Earn free bitcoin ေနၾကတ္ မႈကို စိုက္ၾကည့္တဲ့ ရက္ပ္အဆိုေတာ္မ်က္လံုးထိခိုက္လို႔ ဂီတေဖ်ာ္ေျဖပြဲ ဖ်က္သိမ္းရ | ဗမာရက္ပ္

ေနၾကတ္ မႈကို စိုက္ၾကည့္တဲ့ ရက္ပ္အဆိုေတာ္မ်က္လံုးထိခိုက္လို႔ ဂီတေဖ်ာ္ေျဖပြဲ ဖ်က္သိမ္းရ



နယူးေယာက္ ရက္ပ္အဆိုေတာ္ဂ်ိဳးဘာဒါစ္က ႀကိဳတင္မသိရွိရတဲ့အေျခအေနေတြေၾကာင့္ သူ႕ရဲ႕လာမယ့္ ဂီတေဖ်ာ္ ေျဖပြဲ အမ်ားအျပားကိုဖ်က္သိမ္းေၾကာင္း မၾကာေသးမီကေၾကညာခဲ့ပါတယ္။ သူက တနလၤာေန႔ ကေနၾကတ္မႈကို မ်က္မွန္အကာအကြယ္မပါဘဲ မ်က္လံုးနဲ႔ စိုက္ၾကည့္ခဲ့ေၾကာင္း တြစ္တာမွာၾကြားဝါခဲ့တဲ့အတြက္ သူ႕ပရိသတ္ေတြက ဘာျဖစ္မွန္းရိပ္စားမိၾကပါတယ္။

ဒီေန႔ ေနၾကတ္တာကိုမ်က္မွန္မပါဘဲၾကည့္တာနဲ႔ပဲ ကြ်န္ေတာ္က ႐ူးေရာလား၊ ကြ်န္ေတာ္ ေနၾကတ္တာကိုၾကည့္ၿပီး တစ္ေန႔လံုး မ်က္လံုးထဲမွာ အေရာင္ေတြျမင္ေနရတယ္၊ ဒါေပမဲ့ ကြ်န္ေတာ္မေသပါဘူး၊ ေနၾကတ္တာ ဒါက ပထမဆံုးအႀကိမ္မဟုတ္ဘူး၊ ကြ်န္ေတာ္တို႔ ဘိုးေဘးေတြမွာ လဲ ေနကာမ်က္မွန္ရွိခဲ့မွာ မဟုတ္ဘူး၊ ေနာက္ၿပီး သူတို႔အားလံုးလဲ မ်က္လံုးမကန္းသြားတာေသခ်ာပါတယ္လို႔ ဂ်ိဳးဘာဒါစ္က ဩဂုတ္ ၂၁ ရက္က တြစ္တာမွာတင္ခဲ့ ပါတယ္။

ေနာက္တစ္ေန႔မွာေတာ့ နယူးေယာက္ အဆိုေတာ္က ႀကိဳတင္မခန္႔မွန္းႏိုင္တဲ့အေျခအေနေတြေၾကာင့္ ကြ်န္ေတာ့္ရဲ႕ကလိဗ္လန္း၊ ရွီကာဂိုနဲ႔ ေတာ္ရန္တိုပြဲအားလံုးကို ဖ်က္သိမ္းလိုက္ပါတယ္လို႔ ေၾကညာခဲ့ပါတယ္။ သူက သူ႕မ်က္ လံုးနဲ႔ ပတ္သက္ၿပီးထုတ္ေဖာ္ေျပာၾကားျခင္းမရွိေပမဲ့ အရင္တြိ ေတြေၾကာင့္ လူေတြကထင္ေၾကးေပးခဲ့ၾကပါတယ္။

