Earn free bitcoin Eminem ဟုခေါ်သည် | ဗမာရက်ပ်

Eminem ဟုခေါ်သည်



Eminem ရဲ့ နာမည်အရင်းဟာ Marshall Bruce Mathers III ဖြစ်ပါတယ် . Eminem ကို၁၉၇၂ အောက်တိုဘာလ ၁၇ ရက်နေ့ မှာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ် ။ မိခင်တစ်ဦးတည်းရဲ့ စောင့်ရှောက်မှုအောက်မှာနွမ်းပါးစွာ ကြီးပြင်းလာခဲ့ရတဲ့ Eminemရဲ့ ငယ်ဘဝ ကတော့ ချောမွေ့ခြင်းမရှိခဲ့ ပါဘူး။ မိခင်အလုပ်ရွှေ့ပြောင်းရာနောက်လိုက်ခဲ့ရင်း တစ်နှစ်ကို ကျောင်း၃ ကျောင်းလောက် ပြောင်းနေခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက မိမိတို့ ကို စွန့် ခွာသွားတဲ့ ဖခင်ကိုကြိမ်ဖန်များစွာ ဆက်သွယ်ဖို့ ကြိုးစားခဲ့ ပေမယ့် ဖခင်ရဲ့ငြင်းဆန်မှုတွေကိုပဲ လက်ခံရရှိ ခဲ့ပါတယ်။ ကျောင်းမှာလည်း အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းရယ်လို့ မရှိခဲ့ ပဲ တခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်မှုအောက်မှာကြီးပြင်းလာခဲ့ ရပါတယ်။
Eminem ဟာ အထက်တန်းကျောင်းကို Michigan ပြည်နယ်ရှိ Lincoln Highschool မှာ တက်ရောက်ခဲ့ ပါတယ်။
Grade9ကိုသုံးကြိမ်ရှုံးနိမ့်ခဲ့ပြီးတဲ့ နောက်မှာတော့ ကျောင်းကထွက်ခွါလာခဲ့ပါတယ်။စာမတော်တဲ့ကျောင်းသား
တစ်ယောက်ဖြစ်ပေမယ့်Eminemဟာ ဘာသာစကားကို အထူးစိတ်ဝင်စားပြီး Dictionary ကတဆင့် လေ့လာခဲ့ သူဖြစ်ပါတယ်။“ကျောင်းမှာ စာဘယ်လောက်ပဲညံ့ညံ့ အဆင့်ဘယ်လောက်ပဲနိမ့်နိမ့် ကျွန်တော်ကတော့စကားလုံးတွေနဲ့ ပတ်သက်ပြီးအမြဲလေ့ လာပါတယ်။စကားလုံးတွေကို သေချာလေ့ လာဖတ်ရှုပြီး လိုတဲ့ အချိန်မှာ ဆွဲထုတ်တာပေါ့လို့ ”နောင်အခါမှာ ပြောခဲ့ပါတယ်။Hip-Hop ဂီတအသိုင်းအဝိုင်းကို လူမည်းတွေကြီးစိုးနေတဲ့ ခေတ်မှာ လူဖြူ rapper ကောင်လေးတစ်ယောက်ရဲ့ဘဝဟာ သိမ်ငယ်ခဲ့ ရပါတယ်။ လူဖြူသူငယ်ချင်းတွေရဲ့ မကျေမနပ်အနိုင်ကျင့်မှုအောက်မှာမျက်လုံးပြာပြာနဲ့ ကောင်လေးဟာ Detroit မြို့ရဲ့ Rap Battle တွေကတစ်ဆင့် သူ့အစွမ်းအစကိုထုတ်ပြနိုင်ခဲ့ပါတယ် .
နောက်ဆုံးမှာတော့ Detroit မြို့ ရဲ့Underground လောကမှာ Respect ပေးခံရတဲ့ 
လူငယ်တစ်ယောက်ဖြစ်လာခဲ့ ပါတယ်။မူလအစမှာတော့ M&M ဆိုတဲ့  နာမည်နဲ့  စတင်လှုပ်ရှား ခဲ့ ပေမယ့်နောက်ပိုင်းမှာတော့ Eminemရယ်လို့ တရားဝင်ပြောင်းလဲခဲ့ ပါတယ်။အဲဒီအစောပိုင်းကာလတွေမှာပဲ Eminem ဟာ အထက်တန်းကျောင်းကသူငယ်ချင်းဟောင်း Kim Ann Scott နဲ့ တွဲခဲ့ ပါတယ်။

