Snoop Dogg အေၾကာင္း အပိုင္း - ၂
August 21, 2017
No Comments
Broadus (သူနာမည္အရင္း) ဟာ သီခ်င္းေတြ စတင္သြင္းေနခ်ိန္မွာ ရက္ပ္ဆုိတဲ့ သူနာမည္ကို Snoop Doggy Dogg ဆိုျပီး ယူခဲ့ပါတယ္။ Dr.Dre နဲ႕ ၁၉၉၂ ခုႏွစ္မွာ အလုပ္တြဲလုပ္ေတာ့ The Chronic ဆုိတဲ့ Dre ရဲ႕ အေခြထဲက Deep Cover ဆုိတဲ့ သီခ်င္းေလးပဲ ျဖစ္ပါတယ္ တျခားေသာ အားျဖည့္သူကေတာ့ Snoopg စတင္ခဲ့တဲ့ အဖြဲ႕ထဲက Tha Dogg Pound ပဲ ျဖစ္ပါတယ္။
ေလာင္စာလုိ တေျမ့ေျမ့နဲ႕ ေလာင္းကြ်မ္းဖုိ႕ သူဟာ G-Funk အမ်ိဳးအစား သီခ်င္းေတြ ျဖစ္တဲ့ Who Am I ႏွင့္ Gin and Juice ဆုိတဲ့ သီခ်င္းေတြနဲ႕ အေမရိကန္ရဲ႕ Top Ten စာရင္းမွာ လ အေတာ္ၾကာ ေနရာယူခဲ့ပါေတာ့တယ္။ ဆင္ဆာ ခက္ေလာက္တဲ့ အျငင္းအခံုစကားေတြနဲ႕ Gangasta Rap ေတြ ဖန္တီးေလ့ရိွတဲ့ သူဟာ မၾကာခဏ မိန္းမမုန္းတီးတဲ့ ဂီတသမားေတြႏွင့္ ယဥ္ေက်းမႈေတြနဲ႕ မကိုက္ညီမႈေတြ လုပ္ေလ့ရိွပါတယ္။
သူရဲ႕ အမူအက်င့္ေတြနဲ႕ ပတ္သက္ျပီး ေမးခြန္းရိွလာေတာ့ သူေျဖတာကေတာ့ ငါ နဲ႕ ငါ ညီအစ္ကိုဟာ အေမရဲ႕ ထိန္းေက်ာင္းမႈအေပၚ မူတည္သလုိ႕ ငါတုိ႕ လမ္းေပၚမွာ ဘယ္လုိရွင္သန္တယ္ဆုိတာ လည္း ျဖစ္တယ္။ အေမကို ငါေလးစားပင္မယ့္ ငါရဲ႕ ေငြေၾကးေတြကို ကေလးေတြအတြက္ ဟန္ျပအေနနဲ႕ေတာ့ မသံုးခ်င္ဘူး။ ငါက ဘုရားသီခ်င္းေတြ ရက္ပ္အေနနဲ႕ သီဆိုဖုိ႕ မျဖစ္ႏုိင္ပင္မယ့္ ငါစိတ္ထဲမွာေတာ့ ဘုရားကို ယံုၾကည္မႈ အျပည့္ရိွေနပါတယ္။
သူဘ၀အေၾကာင္း အေတာ္မ်ားမ်ား ပါ၀င္တဲ့ Murder Was The Case ဆိုတဲ့ ရုပ္ရွင္အတိုေလးကို ၁၉၉၄ ခုႏွစ္မွ ထြက္ရိွခဲ့ျပီး Soundtrack အေနနဲ႕ ၁၉၉၅ ခုႏွစ္ ဂ်ဳလိႈင္ ၅မွ Doggy Style Records ကေန ထြက္ရိွခဲ့ပါတယ္။ Doggy Style Records က Snoop Dogg ကိုယ္ပိုင္ ျဖစ္ျပီး California Secreatary of Sate မွာ လိုင္စင္ယူခဲ့ပါတယ္။ လိုင္စင္နံပါတ္ကေတာ့ C1923139 ဖစ္ပါတယ္။
၁၉၉၆ ခုႏွစ္မွာ ျဖန္႕ခ်ိခဲ့တဲ့ သူရဲ႕ ဒုတိယအေခြျဖစ္တဲ့ Tha Doggfather ကေတာ့ သူလမ္းေပၚမွာ က်င္လည္ခဲ့ရတဲ့ Gangsta ဘ၀ကို တေစ့တေစာင္း ပါ၀င္ေနပါတယ္။ ၁၉၉၆ ခုႏွစ္မွာပဲ Dr.Dre ဟာ Death Row ရဲ႕ Co-Founder တစ္ဦးျဖစ္တဲ့ Suge Knight နဲ႕ ေဘာင္ခ်ာတက္ျပီး Death Row ကေန ထြက္ခြာသြားပါေတာ့တယ္ အဲဒီအခ်ိန္မွာ Snoop ဟာ သူရဲ႕ အေခြ Tha Doggfather ကို Co-Produced လုပ္ျပီး Daz Dillinger နဲ႕ DJ Pooh တို႕နဲ႕ အလုပ္လုပ္ခဲ့ပါတယ္။
