အေမရိကန္ အေနာက္အလယ္ပိုင္း ဘက္က Hip Hop သီဆုိတဲ့ လူေတြရဲ႕ ဖန္တီးမႈ ဂီတကို သူတုိ႕ ေနထုိင္ရာ အရပ္ေဒသကို အစြဲျပဳ၍ အမွတ္သညာျပဳေတာ့ Midwest Hip Hop ျဖစ္လာပါတယ္။ ဒီလို႕ အစြဲျပဳ သတ္မွတ္မႈဟာ East Coast, West Coast နဲ႕ Southern ဘက္က လူေတြကိုလည္း ေခၚဆိုၾကပါတယ္ ဒီထဲမွာေတာ့ Midwest လည္း အပါအ၀င္ေပါ့။ ဒီလုိ႕ အစျပဳမႈက ၁၉၉၀ ခုႏွစ္ အလယ္ေလာက္မွာ ရက္ပ္သီဆီုမႈ ပံုမွန္ထက္ ျမန္ဆန္တဲ့ Chopper Rap လို႕ သတ္မွတ္တဲ့ ပံုစံကို သီဆိုတဲ့ လူအမ်ားစုေၾကာင့္ဆုိလည္း မမွားပါဘူး။ Chopper Rap ကို သီဆိုၾကတာကေတာ့ Cleveland ျမိဳ႕သားေတြ ျဖစ္တဲ့ Bone Thugs-n-Harmony, Chicago ျမိဳ႕သား Twista, Kansas ျမိဳ႕သား Tech N9ne, Minneapolis ျမိဳ႕သား Atmosphere နဲ႕ Detroit ျမိဳ႕သားၾကီး Eminem တုိ႕ပဲ ျဖစ္ၾကပါတယ္။
အခုနက ေျပာတဲ့
Midwest Hip Hop ကို စျပီး အသက္သြင္းခဲ့ၾကတဲ့ အဆုိေတာ္ေတြရဲ႕ သီဆိုဟန္နဲ႕ West Coast
နဲ႕ East Coast က ဟန္ပန္ေတြဟာ ေခတ္ျပိဳင္ေတြဆိုလည္း မမွားၾကပါဘူး။ အဆိုပါ Hip Hop အမ်ိဳးအစား
ေပၚထြက္ခဲ့ျပီးေနာက္မွ ထင္ေပၚလာတဲ့ လူေတြကေတာ့ Nelly, D12, Common, Chief Keef,
Kanye West, Kid Cudi နဲ႕ Chance the rapper တို႕ပဲျဖစ္ၾကပါတယ္။ ဒီေနရာမွာ အနည္းငယ္
ရွင္းျပလုိတာက Midwest Hip Hop ဆိုျပီး ျဖစ္တည္လာတာက သူတုိ႕ေနထုိင္တဲ့ အရပ္ေဒသကို အစြဲျပဳတာပါ
Chopper Rap ကို သီဆုိၾကတာကေတာ့ အနည္းငယ္ပါ တျခားေသာသူမ်ားကေတာ့ မိမိ အားသန္ရာ ႏွစ္သက္ရာ
Flow ပံုစံျဖင့္ ဖန္တီးၾကတာပဲ ျဖစ္ပါတယ္။
တျခားေသာ
Midwest က Rapper အဆုိေတာ္ေတြ အတီးသမားေတြကေတာ့ Brother Ali, Lupe Fiasco, Royce
Da 5’9”, J Dilla, Mac Lethal, Elzhi, Obie Trice တုိ႕ျဖစ္ျပီး ေနာက္ပိုင္းမွာ ထပ္ထြက္လာတာကေတာ့
Freddie Gibbs နဲ႕ Manny Phesto တို႕ျဖစ္ပါတယ္။ သူတုိ႕ဟာ အပိုင္းေတြသာ တူညီပင္မယ့္
ျမိဳ႕ေတြ ျခားနားသလုိ႕ ပံုစံေတြလည္း ကြဲျပားၾကပါတယ္။ တစ္ျမိဳ႕ထဲသားေတြ ျဖစ္ေနတာေတာင္
ဂီတဖန္တီးမႈေတြဟာ ေတာ္ေတာ္ကြာျခားပါတယ္။ ပံုမွန္အားျဖင့္ အတီးသမားေတြ အေနနဲ႕ မွတ္ယူမယ္ဆုိရင္
သူတုိ႕ တီးခက္မႈမွာ ေယဘုယ်အားျဖင့္ Tempo 90 နဲ႕ ၁၈၀ ၾကားမွာ ရိွပါတယ္။ တျခားေသာ
East Coast ဆိုရင္ Tempo 90 ကေန 120 ၾကားပါ West Coast Hip Hop ဆိုရင္ 100 ကေန 120
ၾကားျဖစ္ျပီး Southern ဘက္က Rap ေတြဆုိရင္ Tempo က 80 ကေန 180 ၾကားအထိ သတ္မွတ္ၾကပါတယ္။
