Earn free bitcoin ေဆးေျခာက္နဲ႕ သူနဲ႕ ခြဲမရဘူး ဒါမွမဟုတ္ရင္ Snoop Dogg | ဗမာရက္ပ္

ေဆးေျခာက္နဲ႕ သူနဲ႕ ခြဲမရဘူး ဒါမွမဟုတ္ရင္ Snoop Dogg


Snoop Dogg လို႕ အမ်ားသိတဲ့ သူနာမည္အရင္းက Calvin Cordozar Broadus Jr ျဖစ္ျပီး ၁၉၇၁ ခုႏွစ္ ေအာက္တိုဘာလ ၂၀ ရက္ေန႕မွာ ေမြးဖြားခဲ့ပါတယ္။ တစ္ခါတစ္ေလ Snoop Doggy Dogg ကို Snoop လုိ႕ အတိုေကာက္ေခၚၾကျပီး Snoop Lion လုိ႕လည္း ေခၚဆိုေလ့ ရိွပါတယ္။ သူရဲ႕ ေမြးရပ္ေျမကေတာ့ Long Beach, California ပဲ ျဖစ္ပါတယ္။ ဂီတႏွင့္ အသက္ေမြး၀မ္းေၾကာင္း ျပဳလုပ္ဖုိ႕ ၁၉၉၂ ခုႏွစ္မွာ စတင္ခဲ့ျပီး စျပီးထိေတြ႕ခဲ့တာက N.W.A ရဲ႕ ဆရာၾကီး Dr.Dre နဲ႕ ျဖစ္ပါတယ္။ ႏွစ္ေယာက္သား ၾကိဳးစားမႈ ရလာဒ္ကေတာ့ Dr.Dre ရဲ႕ The Chronic ဆိုတဲ့ Solo အေခြမွာ Deep Cover ဆုိတဲ့ သီခ်င္းနဲ႕ စျဖဳတ္လာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ Snoop ဟာ  သီခ်င္းအေခြေပါင္း 23 Million အထက္ အထိ အေမရိကား အတြင္းမွာ ေရာင္းခ်ခဲ့ျပီး ျပင္ပမွာေတာ့ 35 Million အထိ ကမၻာကို ျဖန္႕ခ်ီခဲ့ပါတယ္။

၁၉၉၃ ခုႏွစ္မွာ Death Row Records ကေန Doggystyle ဆုိတဲ့ ပထမဆံုး အေခြေလးကို ျဖန္႕ေ၀ခဲ့ျပီး တီးခက္သူကေတာ့ မိတ္ေဆြၾကီး Dr.Dre ပဲ ျဖစ္ပါတယ္။ အဲ့အေခြေလးက Billboard ရဲ႕ အေယာက္ ၂၀၀ ေျမာက္စာရင္းမွာ နံပါတ္ ၁ အေနနဲ႕ ရပ္တည္ခဲ့ျပီး Billboard Top R&B/Hip Hop အေခြမ်ား စာရင္းမွာ ပါ၀င္ခဲ့ပါတယ္။ သူရဲ႕ ဒုတိယေျမာက္အေခြ The Doggfather ကို ၁၉၉၆ ခုႏွစ္မွ ျဖန္႕ေ၀ခဲ့ျပီး ၁၉၉၇ ခုႏွစ္မွာ Double Platinum ကို ရရိွခဲ့ပါတယ္။

Death Row Records ကေန ထြက္ခြာခဲ့ျပီးေနာက္ No Limit Records နဲ႕ ခ်ိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီမွာပဲ Album သံုးခုေလာက္ ထြက္ရိွခဲ့ပါတယ္။ ၁၉၉၈ ခုႏွစ္မွာ Da Games is To be sold, Not to be Told ၊ ၁၉၉၉ ခုႏွစ္မွာ No Limit Top Dogg ႏွင့္ ၂၀၀၀ ခုႏွစ္မွာေတာ့ The Last Meal တို႕ပဲ ျဖစ္ၾကပါတယ္။ ၂၀၀၂ ခုႏွစ္မွေတာ့ EMI Records နဲ႕ ခ်ိတ္ဆက္ခဲ့ပါေသးတယ္။

