Earn free bitcoin ဂန္တ၀င် Rap အဆိုတော်တွေရဲ့  မသေခင် ကြိုတင်ခန့်မှန်းပြောဆိုခဲ့မှုများ ( အပိုင်း ၂ ) | ဗမာရက်ပ်

ဂန္တ၀င် Rap အဆိုတော်တွေရဲ့  မသေခင် ကြိုတင်ခန့်မှန်းပြောဆိုခဲ့မှုများ ( အပိုင်း ၂ )





စကားနောက်တရားပါ ဆိုသလိုပဲ Rap စာသားတွေနဲ့ အင်တာဗျူးကဲ့သို့သော ထုတ်ဖော်ပြောဆိုမှုတွေထဲမှာ ကိုယ့်သေနေ့ကို ခန့်မှန်းပြောဆိုပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ရတဲ့ ဂန္တ၀င် Rapper ကြီးတွေရဲ့  သေဆုံးမှုတွေအကြောင်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

Notorious B.I.G

“I swear to God I feel like death is f—ing calling me” ဆိုတဲ့ စာသား ကို “Suicidal Thoughts” ဆိုတဲ့ သီချင်းထဲမှာ Notorious B.I.G က ရေးသားသီဆိုခဲ့ပါတယ်။
Biggie Smalls ဟာ သေခြင်းတရား နဲ့ပတ်သက်ပြီး တဖွဖွ ပြောနေတတ်သူဖြစ်တဲ့အတွက် ပရိသတ်တစ်ချို့ကတော့ စကားနောက်တရားပါ တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ သူ့ရဲ့  သေဆုံး ခြင်းဟာ သူရေးသားသီဆိုခဲ့တဲ့ သီချင်းတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ထင်မှတ်စရာ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။
သူ့ရဲ့  ပွဲဦးထွက် အယ်လ်ဘမ်ရဲ့  အမည်ကို “Ready to Die” လို့ အမည်ပေးခဲ့သလိုပဲ “Big Poppa” ၊ “Juicy” ၊ “Suicidal Thoughts” အစရှိတဲ့ သီချင်းတွေဟာလည်း သေဆုံးခြင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ တွေကို ရေးသားသီဆိုခဲ့တာကလည်း သံသယ ရှိစရာပါပဲ။
နယူးယော့ခ်မြို့ ၊ ဘရွတ်ကလင်း မြို့နယ် သား Notorious B.I.G ဟာ ၁၉၉၇ ခုနှစ်တုန်းက လော့အိန်ဂျလိစ် မြို့မှာ ကားမောင်းရင်းပစ်ခတ်မှု(Drive-By Shooting) တစ်ခုအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

Proof
“I’m in the club to beef, you gotta murder me there” ဆိုတဲ့ စာသားတွေကို “40 Oz” ဆိုတဲ့ သီချင်းထဲမှာ Proof က ရေးသားသီဆိုခဲ့ပါတယ်။ D12 အဖွဲ့ရဲ့ “40 Oz” ဆိုတဲ့ သီချင်းဟာ Proof သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ထင်ဟပ်စေမှုတွေရှိခဲ့ပါတယ်။
၂၀၀၆ ခုနှစ် ဧပြီ ၁၁ ရက်နေ့က ဒက်ထရွက်မြို့ ၊ 8 Mile လမ်းမှာရှိတဲ့ CCC ကလပ်က ဘလိယက်ခုံမှာ Proof ရဲ့  သေဆုံးမှုဟာ စတင်ခဲ့ပါတယ်။ အတိအကျမသိရပေမယ့် နီးစပ်သူများရဲ့  ပြောကြားချက်အရ Proof ဟာ အဲဒီအချိန်မှာ ယမကာ သောက်သုံးထားမှု မြင့်မား (တရားဝင်သတ်မှတ်ချက်ရဲ့  ၃ ဆ အထိဖြစ်နေ) နေပြီး Keith Bender ဆိုသူနဲ့ စကားများမှုတွေ ဖြစ်ပွားခဲ့တာပါ။
Keith Bender နဲ့ ညီအစ်ကိုတော်စပ်သူ Mario Etherridge က သူတို့ ၂ ယောက်ကြားမှာ ဖြန်ဖြေတဲ့အနေနဲ့ သေနတ် ကို မိုးပေါ်ထောင်ပစ်လိုက်ပေမယ့် Proof က ပြန်လည်တုံ့ပြန်မှု လုပ်ရင်း သေနတ် အချက်ရေများစွာကို ပစ်ခတ်လိုက်ရာမှာ Keith Bender ကို ထိမှန်ပြီး သေဆုံးစေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Proof ဟာလည်း ဦးခေါင်းကို တစ်ချက် နောက်ကျောကို နှစ်ချက် သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့ရပါတယ်။
ဒီလို အဖြစ်အပျက်မျိုးကို Eminem ရဲ့  “Like Toy Soldiers” သီချင်း ဗီဒီယိုထဲမှာလည်း ကြိုတင် ဟောကိန်းထုတ်ထားတာတွေ့ရပါတယ်။ အဲဒီသီချင်းဟာ Eminem ရဲ့  သူငယ်ချင်းတစ်ယောက်ကို တစ်ကယ်သေဆုံးစေခဲ့တဲ့ ဖြစ်ရပ်အကြောင်း သီဆိုထားတာဖြစ်ပြီး ဗီဒီယိုမှာတော့ Proof က ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

Credit >>> BoomBox Of Burma 

0 comments:

Post a Comment