West Coast Hip Hop မောင်းနှင်သူ Dr.Dre
July 25, 2017
No Comments
Dr.Dre…လို့ပြောလိုက်ရင်မြန်မာပြည်Hip Hop ဂီတလောကတင်သာမက Headphone သုံးတတ်ကြတဲ့ လူတိုင်းပါ တော်တော်များများ မကြားဘူးတဲ့လူမရှိသလောက်ပါပဲနော်…သူဟာ
နိုင်ငံတကာHip hop လောကရဲ့ Legendary ဖြစ်ရုံသာမက အမေရိကန်ပြည်ထောင်စုရဲ့ ရှေ့ဆောင်Record producer တယောက်ဆိုလဲဟုတ်ပါတယ်…အဲ့ဒိအပြင် Headphone လောကရဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်
(Enterpreneur)တစ်ဦးဆိုလဲမမှားပါဘူးခင်ဗျာ…ကမ္ဘာကျော် Rapperတွေဖြစ်ကြတဲ့ Snoop Dogg, Eminem,Xzibit, Knoc-turn'al,50 Cent, Kendrick Lamar…စတဲ့ အနုပညာရှင်ပေါင်းမြောက်များစွာကိုလည်းမွေးထုတ်ပေးခဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတယောက်လဲဟုတ်ပါတယ်…
အခု ကျရောက်တဲ့February 18 ရက်နေ့ဟာဆိုရင် သူ့ရဲ့ အသက် 52 နှစ်မြောက်မွေးနေ့ပါပဲ…အဲ့တော့ ကျွန်တော်တို့ လေးစားအားကျအတုယူဖွယ်ကောင်းတဲ့ Dr.Dre ရဲ့သမိုင်းကြောင်းကို တစေ့တစောင်းကြည့်လိုက်ကြရအောင်လားဗျာ…
Dr.Dre ခေါ် Andre Romelle Young ကို အမေရိကန်ပြည်ထောင်စု California ပြည်နယ် Comptonမှာ မိဘနှစ်ပါးဖြစ်တဲ့ Theodore Young နဲ့ Verna Young က မွေးဖွားခဲ့ပါတယ်…သားကြီးသြရသပေါ့ဗျာ…သူ့ father ကြီးက တော့ အပျော်တမ်း R&B အဖွဲ့ဝင်တစ်ယောက်ပါ…အဖေထက်သာတဲ့အတိဇာတ သားတစ်ယောက်မွေးဖွားခဲ့တယ်ပေါ့ဗျာ…
သူမမွေးခင်တစ်နှစ်1964 မှာသူ့ရဲ့မိဘနှစ်ပါးလက်ထပ်ခဲ့ကြပြီးနောက် 1968မှာ သူ့ရဲ့မိဘနှစ်ပါး အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပြီးနောက် 1972မှာကွာရှင်းပြတ်စဲခဲ့ကြပါတယ်… Dr.Dre ဟာ 1976မှာ Junior High School ကျောင်းသားဘဝကို စတင်ခဲ့ရပါတယ်…ဒါပေမဲ့ လမ်းပေါ်လက်နက်ကိုင်ဂိုဏ်း(Gang Violence)တွေရုတ်ရုတ်သဲသဲဖြစ်လာတဲ့အတွက်ကျောင်းပြောင်းရွှေ့တက်ခဲ့ရပါတယ်…
Dr.Dreဟာစာတော်တဲ့ကျောင်းသားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး…သူဟာ 1979မှာ Comptonက Centenial High School ကနေ LA အလယ်ပိုင်းက Fremont High School ကို သင်ယူမှုရမှတ်နည်းခဲ့လို့ ရွှေ့ပြောင်းခြင်းခဲခဲ့ရပါတယ်…Northrop Aviation လေကြောင်းလိုင်းရဲ့ အလုပ်သင်ခေါ်ယူမှု အစီအစဉ်မှာလည်း သူဟာသွားရောက်လျှောက်ထားခဲ့ပေမယ့် အထက်တန်းကျောင်းရမှတ်အဆင့်နည်းခဲ့တဲ့အတွက်အဆင်မပြေခဲ့ပါဘူး…အဲ့ဒီနောက်ပိုင်းမှာတော့သူဟာသူ့ရဲ့လူမှုဘဝနဲ့ပျော်ရွှင်မှုကိုပဲအာရုံစိုက်နေရင်းနဲ့ 1996မှာ နှဖူးစာရွာလည်ပြီး ဇနီးသည် Nicole Youngနဲ့ အိမ်ထောင်ကျခဲ့ပါတယ်…ရင်သွေး ၆ယောက်ထွန်းကားခဲ့ပါတယ်…
