Royce Da 5’9” လုိ႕ ၾကားလုိက္တာနဲ႕ ခင္ဗ်ားတုိ႕ ဘယ္သူကိုတြဲျမင္လည္း ကၽြန္ေတာ္ေတာ့ Eminem ကိုပဲ ေျပးျမင္တယ္ ဗ်ာ ႏွစ္ေယာက္လံုးကလည္း Detroit ျမိဳ႕သားေတြပဲ ျဖစ္ေနၾကေသးတယ္။ သူရဲ႕ နာမည္အရင္း Ryan Daniel Montgomery ဖစ္ျပီးေတာ့ ၁၉၇၇ ခုႏွစ္ ဂ်ဴလုိင္ ၅ ရက္ေန႕ ျဖစ္ပါတယ္။ သူနဲ႕ အၾကာဆံုး တြဲျဖစ္တဲ့ Rapper ကလည္း Eminem ပဲ ျဖစ္ပါတယ္။ ႏွစ္ေယာက္သား ပြဲခံႏုိင္ခဲ့တဲ့ အဖြဲ႕ေလးက Bad Meets Evil ျဖစ္ျပီး အဲ့ကေနတဆင့္ Joe Budden, Joell Ortiz နဲ႕ Crooked I တုိ႕နဲ႕ ခ်ိတ္ဆက္ျပီး Slaughterhouse ကို စတင္ျဖဳတ္လာခဲ့ပါတယ္။ ဒီၾကားထဲမွာ PRyhme ဆိုျပီး DJ Premier နဲ႕ လုပ္လုိက္ေသးတယ္ ဗ်ာ။ About.com ဆိုတဲ့ Website ရဲ႕ သတ္မွတ္ခ်က္အရ သူဟာ အေကာင္းဆံုး MC 50 ထဲမွာ နံပါတ္ ၃၀ စာရင္းခ်ိတ္ထားသူလည္း ျဖစ္ပါတယ္။
Youtube မွာ DJ Vlad နဲ႕ Interview ေတာ့ Royce ကေျပာခဲ့ပါတယ္ သူစတင္ျပီး ရက္ပ္ဆိုဖုိ႕ Royce ရဲ႕ေရွ႕မွာ ေရြးျဖစ္တာ R-Dog ဆိုတဲ့ နာမည္ပါ။ သူအသက္ ၁၀ႏွစ္မွာ Oak Park, Michigan ကို ေျပာင္းေရြ႕ေတာ့ သူတက္ေနတဲ့ ေက်ာင္းမွာ Royce လုိ႕ မည္တြင္တာက သူ၀တ္ေနၾက တူရီကီ အသံုးအေဆာင္ ခ်ိန္းၾကိဳးမွာ Rolls Royce ဆုိတဲ့ အမွတ္တံဆိပ္ကို အတိုေကာက္ R လို႕ သတ္မွတ္ျပီး ေပးျဖစ္သြားတာပါ။ ေနာက္က 5’9” ကေတာ့ သူအရပ္ ၅ေပနဲ႕၉လက္မ ကို မွတ္သညာျပဳျပီး ေခၚဆိုတာပဲ ျဖစ္ပါတယ္။ ျခံဳေျပာရင္ Royce ဟာ အရပ္ ၅ေပ ၉လက္မ ျဖစ္တယ္လုိ႕ ဆုိလုိ႕ ရပါတယ္။ ေနာက္တစ္နည္းအားျဖင့္ ၁၉၉၅ ခုႏွစ္မွာ သူဟာ Rappper တစ္ေယာက္ျဖစ္ေနျပီးေတာ့ သူရဲ႕ Tabernacle ဆိုတဲ့ သီခ်င္းအေၾကာင္းကို သူအဘြားနဲ႕ ေဆြးေႏြးေတာ့ ေနရာက ေဆးရံုရဲဲ႕ ၅ထပ္ေျမာက္မွာျဖစ္ျပီး အဲ့ဒီအခ်ိန္မွာ သူရဲ႕ ပထမဆံုးသားကို ေမြးဖြားခဲ့ပါတယ္ ရက္ကေတာ့ ၉ ရက္ေန႕ပါ။ သူဟာ နံပါတ္ေတြကို အစြဲအလမ္းၾကီးျပီး နိိမိတ္ယူတတ္သူ တစ္ဦးဆိုလည္း မမွားပါဘူး။
သူ အသက္ ၁၈ ႏွစ္မွာ စင္ေပၚတက္ျပီး သီခ်င္းဆိုေနပါျပီ သူမွာလည္း influenced ၀င္တဲ့ လူေတြရိွပါတယ္ တျခားမဟုတ္ပါဘူး Ras Kass, Redman, Tupac Shakur, The Notorious B.I.G, Esham, Detroit’s Most Wanted နဲ႕ N.W.A တို႕ပဲျဖစ္ပါတယ္။ ၁၉၉၈ ခုႏွစ္မွာ သူကို စာခ်ဳပ္ ခ်ဳပ္ဆုိဖုိ႕ ကမ္းလွမ္းမႈ ရိွလာပါတယ္ Tommy Boy Records ကပါ ၁မီလီယမ္နဲ႕ပဲ ျဖစ္ပါတယ္ တခ်ိန္ထဲမွာပဲ Dr.Dre ရဲ႕ Aftermath Entertainment က လည္း ကမ္းလွမ္းပါတယ္ ေဒၚလာ ၂သိန္းခြဲနဲ႕ တီးလံုး တီးခက္ေပးမႈက အကန္႕အသက္မရိွပါ။ 2016 March လမွာ Complex က လုပ္တဲ့ Interview မွာ Royce ပန္ေျပာတာကေတာ့ အ့ဲအခ်ိန္ဟာ သူအတြက္ အေတာ္ေရြးခ်ယ္ရ ခက္ခဲခဲ့ပါတယ္။
