Earn free bitcoin *** Hip Hop သီချင်းတစ်ပုဒ်မှာ ဘာတွေလိုလဲ ?*** | ဗမာရက်ပ်

*** Hip Hop သီချင်းတစ်ပုဒ်မှာ ဘာတွေလိုလဲ ?***






Hip Hop နဲ့ပတ်သတ်လို့ ဘာကောင်မှတော့ မဟုတ်ပေမယ့် နည်းနည်းတော့ စောက်ဆရာကြီး လုပ်ပါရစေ . စော်အကြိုက် Rap တွေဆိုပြီး Hip Hop ကို သိပ်ချစ်တဲ့ပုံဖမ်းပြနေတဲ့ စောက်ပေါ တွေအတွက်တော့ အခုစာက ဖတ်ဖို့မလိုအပ်ပါဘူး . Hip Hop ကိုတစ်ကယ်ချစ်ပြီး Rap အစစ်တွေကိုပဲ ဖန်တီးချင်တဲ့ UG က Bro တွေကတော့ ဒီစာကို ဖတ်သင့်ပါတယ် .
Hip Hop သီချင်းကောင်းတစ်ပုဒ် ဖြစ်လာဖို့အတွက် 
အကြောင်းအရာ မျိုးစုံ လိုအပ်တယ် . စက်ပစ္စည်းနဲ့ ကွန်ပျူတာအပိုင်းကို ဖယ်လိုက်မယ်ဆိုရင် Rhymes, Rhythms & Accents တွေဟာ Hip Hop သီချင်းတစ်ပုဒ်ရဲ့ အသက်ပါပဲ .
1 . Rhymes
Rhymes ဆိုတာကတော့ မြန်မာလိုခေါ်ရင် ကာရန်ပေါ့ဗျာ .
ကာရန် အတွက် စိတ်ကူး ၊ စကားလုံးရွေးချယ်မှုကောင်းဖို့ ကဗျာစွမ်းရည်လိုအပ်တယ် . အသံနဲ့ကာရန်သဘောကို သိရင် Hip Hop
Flow တွေကို ဖန်တီးရလွယ်ကူသွားမယ် . နိုင်ငံခြားစာအုပ်တွေမှာ သူတို့ဘာသာအတွက် ရွေးချယ်ပေးထားတဲ့ Rhymes တွေက မြန်မာတစ်ယောက်အတွက် အဆင်မပြေပါဘူး . ဒီတော့ ခဗျားဟာ ကာရန်အလန်းစားတွေကို ဖန်တီးချင်သူတစ်ယောက်ဆိုရင်တော့
မြန်မာကဗျာကို လေ့လာသင့်ပါတယ် . နောက်ပိုင်းကျမှ မြန်မာကဗျာနဲ့ ပတ်သတ်တာတွေတင်ပေးပါ့မယ် .
2 . Rhythms
Rhythms ဆိုတာက ကော့ဒ်ကိုင်ပြီး တဗျန်းဗျန်းတီးရတဲ့ ရစ်သမ်ကိုပြောတာ မဟုတ်ပါဘူး . နရီစည်းချက်ကို ပြောတာပါ . Rapping အများစုက semi-quaver rhythm နဲ့ သွားကြတာ များတယ် .အဲဒီ semi-quaver rhythm မှာ triplet , odd rhythm (မ) လိုမျိုး ဖောက်ထည့်ပေးလိုက်ရင် ၊ flow ကြွတက်ပြီး ရသဆန်းပြားလာတယ် .beating ဆော့ ၊ လိုက်ဖက်မယ့် synthesizer သံဆန်းတစ်ခု သင့်တော်အောင် ထပ်ပေါင်းထည့်ပေးလိုက်လို့ကတော့ အဲဒီနေရာဟာ နားထောင်သူရင်ကို စွဲငြိစေတဲ့ (hook) ချိတ်တစ်ခု ဖြစ်သွားတယ် . အဲဒါကြောင့် ဟစ်ဟော့ flowကောင်းတွေကို ဖန်တီးချင်ရင် Rhythm ကျေညက်အောင် လေ့ကျင့်ပါ . Rhythm ကျေညက်ဖို့ တူရိယာတစ်ခုကို လေ့ကျင့်တာ အကောင်းဆုံးပဲ .အလွယ်ဆုံးဆိုရင်တော့ drum pad တစ်ခုနဲ့ snare drum လေ့ကျင့်ခန်းတွေ လေ့ကျင့်သင့်ပါတယ် .
3 . Accents
Accent ဟာ Rhythm ရဲ့ အသက်ပဲ ။ Rhythm ကို လုံးလုံးလျားလျား အားပြုထားတဲ့ ဟစ်ဟော့ flow ရဲ့ အသက်ကလည်း accent ပါပဲ ။
" ခွက်စုတ်လေးနဲ့ ပတ်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ " ... ကို accent မထည့်ဘဲ တန်းတန်းကြီးဆိုကြည့်ပါ .
ဟာတာတာ ပေါတောတောကြီး ခံစားရလိမ့်မယ် .အဲဒါကိုပဲ ... "ခွက်" နဲ့ "ပတ်" မှာ accent ထည့် ၊ အမူအယာပါထည့် . "ရီ" "ရီ" ၂နေရာမှာလည်း accent ထည့် ၊ အမူအယာပါထည့်ပြီး ... လူတစ်ယောက်ရှေ့မှာ သွားဆိုကြည့်စမ်းပါ .နားထောင်နေတဲ့သူ ထထိုးချင်စိတ်ပေါက်အောင် ရသမြောက်သွားတယ် . ဒီတော့ Accents ဟာလဲ Hip Hop သီချင်းတစ်ပုဒ်အတွက် အရမ်းအရေးကြီးပါတယ် ကိုယ့်လူတို့ 

0 comments:

Post a Comment