Dr.Dreဟာ ကလပ်တစ်ခုမှာ N.W.A က DJ Yella နဲ့တွေ့ဆုံခဲ့ပြီး ဂီတလမ်းကြောင်းပေါ်ကိုစတင်ရောက်ရှိခဲ့ပါတယ်…
1984 မှာKru-Cut Recordsရဲ့ World Class Wreckin' Cru အဖွဲ့ကို စတင်ဝင်ရောက်ခဲ့ပါတယ်…1986 မှာ Ice-Cubeရယ်လို့လူသိများတဲ့ O'Shea Jackson နဲ့တွေ့ဆုံခဲ့ပြီး N.W.A က Eazy-E နဲ့ သူ့ရဲ့Follower West Coast Rapper တစ်ဦးဖြစ်တဲ့ Ice-T တို့ရဲ့ Ruthless Recordz မှာစတင် Audio Engineer စတင်လုပ်ခဲ့ရာက N.W.Aနဲ့ပေါင်းစည်းခဲ့ပါတယ်…သူတို့ရဲ့အပြင်းစားGangsta Rap အမျိုးအစား Fuck tha Policeသီချင်းရဲ့အရှိန်ဟာလူငယ်တွေကြားလွှမ်းမိုးခဲ့တာကြောင့်Ruthless Recordz ကို အမေရိကန်ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ FBI ကသတိပေးစာတစ်စောင်ပေးပို့ခဲ့ရပါတယ်…
1989 မှာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် N.W.A က Ice Cube နှုတ်ထွက်ခဲ့တဲ့နောက်မှာ အဖွဲ့ရဲ့
Efil4zaggin ဆိုတဲ့ Album အသစ်အတွက် သူဟာအရေးပါတဲ့ကဏ္ဍကပါဝင်သီဆိုအသံဖမ်းခဲ့ပါတယ်…အဲ့ဒိအပြင်သူဟာ Ruthless Recordz အတွက်
Eazy-E ရဲ့Eazy-Duz-It,Above the Lawရဲ့ Livin' Like Hustlers,နဲ့
D.O.C ရဲ့ No One Can Do It Better အစရှိတဲ့Albumအမြောက်အများအတွက်အလုပ်လုပ်ပေးခဲ့ပါတယ်…1991မှာEazy-E နဲ့အဆင်မပြေတဲ့နောက်သူ့ရဲ့ ညီအစ်ကိုလို သက်တော်စောင့်လို အားကိုးရတဲ့ D.O.C အဖွဲ့ဝင် Suge Knight ရဲ့ အကြံပေးချက်အရ Ruthless Recordz က နှုတ်ထွက်ခဲ့ပြီး Suge Knight က Dr.Dre နဲ့အတူ Death Row Recordz ကိုတည်ထောင်ခဲ့ပါတယ်…Dr.Dre ကိုသူ့ရဲ့ ပင်တိုင် Artist (flagship artist)တစ်ယောက်အဖြစ် စတင်ထွန်းတောက်စေခဲ့ပါတယ်…1992မှာတော့ သူ့ရဲ့ မအေတူဖအေကွဲ ညီအစ်ကို Warren G ရဲ့မိတိဆက်ပေးမှုနဲ့ Snoop Doggနဲ့ စတင်တွေ့ဆုံပြီး Deep Cover ဆိုတဲ့ ပထမဆုံးသူ့ရဲ့Album သစ်ကိုစတင်အတူတကွသီဆိုအသံသွင်းခဲ့ကြပါတယ်…
Dr.Dre ဟာသူရဲ့ solo album "The Chronic"ကိုထုတ်ဝေခဲ့ပြီးမှာတော့
Snoop Dogg,Kurupt,RBX, Daz Dillinger, Jewelအစရှိတဲ့ Rapperတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ဗျာ…