Snoop ဟာ မိသားစုရဲ႕ ဒုတိယေျမာက္သားျဖစ္ျပီး သူရဲ႕ နာမည္အရင္းကေတာ့ သူ ပေထြးနာမည္ကို ယူထားျခင္း ျဖစ္ပါတယ္။ သူဟာ ငယ္ငယ္ကတည္းက Golgotha Trinity Baptist Church ေက်ာင္းမွာ သီခ်င္းဆိုျခင္း ႏွင့္ ပီယာႏို္ တီးခက္ျခင္းကို ျပဳလုပ္ေလ့ ရိွပါတယ္။ ေျခာက္တန္းေရာက္လာတဲ့အခါမွ ရက္ပ္ရြက္ဆုိျခင္းကို စတင္လာပါေတာ့တယ္။

ဆယ္ေက်ာ္သက္ အရြယ္မွာေတာ့ Snoop ဟာ ဥပေဒနဲ႕ မစိမ္းတဲ့ ျပႆနာ လူငယ္တစ္ဦးအျဖစ္ ရပ္တည္လ်က္ရိွပါတယ္။ သူဟာ Long Beach အေျခစိုက္ Rolling 20 Crips ဆိုတဲ့ Gang အဖြဲ႕ရဲ႕ Member တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္မွေတာ့ သူဟာ အဖြဲ႕က ထြက္ခြာခဲ့ျပီး ဘယ္ေတာ့မွ ျပန္မသြားေတာ့ဖုိ႕ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ သူဟာ ေက်ာင္းျပီးတဲ့အခ်ိန္မွာပဲ ကိုကိန္းေတြ လက္၀ယ္မိခဲ့ျပီး ဖမ္းဆီးခံခဲ့ရပါတယ္။ ၃ႏွစ္အတြင္းမွာ Snoop ဟာ ေထာင္ထဲကို ၀င္လုိက္ ထြက္လုိက္နဲ႕ သူဘ၀ရဲ႕ အခ်ိန္ေတြကိုျဖဳန္းတီးခဲ့ပါတယ္။ အဆုိပါ အခ်ိန္ေတြ လြန္ေျမာက္ျပီးေနာက္ 213 ဆိုတဲ့အဖြဲ႕ေလးကို သူရဲ႕ ညီကို၀မ္းကြဲ Nate Dogg ရယ္ သူငယ္ခ်င္း Warren G ရယ္ Lil ½ Dead တို႕ႏွင့္ ေပါင္းျပီး အေခြၾကမ္းေလးေတြ အိမ္မွာ စသြင္းခဲ့ၾကပါတယ္။ အဲ့အခ်ိန္မွာ 213 ဆုိတာကေတာ့ သူတုိ႕ေနတဲ့ Long Beach ရဲ႕ ဧရိယာကုဒ္ တစ္ခုဆုိလည္း မမွားပါဘူး။

( Unicode )

Snoop Dogg လို့ အများသိတဲ့ သူနာမည်အရင်းက Calvin Cordozar Broadus Jr ဖြစ်ပြီး ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ တစ်ခါတစ်လေ Snoop Doggy Dogg ကို Snoop လို့ အတိုကောက်ခေါ်ကြပြီး Snoop Lion လို့လည်း ခေါ်ဆိုလေ့ ရှိပါတယ်။ သူရဲ့ မွေးရပ်မြေကတော့ Long Beach, California ပဲ ဖြစ်ပါတယ်။ ဂီတနှင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ဖို့ ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့ပြီး စပြီးထိတွေ့ခဲ့တာက N.W.A ရဲ့ ဆရာကြီး Dr.Dre နဲ့ ဖြစ်ပါတယ်။ နှစ်ယောက်သား ကြိုးစားမှု ရလာဒ်ကတော့ Dr.Dre ရဲ့ The Chronic ဆိုတဲ့ Solo အခွေမှာ Deep Cover ဆိုတဲ့ သီချင်းနဲ့ စဖြုတ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ Snoop ဟာ  သီချင်းအခွေပေါင်း 23 Million အထက် အထိ အမေရိကား အတွင်းမှာ ရောင်းချခဲ့ပြီး ပြင်ပမှာတော့ 35 Million အထိ ကမ္ဘာကို ဖြန့်ချီခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ Death Row Records ကနေ Doggystyle ဆိုတဲ့ ပထမဆုံး အခွေလေးကို ဖြန့်ဝေခဲ့ပြီး တီးခက်သူကတော့ မိတ်ဆွေကြီး Dr.Dre ပဲ ဖြစ်ပါတယ်။ အဲ့အခွေလေးက Billboard ရဲ့ အယောက် ၂၀၀ မြောက်စာရင်းမှာ နံပါတ် ၁ အနေနဲ့ ရပ်တည်ခဲ့ပြီး Billboard Top R&B/Hip Hop အခွေများ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ သူရဲ့ ဒုတိယမြောက်အခွေ The Doggfather ကို ၁၉၉၆ ခုနှစ်မှ ဖြန့်ဝေခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ Double Platinum ကို ရရှိခဲ့ပါတယ်။

