသန၊ ႀကိယာဝိေသသနမ်ားအျဖစ္ အမ်ိဳးမ်ိဳးသုံးနိုင္သည္။ ဥပမာအားျဖင့္ - ကာလနဂါး၊ ေကာ္တရာ၊ ေခြးဝင္စား၊ ေခါင္းပုံျဖတ္၊ ျခစား၊ ခၽြတ္ျခဳံက်၊ ေျခာက္ျပစ္ကင္း၊ ေခ်ာ (လွပ)၊ ကဖ်က္ယဖ်က္၊ တကူးတကန႔္၊ မမွိတ္မသုန္၊ မ်က္စိက် စသည္တို႔ျဖစ္သည္။
ဗန္းစကားကို ေခတ္ကာလအေလၽွာက္ ဝွက္၍ျဖစ္ေစ၊ တင္စား၍ျဖစ္ေစ၊ အေၾကာင္းစြဲ၍ျဖစ္ေစ၊ အသစ္ထည့္သြင္း တီထြင္ေျပာဆို သုံးႏႈန္းေသာ စကားလုံးဟူ၍ ဖြင့္ဆိုသည္။ ဗန္းစကားကို ေန႔စဥ္သုံးေနၾကသည္။ ကိုယ္မသုံးလည္း ၾကားေနရသည္။ ေရွာင္ေျပး၍မရ။ အဓိပၸာယ္ သိနားလည္ရန္ လိုအပ္လာသည္။ ဤသို႔ျဖင့္ ဗန္းစကားကို ေလ့လာရေတာ့သည္။ "ပိန္းတယ္ ဆိုတာ ဘာကိုေျပာလဲ၊ စလုံး ဆိုတာ ဘာလဲ …" စသျဖင့္ စူးစမ္း ေမးျမန္းၾကရသည္။ အင္တာနက္သုံးသူမ်ားကမူ ေခတ္၏ေနာက္တြင္ က်န္ရစ္မေနေရးအတြက္ ေခတ္လူငယ္တို႔၏ ဘေလာ့ဂ္စာမ်က္ႏွာမ်ားေပၚမွ ဗန္းစကားဖြင့္ဆိုခ်က္မ်ိဳးစုံကို ဖတ္ရႈမွတ္သားၾကသည္။ "ဗန္းစကား သိပ္မေျပာပါနဲ႔၊ ကိုယ္ရည္ကိုယ္ေသြး က်တတ္တယ္။" ဟု မိန႔္ၾကားသူမွာ ၿပီးခဲ့သည့္ ဆယ္စုႏွစ္အတြင္း တဟုန္ထိုး ေက်ာ္ၾကားလာသည့္ ဆရာေတာ္ဦးေဇာတိကျဖစ္သည္။ ဗန္းစကားကို အလြန္အကၽြံ အသုံးမျပဳဖို႔ သတိေပးလိုဟန္ရွိသည္။
"ဗန္းစကားမ်ားသည္ အခ်ည္းအႏွီးမဟုတ္ေပ။ လူမ်ိဳး၏ ယဥ္ေက်းမႈေနာက္ခံကားႏွင့္ စရိုက္သြင္ျပင္ကိုလည္းေကာင္း၊ စကားေျပအတတ္ကိုလည္းေကာင္း၊ ဥပမာ၊ ဥပစာ သုံးစြဲပုံကိုလည္းေကာင္း ေဖာ္ျပလ်က္ရွိေနေပသည္ …" ဟူ၏။(လွသမိန္ ၏ "ျမန္မာဗန္းစကား အဓိပၸာယ္ႏွင့္ သုံးနည္း" စာအုပ္မွ) ဗန္းစကားကို ပစ္ထားလို႔လည္းမျဖစ္၊ အလြန္အကၽြံသုံးလို႔လည္းမျဖစ္သည့္သေဘာ။
ဗန္းစကားသည္ မ်ားေသာအားျဖင့္ သဘင္သည္တို႔ေျပာဆိုသုံးစြဲေသာ စကားတစ္မ်ိဳးျဖစ္သည္။ သဘင္သည္တို႔သာ ေျပာဆိုသုံးစြဲေသာေၾကာင့္လည္း ဗန္းစကားဟု တြင္ေနဟန္တူသည္။ ယခုအခါတြင္ သဘင္သည္ေလာကႏွင့္ ကားသမားေလာကတြင္ မ်ားအားျဖင့္ အသုံးျပဳေျပာဆိုလ်က္ရွိသည္။ စာေပသုံးမဟုတ္ေသာ အရပ္စကားကို လူအမ်ားနားလည္နိုင္မည္ ျဖစ္ေသာ္လည္း ဗန္းစကားကိုမူကား လူတိုင္းနားလည္နိုင္ရန္ ခဲယဥ္သည္။ သို႔တေစ ဗန္းစကားသည္ ရပ္စကားမွ ေပါက္ဖြားႀကီးထြားလာရသည္ဟု ဆိုရမည္ျဖစ္သည္။ အကယ္၍ ဗန္းစကားတစ္လုံးသည္ အသုံးတြင္က်ယ္လာကာ စာေပသုံး ေဝါဟာရ ျဖစ္သြားလၽွင္မူကား ဗန္းစကားဟု မေခၚနိုင္ေတာ့ေခ်။ ဗန္းစကားသည္ မည္သည့္ဘာသာ စကားရပ္၌မဆို ရွိၾကစျမဲျဖစ္သည္။