၁၉၉၀ ခုႏွစ္
အလယ္ပိုင္းမွာ Michigan ျမိဳ႕သား အဖြဲ႕႕ Slum Village ဟာ Hip Hop ဆန္ဆန္ အေခြတစ္ခုကို
စတင္လာပါတယ္ အေခြနာမည္က Fantastic, Vol.1 ျဖစ္ျပီး သူတုိ႕အတြက္ တီးခက္ေပးသူကေတာ့ J
Dilla ျဖစ္ပါတယ္။ J Dilla ဟာ A Tribe Called Quest, Common နဲ႕ The Pharcyde တုိ႕လုိထင္ရွားတဲ့
Rapper အေတာ္မ်ားမ်ားနဲ႕လည္း အလုပ္တြဲလုပ္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ ၂၀၀၆ ခုႏွစ္မွာ ေသဆံုးသြားခဲ့ပင္မယ့္
သူဖန္တီးမႈေတြကို Hip Hop သီဆိုသူ အေတာ္မ်ားမ်ား သံုးစြဲေနဆဲျဖစ္ပါတယ္။
Blade
Icewood ဟာ Detroit ရဲ႕ ပရီမီယမ္ Rapper တစ္ေယာက္လုိ႔ ေလးစားမႈေတြ သိမ္းထားနိုင္သူျဖစ္ျပီး
၂၀၀၅ ခုႏွစ္မွာ ေသနတ္ပစ္ခက္မႈေၾကာင့္ ဒီေလာကထဲကေန ေပ်ာက္ကြယ္သြားခဲ့ပါတယ္။
သူနဲ႕ Beef ေနတဲ့ လူေတြထဲမွာ Eastside Chedda Boyz လည္း အပါအ၀င္ပဲ ျဖစ္ပါတယ္။ သူတုိ႕ကေတာ့
Detroit နဲ႕ဆိုရင္ အေရွ႕ဘက္ အိမ္နီးျခင္းျမိဳ႕က လူေတြပါ။ Detroit ရဲ႕ Hip Hop လူငယ္စုေတြ
အားျပိဳင္တဲ့ ေနရာကေတာ့ ၇ မိုင္မွာ ျဖစ္ပါတယ္။
ဆက္ရန္ရွိွပါေသးတယ္။
ေရးသားသူ - na-zty
( Unicode )
အမေရိကန် အနောက်အလယ်ပိုင်း ဘက်က Hip Hop သီဆိုတဲ့ လူတွေရဲ့ ဖန်တီးမှု ဂီတကို သူတို့ နေထိုင်ရာ အရပ်ဒေသကို အစွဲပြု၍ အမှတ်သညာပြုတော့ Midwest Hip Hop ဖြစ်လာပါတယ်။ ဒီလို့ အစွဲပြု သတ်မှတ်မှုဟာ East Coast, West Coast နဲ့ Southern ဘက်က လူတွေကိုလည်း ခေါ်ဆိုကြပါတယ် ဒီထဲမှာတော့ Midwest လည်း အပါအဝင်ပေါ့။ ဒီလို့ အစပြုမှုက ၁၉၉၀ ခုနှစ် အလယ်လောက်မှာ ရက်ပ်သီဆီုမှု ပုံမှန်ထက် မြန်ဆန်တဲ့ Chopper Rap လို့ သတ်မှတ်တဲ့ ပုံစံကို သီဆိုတဲ့ လူအများစုကြောင့်ဆိုလည်း မမှားပါဘူး။ Chopper Rap ကို သီဆိုကြတာကတော့ Cleveland မြို့သားတွေ ဖြစ်တဲ့ Bone Thugs-n-Harmony, Chicago မြို့သား Twista, Kansas မြို့သား Tech N9ne, Minneapolis မြို့သား Atmosphere နဲ့ Detroit မြို့သားကြီး Eminem တို့ပဲ ဖြစ်ကြပါတယ်။
အခုနက ပြောတဲ့ Midwest Hip Hop ကို စပြီး အသက်သွင်းခဲ့ကြတဲ့ အဆိုတော်တွေရဲ့ သီဆိုဟန်နဲ့ West Coast နဲ့ East Coast က ဟန်ပန်တွေဟာ ခေတ်ပြိုင်တွေဆိုလည်း မမှားကြပါဘူး။ အဆိုပါ Hip Hop အမျိုးအစား ပေါ်ထွက်ခဲ့ပြီးနောက်မှ ထင်ပေါ်လာတဲ့ လူတွေကတော့ Nelly, D12, Common, Chief Keef, Kanye West, Kid Cudi နဲ့ Chance the rapper တို့ပဲဖြစ်ကြပါတယ်။ ဒီနေရာမှာ အနည်းငယ် ရှင်းပြလိုတာက Midwest Hip Hop ဆိုပြီး ဖြစ်တည်လာတာက သူတို့နေထိုင်တဲ့ အရပ်ဒေသကို အစွဲပြုတာပါ Chopper Rap ကို သီဆိုကြတာကတော့ အနည်းငယ်ပါ တခြားသောသူများကတော့ မိမိ အားသန်ရာ နှစ်သက်ရာ Flow ပုံစံဖြင့် ဖန်တီးကြတာပဲ ဖြစ်ပါတယ်။
