Sprint ဟာ Jay Z ပိုင္ဆိုင္တဲ့ Tidal ရဲ့ ရွယ္ယာ ၃၃ % ကို ဝယ္ယူ
August 15, 2017
No Comments
US ရဲ့ စတုတၳေျမာက္အၾကီးဆံုး Telecommunication Company ၾကီး Sprint ဟာ Jay Z ရဲ့ Music Streaming Platform ျဖစ္တဲ႔ Tidal ရဲ့ ရွယ္ယာ ၃၃ ရာခိုင္ႏွုန္းကို ဝယ္ယူလိုက္ျပီျဖစ္ပါတယ္။ Sprint ဟာ သူ႔ရဲ့ သံုးစြဲသူေတြကို အမိုက္စား Content ေတြနဲ႔ ဆြဲေဆာင္ႏုိင္ဖို႔ Tidal နဲ႔ ပူးေပါင္းလိုက္ပါျပီ။
ဒီလို ပူးေပါင္းမွုရဲ့ ရလဒ္ကေတာ့ Sprint ရဲ့ Customer ေတြအေနနဲ႔ Tidal ရဲ့ သီးသန္႔ ေပးတဲ့ Contents ေတြကိုပါ ရရွိမွာပါ။
Sprint ရဲ့ CEO ျဖစ္တဲ့ Marcelo Claure ဟာ Tidal ရဲ့ ဘုတ္အဖြဲ႔မွာ ပါဝင္လာမွာ ျဖစ္ျပီး Sprint ဟာ ဒီဝယ္ယူမွုအတြက္ $200 million ေလာက္ ေပးခဲ့ရတယ္လို႔ သိရပါတယ္။
Tidal မွာ သီခ်င္းေပါင္း ၄၂ သန္းေလာက္ပါဝင္တဲ့ Catalogue ရွိျပီး ႏုိင္ငံေပါင္း ၅၂ ႏုိင္ငံမွာ အသံုးျပဳလို႔ ရတယ္ဆိုေပမယ့္ Spotify နဲ႔ Apple က Service ကို သံုးတဲ့ သူေတြထက္ေတာ့ အသံုးျပဳသူနည္းပါးပါေသးတယ္။
အၾကီးဆံုး ျပိဳင္ဘက္ျဖစ္တဲ့ Spotify ကို ယွဥ္ျပိဳင္ႏုိင္ဖို႔ ရည္ရြယ္ျပီး Tidal ဟာ အႏုပညာရွင္အမ်ားအျပားကို ကမ္းလွမ္းခဲ့ျပီး တျခား အႏုပညာရွင္ေတြ ျဖစ္တဲ့ Madonna၊ Rihanna၊ Daft Punk၊ Kanye West နဲ႔ Jay Z ရဲ့ ဇနီးျဖစ္တဲ့ Beyonce တို႔ဟာလည္း Tidal ရဲ့ တြဲဖက္ပိုင္ဆုိင္သူေတြ အျဖစ္ ရွိေနၾကမွာ ျဖစ္ျပီး Tidal ကို မီဂါစတားေတြနဲ႔ ျပည့္ေနတဲ့ ဘုတ္အဖြဲ႔ ျဖစ္ေစမွာပါ။
Sprint ရဲ့ ရင္းႏွီးျမွဳပ္ႏွံမွုဟာ Tidal ကို ဒီလို လ်င္လ်င္ျမန္ျမန္ တုိးတက္ေနတဲ့ Music Streaming နယ္ပယ္မွာ သူ႔ရဲ့ ျပိဳင္ဘက္ Spotify တို႔၊ Apple တို႔နဲ႔ ျပိဳင္ဆုိင္ရာမွာ အႏုိင္ရဖို႔ အေထာက္အပံ့ျဖစ္ေစမွာ ျဖစ္ပါတယ္။
Credit: အခရာ
(Unicode)
US ရဲ့ စတုတ္ထမြောက်အကြီးဆုံး Telecommunication Company ကြီး Sprint ဟာ Jay Z ရဲ့ Music Streaming Platform ဖြစ်တဲ့ Tidal ရဲ့ ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ Sprint ဟာ သူ့ရဲ့ သုံးစွဲသူတွေကို အမိုက်စား Content တွေနဲ့ ဆွဲဆောင်နိုင်ဖို့ Tidal နဲ့ ပူးပေါင်းလိုက်ပါပြီ။
ဒီလို ပူးပေါင်းမှုရဲ့ ရလဒ်ကတော့ Sprint ရဲ့ Customer တွေအနေနဲ့ Tidal ရဲ့ သီးသန့် ပေးတဲ့ Contents တွေကိုပါ ရရှိမှာပါ။
Sprint ရဲ့ CEO ဖြစ်တဲ့ Marcelo Claure ဟာ Tidal ရဲ့ ဘုတ်အဖွဲ့မှာ ပါဝင်လာမှာ ဖြစ်ပြီး Sprint ဟာ ဒီဝယ်ယူမှုအတွက် $200 million လောက် ပေးခဲ့ရတယ်လို့ သိရပါတယ်။
Tidal မှာ သီချင်းပေါင်း ၄၂ သန်းလောက်ပါဝင်တဲ့ Catalogue ရှိပြီး နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ အသုံးပြုလို့ ရတယ်ဆိုပေမယ့် Spotify နဲ့ Apple က Service ကို သုံးတဲ့ သူတွေထက်တော့ အသုံးပြုသူနည်းပါးပါသေးတယ်။
အကြီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ Spotify ကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး Tidal ဟာ အနုပညာရှင်အများအပြားကို ကမ်းလှမ်းခဲ့ပြီး တခြား အနုပညာရှင်တွေ ဖြစ်တဲ့ Madonna၊ Rihanna၊ Daft Punk၊ Kanye West နဲ့ Jay Z ရဲ့ ဇနီးဖြစ်တဲ့ Beyonce တို့ဟာလည်း Tidal ရဲ့ တွဲဖက်ပိုင်ဆိုင်သူတွေ အဖြစ် ရှိနေကြမှာ ဖြစ်ပြီး Tidal ကို မီဂါစတားတွေနဲ့ ပြည့်နေတဲ့ ဘုတ်အဖွဲ့ ဖြစ်စေမှာပါ။
Sprint ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ Tidal ကို ဒီလို လျင်လျင်မြန်မြန် တိုးတက်နေတဲ့ Music Streaming နယ်ပယ်မှာ သူ့ရဲ့ ပြိုင်ဘက် Spotify တို့၊ Apple တို့နဲ့ ပြိုင်ဆိုင်ရာမှာ အနိုင်ရဖို့ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
Credit: အခရာ
0 comments:
Post a Comment