ယခုေခတ္လူမ်ားေျပာဆိုေနၾကသည့္ အသုံးမက် အရာမဝင္သူ ဟု အဓိပၸာယ္ရေသာ ဖြဲ ကိုလည္းေကာင္း၊ လြန္ေခ်ာသည္ ဟု အဓိပၸာယ္ရေသာ ရက္စက္သည္ ကိုလည္းေကာင္း၊ ကားသမား ေလာ ကတြင္ ေျပာဆိုေနၾကသည့္ ပိုက္ဆံမရသည့္သူ၊ တန္ဖိုးမရွိသည့္သူ ဟု အဓိပၸာယ္ရေသာ ခဲပဲေစ့ ကို လည္းေကာင္း လူတိုင္းနားလည္ၾကမည္ မဟုတ္ေခ်။ ထိုနည္းတူစြာ မႏၲေလးဘက္တြင္ ေျပာဆိုေနေသာ ကာတစ္ ( မိန္းမတင္ပါးဆုံ )ႏွင့္ ဝါဟစ္ ( မိန္းမရင္သား ) စသည္တို႔ကို ေအာက္ျပည္ေအာက္ရြာတြင္ ေနထိုင္ၾက သူမ်ား နားလည္သူနည္းသည္။
[ Unicode Version ]
ဘန်းစကားဟူသည် ပြောဆိုရေးသားသို အဓိပ္ပာယ်တိုက်ရိုက်မထွက်ဘဲ သီးခြား အဓိပ္ပာယ်ထွက်လာသည့်စာ၊ စကားတစ်မျိုးဖြစ်သည်။ သို့သော် ထိုစကားကို ကြားသူတို့အဖို့ အဓိပ္ပာယ်သည် ငုပ်နေတတ်သည်။ ဘာကိုဆိုလိုသည်ကို ရုတ်တရက်မသိနိုင်ဖြစ်ရသည်။ အရပ်သုံးစကားဟုလည်း ဆိုနိုင်သည်။ ဘန်းစကားများသည် အကြောင်းရပ် တစ်ခုကို လှလှပပ၊ ပေါ်ပေါ်လွင်လွင် ဖြစ်လာအောင်ဖန်တီးပေးနိုင်သည့် စွမ်းပကား ရှိသဖြင့် ယင်းတို့ကို နေရာတကျ သုံးနိုင်လေလေ ထိုစာ၊ ထိုစကားသည် ဖတ်၍မဝ၊ နာ၍မငြီးဘဲ ဆွဲဆောင်မှု ရှိလေလေဖြစ်သည်။ အင်္ဂလိပ်လို ဘန်းစကားကို အီဒီယမ် ဟုခေါ်နိုင်သည်။ ဘာသာစကားတိုင်းတွင် ဘန်းစကားများရှိကြသည်။ ယင်းတို့သည် အဘိဓာန်၊ ကျမ်းကြီးကျမ်းခိုင်များမှ ထွက်လာကြသည် မဟုတ်သလို၊ ပညာရှိကြီးတို့ တမင်တကာဖန်တီးပေးထားသော အရာများလည်း မဟုတ်ချေ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှ နေထိုင်သွားလာ ဆက်ဆံထိတွေ့ရင်း ပေါ်လာသည့် အမြုတေရတနာများသာ ဖြစ်ကြသည်။
မြန်မာဘန်းစကားများသည် ပုံစံအမျိုးမျိုးရှိသည်။ နာမ်၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသနများအဖြစ် အမျိုးမျိုးသုံးနိုင်သည်။ ဥပမာအားဖြင့် - ကာလနဂါး၊ ကော်တရာ၊ ခွေးဝင်စား၊ ခေါင်းပုံဖြတ်၊ ခြစား၊ ချွတ်ခြုံကျ၊ ခြောက်ပြစ်ကင်း၊ ချော (လှပ)၊ ကဖျက်ယဖျက်၊ တကူးတကန့်၊ မမှိတ်မသုန်၊ မျက်စိကျ စသည်တို့ဖြစ်သည်။
ဗန်းစကားကို ခေတ်ကာလအလျှောက် ဝှက်၍ဖြစ်စေ၊ တင်စား၍ဖြစ်စေ၊ အကြောင်းစွဲ၍ဖြစ်စေ၊ အသစ်ထည့်သွင်း တီထွင်ပြောဆို သုံးနှုန်းသော စကားလုံးဟူ၍ ဖွင့်ဆိုသည်။ ဗန်းစကားကို နေ့စဉ်သုံးနေကြသည်။ ကိုယ်မသုံးလည်း ကြားနေရသည်။ ရှောင်ပြေး၍မရ။ အဓိပ္ပာယ် သိနားလည်ရန် လိုအပ်လာသည်။ ဤသို့ဖြင့် ဗန်းစကားကို လေ့လာရတော့သည်။ "ပိန်းတယ် ဆိုတာ ဘာကိုပြောလဲ၊ စလုံး ဆိုတာ ဘာလဲ …" စသဖြင့် စူးစမ်း မေးမြန်းကြရသည်။ အင်တာနက်သုံးသူများကမူ ခေတ်၏နောက်တွင် ကျန်ရစ်မနေရေးအတွက် ခေတ်လူငယ်တို့၏ ဘလော့ဂ်စာမျက်နှာများပေါ်မှ ဗန်းစကားဖွင့်ဆိုချက်မျိုးစုံကို ဖတ်ရှုမှတ်သားကြသည်။ "ဗန်းစကား သိပ်မပြောပါနဲ့၊ ကိုယ်ရည်ကိုယ်သွေး ကျတတ်တယ်။" ဟု မိန့်ကြားသူမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တဟုန်ထိုး ကျော်ကြားလာသည့် ဆရာတော်ဦးဇောတိကဖြစ်သည်။ ဗန်းစကားကို အလွန်အကျွံ အသုံးမပြုဖို့ သတိပေးလိုဟန်ရှိသည်။
"ဗန်းစကားများသည် အချည်းအနှီးမဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း၊ စကားပြေအတတ်ကိုလည်းကောင်း၊ ဥပမာ၊ ဥပစာ သုံးစွဲပုံကိုလည်းကောင်း ဖော်ပြလျက်ရှိနေပေသည် …" ဟူ၏။(လှသမိန် ၏ "မြန်မာဗန်းစကား အဓိပ္ပာယ်နှင့် သုံးနည်း" စာအုပ်မှ) ဗန်းစကားကို ပစ်ထားလို့လည်းမဖြစ်၊ အလွန်အကျွံသုံးလို့လည်းမဖြစ်သည့်သဘော။
ဗန်းစကားသည် များသောအားဖြင့် သဘင်သည်တို့ပြောဆိုသုံးစွဲသော စကားတစ်မျိုးဖြစ်သည်။ သဘင်သည်တို့သာ ပြောဆိုသုံးစွဲသောကြောင့်လည်း ဗန်းစကားဟု တွင်နေဟန်တူသည်။ ယခုအခါတွင် သဘင်သည်လောကနှင့် ကားသမားလောကတွင် များအားဖြင့် အသုံးပြုပြောဆိုလျက်ရှိသည်။ စာပေသုံးမဟုတ်သော အရပ်စကားကို လူအများနားလည်နိုင်မည် ဖြစ်သော်လည်း ဗန်းစကားကိုမူကား လူတိုင်းနားလည်နိုင်ရန် ခဲယဉ်သည်။ သို့တစေ ဗန်းစကားသည် ရပ်စကားမှ ပေါက်ဖွားကြီးထွားလာရသည်ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ ဗန်းစကားတစ်လုံးသည် အသုံးတွင်ကျယ်လာကာ စာပေသုံး ဝေါဟာရ ဖြစ်သွားလျှင်မူကား ဗန်းစကားဟု မခေါ်နိုင်တော့ချေ။ ဗန်းစကားသည် မည်သည့်ဘာသာ စကားရပ်၌မဆို ရှိကြစမြဲဖြစ်သည်။
ယခုခေတ်လူများပြောဆိုနေကြသည့် အသုံးမကျ အရာမဝင်သူ ဟု အဓိပ္ပာယ်ရသော ဖွဲ ကိုလည်းကောင်း၊ လွန်ချောသည် ဟု အဓိပ္ပာယ်ရသော ရက်စက်သည် ကိုလည်းကောင်း၊ ကားသမား လော ကတွင် ပြောဆိုနေကြသည့် ပိုက်ဆံမရသည့်သူ၊ တန်ဖိုးမရှိသည့်သူ ဟု အဓိပ္ပာယ်ရသော ခဲပဲစေ့ ကို လည်းကောင်း လူတိုင်းနားလည်ကြမည် မဟုတ်ချေ။ ထိုနည်းတူစွာ မန္တလေးဘက်တွင် ပြောဆိုနေသော ကာတစ် ( မိန်းမတင်ပါးဆုံ )နှင့် ဝါဟစ် ( မိန်းမရင်သား ) စသည်တို့ကို အောက်ပြည်အောက်ရွာတွင် နေထိုင်ကြ သူများ နားလည်သူနည်းသည်။
Credit - ဆရာစိုးသိဏၤး
0 comments:
Post a Comment