Earn free bitcoin ကာရန္ | ဗမာရက္ပ္

ကာရန္


[ Zawgyi Version ]

ကာရန္ ဟူသည္မွာ အကၡရာ၏ အဆုံးသံျဖစ္သည္။ ကာရႏၲ ဟူေသာ ပါဠိစကားမွာ ဆင္းသက္လာေသာ စကားျဖစ္သည္။ အကၡရာ၏အဆုံးသတ္ (သို႔မဟုတ္) အဆုံး အကၡရာဟု အဓိပၸါယ္ရပါသည္။ ဥပမာ - ကအကၡရာ၏အသံသည္ အ ျဖစ္သည္။ ကာအကၡရာ၏အသံသည္အာျဖစ္သည္။ ကား အကၡရာ၏ အသံသည္ အား ျဖစ္သည္။ ခဲ ဟုဆိုလၽွင္ အဲ ကာရန္ဟု သိရမည္။ စူးဟုဆိုလၽွင္ အူး ကာရန္ဟု သိရမည္။ ကာရန္ယူရာတြင္ အကၡရာ၏အဆုံးသံခ်င္း အညီယူသည္လည္း ရွိသည္။ တပိုဒ္ႏွင့္ တပိုဒ္တို႔၏အဆုံးရွိ အသံခ်င္း အညီယူသည္လည္းရွိသည္။ ႏွစ္ပိုဒ္၊ သုံးပိုဒ္ စေသာ ဝါက်တို႔၏ အဆုံးရွိ အသံခ်င္း အညီယူသည္လည္း ရွိသည္။ အကၡရာ၏ အဆုံးကာရန္ကို ဝဏၰကာရန္၊ စာပိုဒ္၏အဆုံးကာရန္ကို ပဒကာရန္၊ ဝါက်၏အဆုံးကာရန္ကို ဝါက်ကာရန္ ဟူ၍ေခၚၾကသည္။

ကာရန္ (၆၄) ပါး ရွိသည္။

ကာရန္တူမ်ားမွာ

ကား = စား၊ ဝါး၊ ငါး၊ လား၊ ထြား၊ တား၊ ပြား၊ ပ်ား။

ခင္ = မင္၊ ၾကင္၊ ျမင္၊ စင္၊ လြင္၊ ရွင္။

ေကာင္း = ေထာင္း၊ ေမာင္း၊ ေသာင္း၊ ေက်ာင္း၊ ေစာင္း။

ေမ = ေဖ၊ ေဆြ၊ ေဝ၊ ေျမ၊ ေရႊ၊ ေငြ။

စမ္း = ဂ်မ္း၊ စြမ္း၊ ကမ္း၊ ဖမ္း၊ လမ္း။

ေစာ = ေမာ၊ ေတာ၊ ေသာ၊ ေျပာ၊ ေကာ။

ေအး = ေငး၊ ေလး၊ ေတြး၊ ေဆြး၊ ေရး။

တိုး = ၿဖိဳး၊ စိုး၊ မိုး၊ အိုး၊ ႀကိဳး၊ ဆိုး။

ထြတ္ = ကၽြတ္၊ လြတ္၊ ဆြတ္၊ မြတ္၊ ရႊတ္။

နီ = တီ၊ စီ၊ ရီ၊ ၿပီ၊ ခ်ီ၊ သီ၊ ညီ။

[ Unicode Version ]

ကာရန် ဟူသည်မှာ အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန္တ ဟူသော ပါဠိစကားမှာ ဆင်းသက်လာသော စကားဖြစ်သည်။ အက္ခရာ၏အဆုံးသတ် (သို့မဟုတ်) အဆုံး အက္ခရာဟု အဓိပ္ပါယ်ရပါသည်။ ဥပမာ - ကအက္ခရာ၏အသံသည် အ ဖြစ်သည်။ ကာအက္ခရာ၏အသံသည်အာဖြစ်သည်။ ကား အက္ခရာ၏ အသံသည် အား ဖြစ်သည်။ ခဲ ဟုဆိုလျှင် အဲ ကာရန်ဟု သိရမည်။ စူးဟုဆိုလျှင် အူး ကာရန်ဟု သိရမည်။ ကာရန်ယူရာတွင် အက္ခရာ၏အဆုံးသံချင်း အညီယူသည်လည်း ရှိသည်။ တပိုဒ်နှင့် တပိုဒ်တို့၏အဆုံးရှိ အသံချင်း အညီယူသည်လည်းရှိသည်။ နှစ်ပိုဒ်၊ သုံးပိုဒ် စသော ဝါကျတို့၏ အဆုံးရှိ အသံချင်း အညီယူသည်လည်း ရှိသည်။ အက္ခရာ၏ အဆုံးကာရန်ကို ဝဏ္ဏကာရန်၊ စာပိုဒ်၏အဆုံးကာရန်ကို ပဒကာရန်၊ ဝါကျ၏အဆုံးကာရန်ကို ဝါကျကာရန် ဟူ၍ခေါ်ကြသည်။

ကာရန် (၆၄) ပါး ရှိသည်။

ကာရန်တူများမှာ

ကား = စား၊ ဝါး၊ ငါး၊ လား၊ ထွား၊ တား၊ ပွား၊ ပျား။

ခင် = မင်၊ ကြင်၊ မြင်၊ စင်၊ လွင်၊ ရှင်။

ကောင်း = ထောင်း၊ မောင်း၊ သောင်း၊ ကျောင်း၊ စောင်း။

မေ = ဖေ၊ ဆွေ၊ ဝေ၊ မြေ၊ ရွှေ၊ ငွေ။

စမ်း = ဂျမ်း၊ စွမ်း၊ ကမ်း၊ ဖမ်း၊ လမ်း။

စော = မော၊ တော၊ သော၊ ပြော၊ ကော။

အေး = ငေး၊ လေး၊ တွေး၊ ဆွေး၊ ရေး။

တိုး = ဖြိုး၊ စိုး၊ မိုး၊ အိုး၊ ကြိုး၊ ဆိုး။

ထွတ် = ကျွတ်၊ လွတ်၊ ဆွတ်၊ မွတ်၊ ရွှတ်။

နီ = တီ၊ စီ၊ ရီ၊ ပြီ၊ ချီ၊ သီ၊ ညီ။

0 comments:

Post a Comment