Earn free bitcoin ျမန္မာလုိဆို ေမာင္ေရခဲ သို႕မဟုတ္ Ice Cube | ဗမာရက္ပ္

ျမန္မာလုိဆို ေမာင္ေရခဲ သို႕မဟုတ္ Ice Cube


လူၾကမ္းၾကီး Ice Cube ရဲ႕ နာမည္အရင္းမွာ O’Shea Jackson Sr ျဖစ္ျပီး ၁၉၆၉ ခုႏွစ္ ဇြန္လ ၁၅ရက္ေန႕မွာ  ေမြးဖြားခဲ့ပါတယ္။ သူဟာ ရက္ပ္သီဆိုသူ တစ္ဦး ျဖစ္ယံုသာမက အခုဆိုရင္ ရုပ္ရွင္ သရုပ္ေဆာင္တစ္ဦး ဆုိလည္း မမွားပါဘူး Hip Hop နဲ႕  ပတ္သက္လုိ႕ သူအသက္ေမြးေက်ာင္း စတင္ခဲ့တာက Cru' in Action လို႔ အမည္ရတဲ့ C.I.A ျဖစ္ျပီး  ေနာက္ပိုင္းမွာေတာ့ Niggaz Wit Attitudes (N.W.A) အဖြဲ႕မွ ပါ၀င္ခဲ့ပါတယ္။ ၁၉၈၉ ခုႏွစ္ ဒီဇင္ဘာမွာေတာ့ သူဟာ N.W.A ကေန ထြက္ခြာခဲ့ျပီး သူဟာ တစ္ဦးထဲ ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ဦးအေနနဲ႕ေရာ ရုပ္ရွင္သရုပ္ေဆာင္ အေနနဲ႕ပါ ျဖစ္တည္လာပါတယ္။ သူရဲ႕ ရုပ္ရွင္ဇာတ္ကားေတြက ၁၉၉၁ ခုႏွစ္မွာ Boyz N The Hood ၊ 1995 ခုႏွစ္မွာ Friday ျဖစ္ျပီး ၂၀၀၂ ခုႏွစ္မွာေတာ့ Barbershop ဆုိတဲ့ ဇာတ္ကားမွာ သရုပ္ေဆာင္ယံုသာမက သူဟာ ဇာတ္ညြန္းေရးသားျခင္းျဖစ္ပါ ပါ၀င္ခဲ့ပါတယ္။

Ice Cube မွာ အစ္ကိုအၾကီး တစ္ေယာက္ရိွျပီး ညီမကေတာ့ သူအသက္ ၁၂ အရြယ္မွာ  အသက္ခံရခဲ့ပါတယ္။ သူရဲ႕ ၀မ္းကြဲညီအစ္ကို တစ္ေယာက္ကေတာ့ Hieroglyphics အဖြဲ႕က Del the Funky Homosapien ျဖစ္ျပီး Gorillaz အဖြဲ႕ႏွင့္ အလုပ္တြဲလုပ္ခဲ့ဘူးတဲ့ ရက္ပ္ပါ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေနာက္ ညီအစ္ကို ၀မ္းကြဲကေတာ့ The Warzone အဖြဲ႕က Kam ပဲ ျဖစ္ပါတယ္။

သူဟာ အသက္ဆယ္ႏွစ္ေက်ာ္ေလာက္မွာ Hip Hop ဂီတအေပၚ စိတ္ပါလာခဲ့ျပီး George Washington Preparatory High School ေက်ာင္းရဲ႕ စာေရးနည္း အခ်ိန္မွာ သူဟာ ရက္ပ္ေတြကို စေရးလာခဲ့ပါတယ္။ သူဟာ ကိုးတန္း ေက်ာင္းသား ဘ၀မွာ သူသူငယ္ခ်င္း Kiddo နဲ႕ ရက္ပ္ေရးသားျခင္း ျပိဳင္ခဲ့ပါတယ္။ ဒီျပိဳင္ပြဲမွာ Ice Cube ႏိုင္ခဲ့ပါတယ္။