ဒီအေခြဟာ သူရဲ႕ပထမဆံုး ထြက္ရိွထားတဲ့ Doggstyle နဲ႕ ႏိႈင္းယွဥ္မယ္ဆို အေတာ္ကို ကြာျခားသြားပါတယ္။ သူဟာ တမ်ိဳးျပဳျပီး Snoop’s Upside Ya Head ဆုိတဲ့ သီခ်င္းေလးမွာ Gap Band က Charlie Wilson နဲ႕အတူတြဲျပီး အလုပ္လုပ္ခဲ့ပါတယ္။ ဒီ အေခြဟာ ပံုမွန္အားျဖင့္ အဆင္ေျပတယ္ဆုိပင္မယ့္ ပထမထြက္ရိွခဲ့တဲ့ အေခြေလာက္ ေအာင္ျမင္မႈ အေျခအေန သိပ္မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ Tha Doggfather အေခြဟာ G-Funk ပံုစံ အေတာ္ၾကီးကို ပါ၀င္ေနတာေတာ့ က်ိန္းေသပါတယ္။
Dr.Dre ထြက္ခြာျပီးေနာက္ Death Row နဲ႕ Snoop ဟာ အလုပ္မလုပ္ခ်င္ေတာ့ပါဘူး အဓိကအားျဖင့္ Suge Knight နဲ႕ ေရွ႕ဆက္ျပီး မဆက္ဆံခ်င္ေတာ့ပါ။ တစတစ အရိွိန္ျမင့္လာျပီး သူရဲ႕ ထံုးစံအတုိင္းပဲ Fuck Death Row ဆိုျပီး သူရဲ႕ စာခ်ဳပ္သတ္တမ္းျပည့္တဲ့အခ်ိန္မွာပဲ ပြင့္ပြင့္လင္းလင္း ေျပာလိုက္ပါေတာ့တယ္။
( Unicode )
Broadus (သူနာမည်အရင်း) ဟာ သီချင်းတွေ စတင်သွင်းနေချိန်မှာ ရက်ပ်ဆိုတဲ့ သူနာမည်ကို Snoop Doggy Dogg ဆိုပြီး ယူခဲ့ပါတယ်။ Dr.Dre နဲ့ ၁၉၉၂ ခုနှစ်မှာ အလုပ်တွဲလုပ်တော့ The Chronic ဆိုတဲ့ Dre ရဲ့ အခွေထဲက Deep Cover ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ် တခြားသော အားဖြည့်သူကတော့ Snoopg စတင်ခဲ့တဲ့ အဖွဲ့ထဲက Tha Dogg Pound ပဲ ဖြစ်ပါတယ်။
လောင်စာလို တမြေ့မြေ့နဲ့ လောင်းကျွမ်းဖို့ သူဟာ G-Funk အမျိုးအစား သီချင်းတွေ ဖြစ်တဲ့ Who Am I နှင့် Gin and Juice ဆိုတဲ့ သီချင်းတွေနဲ့ အမေရိကန်ရဲ့ Top Ten စာရင်းမှာ လ အတော်ကြာ နေရာယူခဲ့ပါတော့တယ်။ ဆင်ဆာ ခက်လောက်တဲ့ အငြင်းအခုံစကားတွေနဲ့ Gangasta Rap တွေ ဖန်တီးလေ့ရှိတဲ့ သူဟာ မကြာခဏ မိန်းမမုန်းတီးတဲ့ ဂီတသမားတွေနှင့် ယဉ်ကျေးမှုတွေနဲ့ မကိုက်ညီမှုတွေ လုပ်လေ့ရှိပါတယ်။
သူရဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး မေးခွန်းရှိလာတော့ သူဖြေတာကတော့ ငါ နဲ့ ငါ ညီအစ်ကိုဟာ အမေရဲ့ ထိန်းကျောင်းမှုအပေါ် မူတည်သလို့ ငါတို့ လမ်းပေါ်မှာ ဘယ်လိုရှင်သန်တယ်ဆိုတာ လည်း ဖြစ်တယ်။ အမေကို ငါလေးစားပင်မယ့် ငါရဲ့ ငွေကြေးတွေကို ကလေးတွေအတွက် ဟန်ပြအနေနဲ့တော့ မသုံးချင်ဘူး။ ငါက ဘုရားသီချင်းတွေ ရက်ပ်အနေနဲ့ သီဆိုဖို့ မဖြစ်နိုင်ပင်မယ့် ငါစိတ်ထဲမှာတော့ ဘုရားကို ယုံကြည်မှု အပြည့်ရှိနေပါတယ်။
