[ Zawgyi ]
Saint Pablo Tour ေဖ်ာ္ေျဖပြဲခရီးစဥ္ကို ဖ်က္သိမ္းမႈအတြက္ အာမခံကုမၸဏီက ေဒၚလာ ၁၀ သန္းေပးရန္ ပ်က္ကြက္ခဲ့သည္ဟု ရက္ပ္အဆုိေတာ္ကာေနး၀က္စ္က ေျပာၾကားခဲ့ၿပီး အာမခံကုမၸဏီ Lloyd's ကို ၾသဂုတ္ ၁ ရက္တြင္ ေလာ့စ္အိန္ဂ်လိစ္ဖက္ဒရယ္ တရား႐ံုး၌ အမႈဖြင့္ခဲ့သည္။
အသက္ ၄၀ အရြယ္ရွိ ၀က္စ္ႏွင့္ ၎၏ ကုမၸဏီ Very Good Touring Inc က ယခု အခ်ိန္ထိ ေငြမရရွိေသးေၾကာင္းႏွင့္ အာမခံကုမၸဏီသည္ ရည္ရြယ္ခ်က္ရွိရွိ အခ်ိန္ဆြဲေနေၾကာင္း ေျပာၾကားခဲ့သည္။
လန္ဒန္ရွိ အာမခံကုမၸဏီ Lloyd's သည္ စာခ်ဳပ္ခ်ဳိးေဖာက္ခဲ့သည္ဟု Very Good Touring ကုမၸဏီက စြပ္စြဲခဲ့ၿပီး ေဖ်ာ္ေျဖပြဲ ဖ်က္သိမ္းမႈအတြက္ ထိခိုက္နစ္နာမႈႏွင့္ ေရွ႕ေနေၾကးမ်ားအတြက္ ေဒၚလာ ၉ ဒသမ ၈ သန္း ေတာင္းဆိုခဲ့သည္ဟု အမႈတြဲတြင္ ေဖာ္ျပခဲ့သည္။
၀က္စ္၏ေဆးေျခာက္သံုးစြဲမႈက အာမခံေၾကးအတြက္ ျငင္းဆိုရန္ အေျခခံ အေၾကာင္းအရင္းတစ္ခုျဖစ္ႏိုင္သည္ဟု Lloyd's က သြယ္၀ိုက္ေျပာၾကားခဲ့သည္ဟု Very Good Touring က ထုတ္ျပန္ခဲ့သည္။
ကာေနး၀က္စ္သည္ Saint Pablo Tour ကမၻာလွည့္ေဖ်ာ္ေျဖပြဲ ခရီးစဥ္ကို ဒီဇင္ဘာ ၃၁ ရက္အထိ ျပဳလုပ္ရန္ စီစဥ္ခဲ့ေသာ္လည္း က်န္းမာေရးအေျခအေနေၾကာင့္ က်န္ရွိသည့္ ေဖ်ာ္ေျဖပြဲ ၂၁ ပြဲကို ၿပီးခဲ့သည့္ႏွစ္က ဖ်က္သိမ္းခဲ့သည္။
၀က္စ္သည္ ၿပီးခဲ့သည့္ႏွစ္ ႏို၀င္ဘာတြင္ ကယ္လီဖိုးနီးယား၌ ျပဳလုပ္ခဲ့သည့္ ေဖ်ာ္ေျဖပြဲ၌ ‘ေရြးေကာက္ပြဲတြင္ မဲမေပးခဲ့ေၾကာင္းႏွင့္ မဲေပးျဖစ္ပါက စီးပြားေရးလုပ္ငန္းရွင္ ေဒၚနယ္ထရန္႔၏ ဟုတ္တိုင္းမွန္ရာ ေျပာဆိုမႈကို သေဘာက်ေသာေၾကာင့္ ၎ကို မဲေပးမည္’ ဆိုေသာ စကားေၾကာင့္ ပရိသတ္အံ့အားသင့္ခဲ့ရသည္။ ေဂ်ဇီးက ၎ကိုသတ္ရန္ လူသတ္သမား ငွားရမ္းခဲ့သည္ဆိုေသာ စြပ္စြဲမႈမ်ား အပါအ၀င္ တစ္သမတ္တည္းမဟုတ္ေသာ မွတ္ခ်က္မ်ား ေျပာၾကားခဲ့ၿပီး မၾကာမီ ၀က္စ္သည္ ေဆး႐ံုတြင္ ကုသမႈခံယူခဲ့ရသည္။
၀က္စ္သည္ ပင္ပန္းႏြမ္းလ်မႈေၾကာင့္ ေဖ်ာ္ေျဖပြဲမ်ား ဖ်က္သိမ္းခဲ့သည္ဟု အႏုပညာသတင္းမ်ား ေဖာ္ျပသည့္ TMZ ၀က္ဘ္ဆိုက္က ေဖာ္ျပခဲ့ၿပီး နာရီပိုင္းအၾကာတြင္ ၎သည္ ကယ္လီဖိုးနီးယားတကၠသိုလ္၌ ကုသမႈခံယူေနသည့္ သတင္းထြက္ရွိခဲ့သည္။
[ Unicode ]