Nuthin' But a 'G' thang, Let me ride, Fuck wit Dre Day စတဲ့Snoop Doggနဲ့ အတူဆိုခဲ့တဲ့ G-Funk style သီချင်းတွေဟာ Early 90's Hip hop လောကကို လွှမ်းမိုးနိုင်ခဲ့ပါတယ်…1995 မှာ 2Pac ဟာ Dr.Dre ရဲ့ Death Row Recordzနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်…
Snoop Dogg ရဲ့ Doggystyle Albumဟာ Billboard 200 chart မှာ ဗိုလ်စွဲခဲ့ပါတယ်…
1996 မတ်လမှာတော့ သူ့ရဲ့ အလုပ်ရှင် Suge Knight ရဲ့ မရိုးသားမှု အောက်ခြေလွတ်မှုတွေကို စိတ်ပျက်လာခဲ့တဲ့အတွက် Dre ဟာ သူ့ရဲ့ ကိုယ်ပိုင် Aftermath Recordz ကို စတင်ခွဲထွက်တည်ထောင်ခဲ့ပါတယ်…
1996 ခုနှစ် November 26 မှာ Aftermath Solo Album ကို ကိုယ်တိုင်သီဆိုထုတ်ဝေခဲ့ပါတယ်…1999 Nov 16 မှာသူ့ရဲ့ ဒုတိယမြောက် Album ဖြစ်တဲ့ 2001 ကို ထုတ်ဝေဖြန့်ချိရာမှာ အောင်မြင်ခဲ့ပါတယ်… ကမ္ဘာကျော် Rapperတွေဖြစ်လာကြမယ့်Eminem, Snoop Dogg, Ice Cube,Devin the Duke, King T,Xzibit,Defari, Kokane အစရှိတဲ့ မိတ်ဆွေပေါင်းများစွာက Aftermath ကိုဝန်းရံ လက်တွဲသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်…သူတို့အားလုံးကို Aftermath က အောင်မြင်စေခဲ့ပါတယ်…
Dr.Dre ဟာ2000ပြည့်နှစ်မှာ Producer of the Year(Non-classical) Grammy Award ကို ရရှိခဲ့ပါတယ်…သူ့ရဲ့ ညီနောင် Homies တွေဖြစ်တဲ့ Snoop Dogg, Eminem,Ice Cube တို့လဲဆိုင်ရာ ဆိုင်ရာဆုတွေရရှိ အောင်မြင်ခဲ့ကြပါတယ်…
2001 က နေ 2007 ထိမှာ Dr.Dre ဟာ သူ့ရဲ့ solo album 'Detox' ကိုထုတ်ဝေခဲ့တယ်…အခြားသော နာမည်ကျော် Rapperတွေရဲ့ အောင်မြင်တဲ့ Album ပေါင်းမြောက်မြားစွာကိုလဲ ထုတ်ဝေခဲ့ပါတယ်…သူဟာ Grammy ဆုတွေအကြိမ်ကြိမ် အလီလီ ဆွတ်ခူးခဲ့ပြီးနောက်မှာ 2015(သိပ်မကြာသေးခင်ကပဲ)
Straight Outta Compton ရုပ်ရှင်ဇာတ်ကားနဲ့ Compton Album ကို ထုတ်ဝေဖြန့်ချိခဲ့တာ သောက်သောက်လဲ အောင်မြင်မှု ရရှိခဲ့ပါတယ်…သူ့ရဲ့ အောင်မြင်ခဲ့တဲ့ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်တဲ့ Beat by Dr Dre Headphone လုပ်ငန်းဟာဆိုရင်လည်းယနေ့အချိန်ထိ ကမ္ဘာ့နိုင်ငံတိုင်းမှာ သုံးစွဲသူဦးရေ ပေါင်းမြောက်များစွာရှိနေပြီးတော့ ကမ္ဘာကျော်နည်းပညာကုမ္မဏီကြီးApple Inc. ကအမေရိကန်ဒေါ်လာ ၃ ဘီလျံ အကျိုးတူရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဗျား…
0 comments:
Post a Comment