တခြားသော Midwest က Rapper အဆိုတော်တွေ အတီးသမားတွေကတော့ Brother Ali, Lupe Fiasco, Royce Da 5’9”, J Dilla, Mac Lethal, Elzhi, Obie Trice တို့ဖြစ်ပြီး နောက်ပိုင်းမှာ ထပ်ထွက်လာတာကတော့ Freddie Gibbs နဲ့ Manny Phesto တို့ဖြစ်ပါတယ်။ သူတို့ဟာ အပိုင်းတွေသာ တူညီပင်မယ့် မြို့တွေ ခြားနားသလို့ ပုံစံတွေလည်း ကွဲပြားကြပါတယ်။ တစ်မြို့ထဲသားတွေ ဖြစ်နေတာတောင် ဂီတဖန်တီးမှုတွေဟာ တော်တော်ကွာခြားပါတယ်။ ပုံမှန်အားဖြင့် အတီးသမားတွေ အနေနဲ့ မှတ်ယူမယ်ဆိုရင် သူတို့ တီးခက်မှုမှာ ယေဘုယျအားဖြင့် Tempo 90 နဲ့ ၁၈၀ ကြားမှာ ရှိပါတယ်။ တခြားသော East Coast ဆိုရင် Tempo 90 ကနေ 120 ကြားပါ West Coast Hip Hop ဆိုရင် 100 ကနေ 120 ကြားဖြစ်ပြီး Southern ဘက်က Rap တွေဆိုရင် Tempo က 80 ကနေ 180 ကြားအထိ သတ်မှတ်ကြပါတယ်။
၁၉၉၀ ခုနှစ် အလယ်ပိုင်းမှာ Michigan မြို့သား အဖွဲ့့ Slum Village ဟာ Hip Hop ဆန်ဆန် အခွေတစ်ခုကို စတင်လာပါတယ် အခွေနာမည်က Fantastic, Vol.1 ဖြစ်ပြီး သူတို့အတွက် တီးခက်ပေးသူကတော့ J Dilla ဖစ်ပါတယ်။ J Dilla ဟာ A Tribe Called Quest, Common နဲ့ The Pharcyde တို့လိုထင်ရှားတဲ့ Rapper အတော်များများနဲ့လည်း အလုပ်တွဲလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ သေဆုံးသွားခဲ့ပင်မယ့် သူဖန်တီးမှုတွေကို Hip Hop သီဆိုသူ အတော်များများ သုံးစွဲနေဆဲဖြစ်ပါတယ်။
Blade Icewood ဟာ Detroit ရဲ့ ပရီမီယမ် Rapper တစ်ယောက်လို့ လေးစားမှုတွေ သိမ်းထားနိုင်သူဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ သေနတ်ပစ်ခက်မှုကြောင့် ဒီလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ သူနဲ့ Beef နေတဲ့ လူတွေထဲမှာ Eastside Chedda Boyz လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ သူတို့ကတော့ Detroit နဲ့ဆိုရင် အရှေ့ဘက် အိမ်နီးခြင်းမြို့က လူတွေပါ။ Detroit ရဲ့ Hip Hop လူငယ်စုတွေ အားပြိုင်တဲ့ နေရာကတော့ ရ မိုင်မှာ ဖြစ်ပါတယ်။
ဆက်ရန်ရှိှပါသေးတယ်။

ရေးသားသူ - na-zty
0 comments:
Post a Comment