၁၉၉၅ မှာ Hai Lie Jade Scott လို့ ခေါ်တဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ ပါတယ်။၁၉၉၆ မှာ Eminem ဟာ သူ့ ရဲ့ပထမဦးဆုံးသော Album Infinite ကို
ထုတ်ဝေခဲ့ ပြီး ဒီ Album မှာ Eminemဟာ သူ့ ရဲ့Skills တွေကို
အစွမ်းကုန်ထုတ်ပြခဲ့ ပေမယ့် အောင်မြင်မှုပန်းတိုင်ကို မလျှောက်လှမ်းနိုင်ခဲ့ပါဘူး။
အခက်အခဲမျိုးစုံနဲ့ ကြိုးစားခဲ့ ပြီး နောက်၁ နှစ်အကြာမှာတော့ သူ့ရဲ့
The Slim Shady ဒီမိုသီချင်းကို DR.DRE က အာရုံစိုက်မိခဲ့ ပါတယ်။
Eminem ဆိုတဲ့ ကောင်လေးရဲ့ အကြိုက်ဆုံး N.W.A Rap Group ရဲ့ ဆရာကြီး DR.DREဟာ Eminem ကို အကဲခတ်ဖို့ Detroit မြို့ကို ရောက်ချလာခဲ့ ပါတယ်။Rap Battle တွေမှာ Eminemရဲ့အရည်အချင်းကို အကဲခတ်ပြီးတဲ့ နောက်မှာတော့ Eminem ကို လက်တွဲခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။ DR.DRE နဲ့ အတူ လက်တွဲပြီး ၂ နှစ်အကြာမှာ Eminemဟာ “ The Slim Shady LP” ဆိုတဲ့ တေးသီချင်းအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းဒီ အယ်လ်ဘမ်ဟာ Eminemအတွက် အောင်မြင်မှုတွေကို ယူဆောင်လာခဲ့ ပါတယ်။Eminem ဟာ သူ့ ရဲ့ဒုတိယ အယ်လ်ဘမ် “ The Marshall Mathers LP” ကို ၂၀၀၀ ခုနှစ် မေလမှာ ထုတ်ဝေခဲ့ ပါတယ်။
ဒီ တေးစုအယ်လ်ဘမ်ဟာကမ္ဘာတစ်ဝှမ်းမှာ ခွေပေါင်း ၁၉ သန်းကျော် ရောင်းချနိုင်ခဲ့ တဲ့ အပြင် ဂရမ်မီဆုတွေကိုလည်းသိမ်းကျုံးရယူနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် Eminem ဟာ ဒီအယ်လ်ဘမ်မှာလိင်တူဆန့်ကျင်ရေးအမြင်တွေနဲ့ အတူအစွန်းရောက်စကားလုံးတွေ များစွာထည့်သွင်းသီဆိုထားတာကြောင့် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ လည်း အများကြီး
ရင်ဆိုင်ခဲ့ ရပါတယ်။ နောက်ပိုင်းမှာ ဒီဝေဖန်မှုတွေကို ဖြေလျှော့ နိုင်ဖို့ အတွက် ဂေးတစ်ယောက်ဖြစ်တဲ့  Elton John နဲ့ အတူစင်မြင့်ထက်မှာ အတူတစ်ကွသီဆိုဖျော်ဖြေခဲ့ ပါတယ်။


၂၀၀၁ခုနှစ်မှာတော့Eminemဟာ သူ့ရဲ့ဇာတိမြို့Detroit မှသူငယ်ချင်းများနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပြီး“Devil’s Night” ဆိုတဲ့ အယ်လ်ဘမ်ကိုအကောင်ထည်ဖော်ခဲ့ ပါတယ်။ နောက်၁ နှစ်အကြာမှာတော့ “The Eminem Show”ဆိုတဲ့ အယ်လ်ဘမ်နဲ့ အတူ အောင်မြင်မှုသရဖူဆောင်းခဲ့ ပြန်ပါတယ်။ သူ့ ရဲ့နောက်အယ်လ်ဘမ်တစ်ခုဖြစ်တဲ့“Encore” ဆိုတဲ့ အယ်လ်ဘမ်ကတော့ သူ့ လောက်လူကြိုက် မများခဲ့ ပေမယ့်အယ်လ်ဘမ်ထဲက သီချင်းတွေဖြစ်တဲ့ ” Mocking Bird” “ Like Toy Soldiers”
စတဲ့ သီချင်းတွေကတော့ ပရိတ်သတ်အကြိုက်တွေ့ ခဲ့ ပါတယ်။ဒီအယ်လ်ဘမ်ထွက်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ Eminemဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ရှုပ်နေခဲ့ ပါတယ်။


ဇနီးဖြစ်သူ Kim နဲ့ မပြေလည်တဲ့ အိမ်ထောင်ရေးဘဝမှာ အိပ်ဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေက သူ့ ရဲ့အဖော်ဖြစ်လာခဲ့ ပါတယ်။၂၀၀၇ခုနှစ်မှာဒီဆေးတွေရဲ့ဆိုးကျိုးနဲ့သလုမြောပါးခံစားခဲ့ ရပြီး ဆေးရုံတက်ခဲ့ ရပါတယ်။ အဲဒီအချိန်တုန်းက ဆေးရုံကိုသာ နောက်ထပ်၂နာရီနောက်ကျပြီးမှ ရောက်သွားခဲ့ ရင် Eminem ဟာအသက်ဆုံးရှုံးသွားနိုင်ပါတယ်။ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာတော့ Eminem ဟာ လူသစ်စိတ်သစ်နဲ့ အတူ သီချင်းတွေဖက်ကို ပြန်ခြေဦးလှည့် လာခဲ့ ပါတယ်။၂၀၀၉ ခုနှစ်မှာ “Relapse” ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ ပြီး ၂၀၁၀ ခုနှစ်မှာ “ Recovery” ဆိုတဲ့ တေးအယ်လ်ဘမ်ကို
ပရိတ်သတ်ရှေ့ ကို ချပြနိုင်ခဲ့ ပါတယ်။ ဒီ အယ်လ်ဘမ်နဲ့ အတူ Eminem ဟာ “Best Rap Album”ဆိုတဲ့ ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။အနုပညာလမ်းတစ်လျှောက် Eminem ရရှိခဲ့တဲ့ ဆုတွေကတော့ စကာတင်စာရင်းဝင်ဆုပေါင်း ၃၀၀ ကျော်ရှိခဲ့ ပြီး ဆုပေါင်း ၂၀၀ ကျော်ကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။

0 comments:

Post a Comment