Saint Pablo Tour ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းမှုအတွက် အာမခံကုမ္ပဏီက ဒေါ်လာ ၁၀ သန်းပေးရန် ပျက်ကွက်ခဲ့သည်ဟု ရက်ပ်အဆိုတော်ကာနေးဝက်စ်က ပြောကြားခဲ့ပြီး အာမခံကုမ္ပဏီ Lloyd's ကို သြဂုတ် ၁ ရက်တွင် လော့စ်အိန်ဂျလိစ်ဖက်ဒရယ် တရားရုံး၌ အမှုဖွင့်ခဲ့သည်။
အသက် ၄၀ အရွယ်ရှိ ၀က်စ်နှင့် ၎င်း၏ ကုမ္ပဏီ Very Good Touring Inc က ယခု အချိန်ထိ ငွေမရရှိသေးကြောင်းနှင့် အာမခံကုမ္ပဏီသည် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေကြောင်း ပြောကြားခဲ့သည်။
လန်ဒန်ရှိ အာမခံကုမ္ပဏီ Lloyd's သည် စာချုပ်ချိုးဖောက်ခဲ့သည်ဟု Very Good Touring ကုမ္ပဏီက စွပ်စွဲခဲ့ပြီး ဖျော်ဖြေပွဲ ဖျက်သိမ်းမှုအတွက် ထိခိုက်နစ်နာမှုနှင့် ရှေ့နေကြေးများအတွက် ဒေါ်လာ ၉ ဒသမ ၈ သန်း တောင်းဆိုခဲ့သည်ဟု အမှုတွဲတွင် ဖော်ပြခဲ့သည်။
၀က်စ်၏ဆေးခြောက်သုံးစွဲမှုက အာမခံကြေးအတွက် ငြင်းဆိုရန် အခြေခံ အကြောင်းအရင်းတစ်ခုဖြစ်နိုင်သည်ဟု Lloyd's က သွယ်ဝိုက်ပြောကြားခဲ့သည်ဟု Very Good Touring က ထုတ်ပြန်ခဲ့သည်။
ကာနေးဝက်စ်သည် Saint Pablo Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် ကျန်ရှိသည့် ဖျော်ဖြေပွဲ ၂၁ ပွဲကို ပြီးခဲ့သည့်နှစ်က ဖျက်သိမ်းခဲ့သည်။
၀က်စ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ကယ်လီဖိုးနီးယား၌ ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ၌ ‘ရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြောင်းနှင့် မဲပေးဖြစ်ပါက စီးပွားရေးလုပ်ငန်းရှင် ဒေါ်နယ်ထရန့်၏ ဟုတ်တိုင်းမှန်ရာ ပြောဆိုမှုကို သဘောကျသောကြောင့် ၎င်းကို မဲပေးမည်’ ဆိုသော စကားကြောင့် ပရိသတ်အံ့အားသင့်ခဲ့ရသည်။ ဂျေဇီးက ၎င်းကိုသတ်ရန် လူသတ်သမား ငှားရမ်းခဲ့သည်ဆိုသော စွပ်စွဲမှုများ အပါအဝင် တစ်သမတ်တည်းမဟုတ်သော မှတ်ချက်များ ပြောကြားခဲ့ပြီး မကြာမီ ၀က်စ်သည် ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။
၀က်စ်သည် ပင်ပန်းနွမ်းလျမှုကြောင့် ဖျော်ဖြေပွဲများ ဖျက်သိမ်းခဲ့သည်ဟု အနုပညာသတင်းများ ဖော်ပြသည့် TMZ ၀က်ဘ်ဆိုက်က ဖော်ပြခဲ့ပြီး နာရီပိုင်းအကြာတွင် ၎င်းသည် ကယ်လီဖိုးနီးယားတက္ကသိုလ်၌ ကုသမှုခံယူနေသည့် သတင်းထွက်ရှိခဲ့သည်။
ေဖ်ာ္ေျဖပြဲခရီးစဥ္ ဖ်က္သိမ္းမႈႏွင့္ပတ္သက္ၿပီး ကာေနး၀က္စ္က ေဒၚလာ ၁၀ သန္း ရလိုမႈျဖင့္ အာမခံကုမၸဏီကို တရားစြဲ
August 03, 2017
No Comments
0 comments:
Post a Comment