Tommy Boy Record နဲ႕ စာခ်ဳပ္ျပည့္လုိ႕ လမ္းခြဲခ်ိန္မွာ သူဟာ Game Recordings နဲ႕ ခ်ိတ္ဆက္ျပီး Rock City ဆိုတဲ့ အေခြအသစ္အတြက္ ျပင္ဆင္ခဲ့ပါတယ္။ ၁၉၉၇ ခုႏွစ္ ဒီဇင္ဘာ မွာေတာ့ သူရဲ႕ မန္ေနဂ်ာ Kino Childrey ေကာင္းမႈနဲ႕ Royce ဟာ Eminem နဲ႕ ခ်ိတ္ဆက္မိျပီး Bad Meets Evil ဆိုတဲ့ အဖြဲ႕ေလး စလုပ္ျဖစ္ပါတယ္။ စျပီး သူတုိ႕ထြက္လာေတာ့ Eminem ရဲ႕ The Slim Shady LP အေခြထဲမွာ Bad Meets Evil ဆိုတဲ့ သီခ်င္းေလးနဲ႕ စျပီး တာထြက္လာပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေခြျဖန္႕ခ်ီေတာ့ Album ထဲမွာ အဲ့သီခ်င္းေလး မပါ၀င္ခဲ့ပါဘူး။ Eminem နဲ႕ သူနဲ႕ တြဲလုပ္ခဲ့တဲ့ Renegades ဟာ အေတာ္ၾကီး ေပါက္ေျမာက္ခဲ့ျပီး အခ်ိန္အေတာ္ၾကာတဲ့အခ်ိန္မွာ Jay-Z နဲ႕ ေျပာင္းလုပ္ေတာ့ ပိုျပီး လူသိမ်ားခဲ့ပါတယ္။
(unicode)
Royce Da 5’9” လို့ ကြားလိုက်တာနဲ့ ခင်ဗျားတို့ ဘယ်သူကိုတွဲမြင်လည်း ကျွန်တော်တော့ Eminem ကိုပဲ ပြေးမြင်တယ် ဗျာ နှစ်ယောက်လုံးကလည်း Detroit မြို့သားတွေပဲ ဖြစ်နေကြသေးတယ်။ သူရဲ့ နာမည်အရင်း Ryan Daniel Montgomery ဖစ်ပြီးတော့ ၁၉၇၇ ခုနှစ် ဂျူလိုင် ၅ ရက်နေ့ ဖြစ်ပါတယ်။ သူနဲ့ အကြာဆုံး တွဲဖြစ်တဲ့ Rapper ကလည်း Eminem ပဲ ဖြစ်ပါတယ်။ နှစ်ယောက်သား ပွဲခံနိုင်ခဲ့တဲ့ အဖွဲ့လေးက Bad Meets Evil ဖြစ်ပြီး အဲ့ကနေတဆင့် Joe Budden, Joell Ortiz နဲ့ Crooked I တို့နဲ့ ချိတ်ဆက်ပြီး Slaughterhouse ကို စတင်ဖြုတ်လာခဲ့ပါတယ်။ ဒီကြားထဲမှာ PRyhme ဆိုပြီး DJ Premier နဲ့ လုပ်လိုက်သေးတယ် ဗျာ။ About.com ဆိုတဲ့ Website ရဲ့ သတ်မှတ်ချက်အရ သူဟာ အကောင်းဆုံး MC 50 ထဲမှာ နံပါတ် ၃၀ စာရင်းချိတ်ထားသူလည်း ဖြစ်ပါတယ်။
Youtube မှာ DJ Vlad နဲ့ Interview တော့ Royce ကပြောခဲ့ပါတယ် သူစတင်ပြီး ရက်ပ်ဆိုဖို့ Royce ရဲ့ရှေ့မှာ ရွေးဖြစ်တာ R-Dog ဆိုတဲ့ နာမည်ပါ။ သူအသက် ၁၀နှစ်မှာ Oak Park, Michigan ကို ပြောင်းရွေ့တော့ သူတက်နေတဲ့ ကျောင်းမှာ Royce လို့ မည်တွင်တာက သူဝတ်နေကြ တူရီကီ အသုံးအဆောင် ချိန်းကြိုးမှာ Rolls Royce ဆိုတဲ့ အမှတ်တံဆိပ်ကို အတိုကောက် R လို့ သတ်မှတ်ပြီး ပေးဖြစ်သွားတာပါ။ နောက်က 5’9” ကတော့ သူအရပ် ၅ပေနဲ့၉လက်မ ကို မှတ်သညာပြုပြီး ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ ခြုံပြောရင် Royce ဟာ အရပ် ၅ပေ ၉လက်မ ဖြစ်တယ်လို့ ဆိုလို့ ရပါတယ်။ နောက်တစ်နည်းအားဖြင့် ၁၉၉၅ ခုနှစ်မှာ သူဟာ Rappper တစ်ယောက်ဖြစ်နေပြီးတော့ သူရဲ့ Tabernacle ဆိုတဲ့ သီချင်းအကြောင်းကို သူအဘွားနဲ့ ဆွေးနွေးတော့ နေရာက ဆေးရုံရဲဲ့ ၅ထပ်မြောက်မှာဖြစ်ပြီး အဲ့ဒီအချိန်မှာ သူရဲ့ ပထမဆုံးသားကို မွေးဖွားခဲ့ပါတယ် ရက်ကတော့ ၉ ရက်နေ့ပါ။ သူဟာ နံပါတ်တွေကို အစွဲအလမ်းကြီးပြီး နိိမိတ်ယူတတ်သူ တစ်ဦးဆိုလည်း မမှားပါဘူး။
သူ အသက် ၁၈ နှစ်မှာ စင်ပေါ်တက်ပြီး သီချင်းဆိုနေပါပြီ သူမှာလည်း influenced ၀င်တဲ့ လူတွေရှိပါတယ် တခြားမဟုတ်ပါဘူး Ras Kass, Redman, Tupac Shakur, The Notorious B.I.G, Esham, Detroit’s Most Wanted နဲ့ N.W.A တို့ပဲဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ သူကို စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှု ရှိလာပါတယ် Tommy Boy Records ကပါ ၁မီလီယမ်နဲ့ပဲ ဖြစ်ပါတယ် တချိန်ထဲမှာပဲ Dr.Dre ရဲ့ Aftermath Entertainment က လည်း ကမ်းလှမ်းပါတယ် ဒေါ်လာ ၂သိန်းခွဲနဲ့ တီးလုံး တီးခက်ပေးမှုက အကန့်အသက်မရှိပါ။ 2016 March လမှာ Complex က လုပ်တဲ့ Interview မှာ Royce ပန်ပြောတာကတော့ အဲ့အချိန်ဟာ သူအတွက် အတော်ရွေးချယ်ရ ခက်ခဲခဲ့ပါတယ်။
Tommy Boy Record နဲ့ စာချုပ်ပြည့်လို့ လမ်းခွဲချိန်မှာ သူဟာ Game Recordings နဲ့ ချိတ်ဆက်ပြီး Rock City ဆိုတဲ့ အခွေအသစ်အတွက် ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာ မှာတော့ သူရဲ့ မန်နေဂျာ Kino Childrey ကောင်းမှုနဲ့ Royce ဟာ Eminem နဲ့ ချိတ်ဆက်မိပြီး Bad Meets Evil ဆိုတဲ့ အဖွဲ့လေး စလုပ်ဖြစ်ပါတယ်။ စပြီး သူတို့ထွက်လာတော့ Eminem ရဲ့ The Slim Shady LP အခွေထဲမှာ Bad Meets Evil ဆိုတဲ့ သီချင်းလေးနဲ့ စပြီး တာထွက်လာပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခွေဖြန့်ချီတော့ Album ထဲမှာ အဲ့သီချင်းလေး မပါ၀င်ခဲ့ပါဘူး။ Eminem နဲ့ သူနဲ့ တွဲလုပ်ခဲ့တဲ့ Renegades ဟာ အတော်ကြီး ပေါက်မြောက်ခဲ့ပြီး အချိန်အတော်ကြာတဲ့အချိန်မှာ Jay-Z နဲ့ ပြောင်းလုပ်တော့ ပိုပြီး လူသိများခဲ့ပါတယ်။
0 comments:
Post a Comment