အသက္ ၁၆ ႏွစ္မွာ Ice Cube ဟာ N.W.A က ဆရာၾကီး Eazy-E အတြက္ ပထမဆံုး ေရးထားတဲ့  သီခ်င္းကို  ေရာင္းခ်ခဲ့ ပါတယ္။ သူဟာ ရက္ပ္ေတြ ေရးသားေနပင္မယ့္ ေက်ာင္းစာမွာလည္း မညံ့သူ တစ္ဦးပါ ေအရိုဇိုးနားက Phoenix Institute ဆုိတဲ့ ေက်ာင္းမွာ ၁၉၈၇ ခုႏွစ္မွာ စတက္ခဲျပီး ဗိသုကာပံုဆြဲျခင္းကို သင္ယူခဲ့ပါတယ္။ တစ္ႏွစ္အတြင္း ဒီပလိုမာ ဘြဲ႕ရခဲ့ျပီး သူရဲ႕၀ါသနာ ျဖစ္တည္ရာ ရက္ပ္ေတြအတြက္ Los Angeles ကို ျပန္ေရာက္လာပါေတာ့တယ္။ ဒီအခ်ိန္ထိ သူဆီမွာ ရက္ပ္သီဆိုျခင္းနဲ႕ ဘ၀ကို ရပ္တည္ဖုိ႕ မလြယ္ကူေသးေတာ့ ဗိသုကာပညာရပ္ကို ဒုတိယေနရာမွာ ထားျပီး ရုန္းကန္ခဲ့ပါတယ္။

Sir Jinx ဆုိတဲ့ ေဘာဒါတစ္ေဗြနဲ႕ C.I.A ဆုိတဲ့ ရက္ပ္အဖြဲ႕ေလးကို တည္ေထာင္ျပီး သူတုိ႕ဟာ Dr.Dre DJ လုပ္ေပးတဲ့ ပါတီပြဲေတြမွာ ေဖ်ာ္ေျဖခဲ့ပါတယ္။ ဒါေပမယ့္ အဲ့အခ်ိန္ဟာ ခဏေလးပါ မၾကာမွီမွာပဲ Dre က အသံဖမ္းနယ္ပယ္က World Class Wreckin’ Cru ဆိုတဲ့ အဖြဲ႕နဲ႕ အတူ၀င္လာပါေတာ့တယ္။ ဒီအခ်ိန္မွာ Dr.Dre က သတိထားမိေနတာက Ice Cube ဟာ ရက္ပ္ ေရးသားျခင္းဆိုင္ရာ အေတာ့္အသင့္ အလားအလာ ရိွတယ္ဆုိတာကိုပါပဲ။ ကလပ္ေတြမွာ ေဖ်ာ္ေျဖရတုိင္း Dre က အျမဲလုိလုိ Ice Cube ကိုပါ ေခၚလာျပီး တစ္ပုဒ္စ ႏွစ္ပုဒ္စ Own Tune ပံုစံေတြ လုပ္ေလ့ရိွပါတယ္။

ဆက္ရန္ရွိွပါေသးတယ္။     
ေရးသားသူ - na-zty


(Unicode)

လူကြမ်းကြီး Ice Cube ရဲ့ နာမည်အရင်းမှာ O’Shea Jackson Sr ဖြစ်ပြီး ၁၉၆၉ ခုနှစ် ဇွန်လ ၁၅ရက်နေ့မှာ  မွေးဖွားခဲ့ပါတယ်။ သူဟာ ရက်ပ်သီဆိုသူ တစ်ဦး ဖြစ်ယုံသာမက အခုဆိုရင် ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဆိုလည်း မမှားပါဘူး Hip Hop နဲ့  ပတ်သက်လို့ သူအသက်မွေးကျောင်း စတင်ခဲ့တာက Cru' in Action လို့ အမည်ရတဲ့ C.I.A ဖြစ်ပြီး  နောက်ပိုင်းမှာတော့ Niggaz Wit Attitudes (N.W.A) အဖွဲ့မှ ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာမှာတော့ သူဟာ N.W.A ကနေ ထွက်ခွာခဲ့ပြီး သူဟာ တစ်ဦးထဲ အောင်မြင်တဲ့ အဆိုတော် တစ်ဦးအနေနဲ့ရော ရုပ်ရှင်သရုပ်ဆောင် အနေနဲ့ပါ ဖြစ်တည်လာပါတယ်။ သူရဲ့ ရုပ်ရှင်ဇာတ်ကားတွေက ၁၉၉၁ ခုနှစ်မှာ Boyz N The Hood ၊ 1995 ခုနှစ်မှာ Friday ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာတော့ Barbershop ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ယုံသာမက သူဟာ ဇာတ်ညွန်းရေးသားခြင်းဖြစ်ပါ ပါဝင်ခဲ့ပါတယ်။