သူဘဝအကြောင်း အတော်များများ ပါဝင်တဲ့ Murder Was The Case ဆိုတဲ့ ရုပ်ရှင်အတိုလေးကို ၁၉၉၄ ခုနှစ်မှ ထွက်ရှိခဲ့ပြီး Soundtrack အနေနဲ့ ၁၉၉၅ ခုနှစ် ဂျုလှိုင် ၅မှ Doggy Style Records ကနေ ထွက်ရှိခဲ့ပါတယ်။ Doggy Style Records က Snoop Dogg ကိုယ်ပိုင် ဖြစ်ပြီး California Secreatary of Sate မှာ လိုင်စင်ယူခဲ့ပါတယ်။ လိုင်စင်နံပါတ်ကတော့ C1923139 ဖစ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ သူရဲ့ ဒုတိယအခွေဖြစ်တဲ့ Tha Doggfather ကတော့ သူလမ်းပေါ်မှာ ကျင်လည်ခဲ့ရတဲ့ Gangsta ဘဝကို တစေ့တစောင်း ပါဝင်နေပါတယ်။ ၁၉၉၆ ခုနှစ်မှာပဲ Dr.Dre ဟာ Death Row ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Suge Knight နဲ့ ဘောင်ချာတက်ပြီး Death Row ကနေ ထွက်ခွာသွားပါတော့တယ် အဲဒီအချိန်မှာ Snoop ဟာ သူရဲ့ အခွေ Tha Doggfather ကို Co-Produced လုပ်ပြီး Daz Dillinger နဲ့ DJ Pooh တို့နဲ့ အလုပ်လုပ်ခဲ့ပါတယ်။
ဒီအခွေဟာ သူရဲ့ပထမဆုံး ထွက်ရှိထားတဲ့ Doggstyle နဲ့ နှိုင်းယှဉ်မယ်ဆို အတော်ကို ကွာခြားသွားပါတယ်။ သူဟာ တမျိုးပြုပြီး Snoop’s Upside Ya Head ဆိုတဲ့ သီချင်းလေးမှာ Gap Band က Charlie Wilson နဲ့အတူတွဲပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဒီ အခွေဟာ ပုံမှန်အားဖြင့် အဆင်ပြေတယ်ဆိုပင်မယ့် ပထမထွက်ရှိခဲ့တဲ့ အခွေလောက် အောင်မြင်မှု အခြေအနေ သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် Tha Doggfather အခွေဟာ G-Funk ပုံစံ အတော်ကြီးကို ပါဝင်နေတာတော့ ကျိန်းသေပါတယ်။
Dr.Dre ထွက်ခွာပြီးနောက် Death Row နဲ့ Snoop ဟာ အလုပ်မလုပ်ချင်တော့ပါဘူး အဓိကအားဖြင့် Suge Knight နဲ့ ရှေ့ဆက်ပြီး မဆက်ဆံချင်တော့ပါ။ တစတစ အရှိန်မြင့်လာပြီး သူရဲ့ ထုံးစံအတိုင်းပဲ Fuck Death Row ဆိုပြီး သူရဲ့ စာချုပ်သတ်တမ်းပြည့်တဲ့အချိန်မှာပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတော့တယ်။
0 comments:
Post a Comment