Death Row Records ကနေ ထွက်ခွာခဲ့ပြီးနောက် No Limit Records နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ Album သုံးခုလောက် ထွက်ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ Da Games is To be sold, Not to be Told ၊ ၁၉၉၉ ခုနှစ်မှာ No Limit Top Dogg နှင့် ၂၀၀၀ ခုနှစ်မှာတော့ The Last Meal တို့ပဲ ဖြစ်ကြပါတယ်။ ၂၀၀၂ ခုနှစ်မှတော့ EMI Records နဲ့ ချိတ်ဆက်ခဲ့ပါသေးတယ်။

Snoop ဟာ မိသားစုရဲ့ ဒုတိယမြောက်သားဖြစ်ပြီး သူရဲ့ နာမည်အရင်းကတော့ သူ ပထွေးနာမည်ကို ယူထားခြင်း ဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ကတည်းက Golgotha Trinity Baptist Church ကျောင်းမှာ သီချင်းဆိုခြင်း နှင့် ပီယာနို တီးခက်ခြင်းကို ပြုလုပ်လေ့ ရှိပါတယ်။ ခြောက်တန်းရောက်လာတဲ့အခါမှ ရက်ပ်ရွက်ဆိုခြင်းကို စတင်လာပါတော့တယ်။


ဆယ်ကျော်သက် အရွယ်မှာတော့ Snoop ဟာ ဥပဒေနဲ့ မစိမ်းတဲ့ ပြဿနာ လူငယ်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ သူဟာ Long Beach အခြေစိုက် Rolling 20 Crips ဆိုတဲ့ Gang အဖွဲ့ရဲ့ Member တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှတော့ သူဟာ အဖွဲ့က ထွက်ခွာခဲ့ပြီး ဘယ်တော့မှ ပြန်မသွားတော့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူဟာ ကျောင်းပြီးတဲ့အချိန်မှာပဲ ကိုကိန်းတွေ လက်ဝယ်မိခဲ့ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ ၃နှစ်အတွင်းမှာ Snoop ဟာ ထောင်ထဲကို ဝင်လိုက် ထွက်လိုက်နဲ့ သူဘဝရဲ့ အချိန်တွေကိုဖြုန်းတီးခဲ့ပါတယ်။ အဆိုပါ အချိန်တွေ လွန်မြောက်ပြီးနောက် 213 ဆိုတဲ့အဖွဲ့လေးကို သူရဲ့ ညီကိုဝမ်းကွဲ Nate Dogg ရယ် သူငယ်ချင်း Warren G ရယ် Lil ½ Dead တို့နှင့် ပေါင်းပြီး အခွေကြမ်းလေးတွေ အိမ်မှာ စသွင်းခဲ့ကြပါတယ်။ အဲ့အချိန်မှာ 213 ဆိုတာကတော့ သူတို့နေတဲ့ Long Beach ရဲ့ ဧရိယာကုဒ် တစ်ခုဆိုလည်း မမှားပါဘူး။


0 comments:

Post a Comment