Ice Cube မှာ အစ်ကိုအကြီး တစ်ယောက်ရှိပြီး ညီမကတော့ သူအသက် ၁၂ အရွယ်မှာ  အသက်ခံရခဲ့ပါတယ်။ သူရဲ့ ဝမ်းကွဲညီအစ်ကို တစ်ယောက်ကတော့ Hieroglyphics အဖွဲ့က Del the Funky Homosapien ဖြစ်ပြီး Gorillaz အဖွဲ့နှင့် အလုပ်တွဲလုပ်ခဲ့ဘူးတဲ့ ရက်ပ်ပါ တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက် ညီအစ်ကို ဝမ်းကွဲကတော့ The Warzone အဖွဲ့က Kam ပဲ ဖြစ်ပါတယ်။

သူဟာ အသက်ဆယ်နှစ်ကျော်လောက်မှာ Hip Hop ဂီတအပေါ် စိတ်ပါလာခဲ့ပြီး George Washington Preparatory High School ကျောင်းရဲ့ စာရေးနည်း အချိန်မှာ သူဟာ ရက်ပ်တွေကို စရေးလာခဲ့ပါတယ်။ သူဟာ ကိုးတန်း ကျောင်းသား ဘဝမှာ သူသူငယ်ချင်း Kiddo နဲ့ ရက်ပ်ရေးသားခြင်း ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ Ice Cube နိုင်ခဲ့ပါတယ်။

အသက် ၁၆ နှစ်မှာ Ice Cube ဟာ N.W.A က ဆရာကြီး Eazy-E အတွက် ပထမဆုံး ရေးထားတဲ့  သီချင်းကို  ရောင်းချခဲ့ ပါတယ်။ သူဟာ ရက်ပ်တွေ ရေးသားနေပင်မယ့် ကျောင်းစာမှာလည်း မညံ့သူ တစ်ဦးပါ အေရိုဇိုးနားက Phoenix Institute ဆိုတဲ့ ကျောင်းမှာ ၁၉၈၇ ခုနှစ်မှာ စတက်ခဲပြီး ဗိသုကာပုံဆွဲခြင်းကို သင်ယူခဲ့ပါတယ်။ တစ်နှစ်အတွင်း ဒီပလိုမာ ဘွဲ့ရခဲ့ပြီး သူရဲ့ဝါသနာ ဖြစ်တည်ရာ ရက်ပ်တွေအတွက် Los Angeles ကို ပြန်ရောက်လာပါတော့တယ်။ ဒီအချိန်ထိ သူဆီမှာ ရက်ပ်သီဆိုခြင်းနဲ့ ဘဝကို ရပ်တည်ဖို့ မလွယ်ကူသေးတော့ ဗိသုကာပညာရပ်ကို ဒုတိယနေရာမှာ ထားပြီး ရုန်းကန်ခဲ့ပါတယ်။

Sir Jinx ဆိုတဲ့ ဘောဒါတစ်ဗွေနဲ့ C.I.A ဆိုတဲ့ ရက်ပ်အဖွဲ့လေးကို တည်ထောင်ပြီး သူတို့ဟာ Dr.Dre DJ လုပ်ပေးတဲ့ ပါတီပွဲတွေမှာ ဖျော်ဖြေခဲ့ပါတယ်။ ဒါပေမယ့် အဲ့အချိန်ဟာ ခဏလေးပါ မကြာမှီမှာပဲ Dre က အသံဖမ်းနယ်ပယ်က World Class Wreckin’ Cru ဆိုတဲ့ အဖွဲ့နဲ့ အတူဝင်လာပါတော့တယ်။ ဒီအချိန်မှာ Dr.Dre က သတိထားမိနေတာက Ice Cube ဟာ ရက်ပ် ရေးသားခြင်းဆိုင်ရာ အတော့်အသင့် အလားအလာ ရှိတယ်ဆိုတာကိုပါပဲ။ ကလပ်တွေမှာ ဖျော်ဖြေရတိုင်း Dre က အမြဲလိုလို Ice Cube ကိုပါ ခေါ်လာပြီး တစ်ပုဒ်စ နှစ်ပုဒ်စ Own Tune ပုံစံတွေ လုပ်လေ့ရှိပါတယ်။


ဆက်ရန်ရှှိပါသေးတယ်။    
ရေးသားသူ - na-zty

0 comments:

Post a Comment