ေနာက္ဆံုးမွာေတာ့ အဆိုေတာ္က လူတိုင္းသံသယရွိေနတာကို အတည္ျပဳခဲ့ပါတယ္။ အထူးမ်က္မွန္တပ္ထားတဲ့ သူ႕ပံုကိုအင္စတာဂရမ္မွာ တင္ခဲ့ၿပီး ကြ်န္ေတာ္အခုေန႔ဘက္မွာ ဒါေတြကိုတပ္ထားရမယ္လို႔ ဆရာဝန္ကေျပာတယ္၊ နည္းနည္းစိတ္ညစ္ဖို႔ေကာင္းေပမဲ့ လန္းေတာ့လန္း ပါတယ္လို႔ စာသားတပ္ခဲ့ပါတယ္။ေနၾကတ္ခ်ိန္မွာေနကို စူးစိုက္ၾကည့္ရင္း မ်က္စိလံုးလံုးကြယ္တာမျဖစ္ႏိုင္ေပမဲ့ မ်က္စိစူးတာ၊ မ်က္စိအျမင္ေဝဝါးတာေတြျဖစ္ႏိုင္ပါတယ္။


(Unicode Version)

နယူးယောက် ရက်ပ်အဆိုတော်ဂျိုးဘာဒါစ်က ကြိုတင်မသိရှိရတဲ့အခြေအနေတွေကြောင့် သူ့ရဲ့လာမယ့် ဂီတဖျော် ဖြေပွဲ အများအပြားကိုဖျက်သိမ်းကြောင်း မကြာသေးမီကကြေညာခဲ့ပါတယ်။ သူက တနင်္လာနေ့ ကနေကြတ်မှုကို မျက်မှန်အကာအကွယ်မပါဘဲ မျက်လုံးနဲ့ စိုက်ကြည့်ခဲ့ကြောင်း တွစ်တာမှာကြွားဝါခဲ့တဲ့အတွက် သူ့ပရိသတ်တွေက ဘာဖြစ်မှန်းရိပ်စားမိကြပါတယ်။

ဒီနေ့ နေကြတ်တာကိုမျက်မှန်မပါဘဲကြည့်တာနဲ့ပဲ ကျွန်တော်က ရူးရောလား၊ ကျွန်တော် နေကြတ်တာကိုကြည့်ပြီး တစ်နေ့လုံး မျက်လုံးထဲမှာ အရောင်တွေမြင်နေရတယ်၊ ဒါပေမဲ့ ကျွန်တော်မသေပါဘူး၊ နေကြတ်တာ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး၊ ကျွန်တော်တို့ ဘိုးဘေးတွေမှာ လဲ နေကာမျက်မှန်ရှိခဲ့မှာ မဟုတ်ဘူး၊ နောက်ပြီး သူတို့အားလုံးလဲ မျက်လုံးမကန်းသွားတာသေချာပါတယ်လို့ ဂျိုးဘာဒါစ်က ဩဂုတ် ၂၁ ရက်က တွစ်တာမှာတင်ခဲ့ ပါတယ်။

နောက်တစ်နေ့မှာတော့ နယူးယောက် အဆိုတော်က ကြိုတင်မခန့်မှန်းနိုင်တဲ့အခြေအနေတွေကြောင့် ကျွန်တော့်ရဲ့ကလိဗ်လန်း၊ ရှီကာဂိုနဲ့ တော်ရန်တိုပွဲအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်လို့ ကြေညာခဲ့ပါတယ်။ သူက သူ့မျက် လုံးနဲ့ ပတ်သက်ပြီးထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ အရင်တွိ တွေကြောင့် လူတွေကထင်ကြေးပေးခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အဆိုတော်က လူတိုင်းသံသယရှိနေတာကို အတည်ပြုခဲ့ပါတယ်။ အထူးမျက်မှန်တပ်ထားတဲ့ သူ့ပုံကိုအင်စတာဂရမ်မှာ တင်ခဲ့ပြီး ကျွန်တော်အခုနေ့ဘက်မှာ ဒါတွေကိုတပ်ထားရမယ်လို့ ဆရာဝန်ကပြောတယ်၊ နည်းနည်းစိတ်ညစ်ဖို့ကောင်းပေမဲ့ လန်းတော့လန်း ပါတယ်လို့ စာသားတပ်ခဲ့ပါတယ်။နေကြတ်ချိန်မှာနေကို စူးစိုက်ကြည့်ရင်း မျက်စိလုံးလုံးကွယ်တာမဖြစ်နိုင်ပေမဲ့ မျက်စိစူးတာ၊ မျက်စိအမြင်ဝေဝါးတာတွေဖြစ်နိုင်ပါတယ်။




0 comments:

Post a Comment